တစ်ခါက ဆရာတစ်ယောက်က သူ့ ရဲ့တပည့်တွေကိုမေးတယ်။
"လူတွေဒေါသဖြစ်ရင် တစ်ယောက်နဲ့ တစ်ယောက် ဘာလို့ စကားကိုအော်ပြောကြတာလဲ" တပည့်ဖြစ်သူတွေအတန်ကြာအောင်စဉ်းစားပြီးမှ တစ်ယောက်က ထဖြေတယ်
"လူတွေဒေါသဖြစ်တဲ့အချိန်မှာ သူတို့ ရဲ့တည်ငြိမ်တဲ့စိတ်တွေပျောက်ဆုံးသွားတာ
ကြောင့်ဖြစ်တယ်။
ဒါ့ကြောင့်သူတို့ တွေဒေါသဖြစ်ရင် စကားကိုအော်ပြောကြတာပါ။"
ဒါနဲ့ ဆရာကြီးကပြန်ပြီးတော့
"ဟုတ်ပြီ.....ဒါဆိုရင်တစ်ယောက်ကိုတစ်ယောက်ကို ဒေါသဖြစ်နေရင်
ချိုသာတဲ့အသံနဲ့ ကောပြောလို့ မရနိုင်ဘူးလား.......?
အကယ်၍ရတယ်ဆိုရင်ကော ဘာလို့ အော်ပြောကြတာလဲ.......? "
ဒီမေးခွန်းကိုလည်းတပည့်ကျော်တွေက ထင်မြင်ချက်(အဖြေ)တစ်ယောက်တစ်မျိုးစီ
ပေးနိုင်ခဲ့ကြပေမယ့် ဆရာကြီးအဖို့ တော့လိုချင်တဲ့အဖြေကိုမပေးနိုင်ခဲ့ကြဘူး။
နောက်ဆုံးဆရာကြီးကမနေနိုင်တော့ သူ့ တပည့်တွေကိုရှင်းပြလိုက်တယ်
" လူတစ်ယောက်ကအခြားတစ်ယောက်ကိုချစ်ခင်မြတ်နိုးတဲ့အချိန်မှာ ဘာတွေဖြစ်လဲ.....?
သူတို့ ကောတစ်ယောက်နဲ့ တစ်ယောက်စကားတွေမပြောကြတော့ဘူးလား......?
ဒီလိုအချိန်မှာသူတို့ နှစ်ယောက်စကားပြောရင် ညင်သာတဲ့စကားသံနဲ့ လေသံသာသာ
ပြောကြပြီး သူတို့ ရဲ့မေတ္တာတရားကို ပိုပြီးခိုင်မြဲစေတယ်........
ပြီးရင်သူတို့ စကားသံတွေတိုးသထက်တိုးပြီး နောက်ဆုံးမှာ
တစ်ယောက်မျက်လုံးတစ်ယောက်ကြည့်တာနဲ့  တစ်ယောက်ကိုတစ်ယောက်
ဘာပြောချင်နေတာလဲဆိုတာ အလိုလိုသိလာကြမယ်.....
ပြီးရင်တစ်ယောက်ကို တစ်ယောက်မမုန်းတတ်အောင်မေတ္တာရှိသွားမယ်.......
ဒါ့ကြောင့် တစ်ယောက်နဲ့ တစ်ယောက်အချင်းများတဲ့အခါဒေါသရှေ့ ထားပြီး
အော်ဟစ်ပြောဆိုနေမယ့်အစား သင့်နှလုံးသားကိုမေတ္တားတရားဖြင့်ကာရံထားလိုက်ပါ။
ပြီးရင် အဲ့ဒီ့အချိန်မှာပြောချင်တဲ့ စကားတွေအားလုံးကိုမေတ္တာတရားတွေကာရံထားတဲ့
သင့်နှလုံးသာထဲကိုပြန်သိမ်းထားလိုက်ပါ။
သူသင်နဲ့ အဝေးဆုံးတစ်နေရာရောက်သွားပါလိမ့်မယ်.......
တစ်နေ့ နေ့ လမ်းမှာပြန်တွေ့ ရင် သူနဲ့ ဝေးကွာနေတဲ့အရာသာကိုသင်သိသွားမှာပါ။"
ZK

No comments:
Post a Comment