မင်္ဂလာပါခင်ဗျား …….ကျွန်တော့် ဆိုက်ဒ်ကို ယောင်ရမ်းပြီးဝင်ရောက်ကြည့်ရှုမိသော သူများအတွက် ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာပြီး လိုရာဆန္ဒပြည့်စုံနိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။ ဤဆိုက်ဒ်တွင် ပအိုဝ်းလူမျိုးအကြောင်းကိုစိတ်ဝင်စားသူများ၊ပအိုဝ်းလူမျိုးကိုချစ်မြတ်နိုးသောသူများအတွက် ပအိုဝ်းလူမျိုး၏ သမိုင်းကြောင်း၊ ယဉ်ကျေးမှုထုံးစံ၊ ဘာသာစကားပြောဆိုမှု၊ ပွဲတော်များ၊ အစားအစာများနှင့် အခြားဗဟုတုတများကို တတ်နို်င်သရွေ့တင်ပြပေးသွားမည်ဖြစ်ပါတယ်။
Blogger Tips and TricksLatest Tips And TricksBlogger Tricks

Showing posts with label General Knowledge. Show all posts
Showing posts with label General Knowledge. Show all posts

Friday, October 16, 2020

" ကပ္ပယ်အိတ် "




" ကပ္ပယ်အိတ် "
***************
တစ်နေ့ကပေါ့ တောင်ငူ ညောင်ကိုင်းတက္ကသိုလ်က
ပထမနှစ် ကျောင်းသူလေးနှစ်ယောက် ကျနော်စာအုပ်
ဆိုင်ကို လာရောက်စာအုပ်ငှါးကြတယ် ။

ကလေးမတစ်ယောက်ကအခြားတစ်ယောက်ကိုမေး
တယ် " မီးမီး နင် ကပ္ပယ်အိတ်ဆိုတာသိလား?  " တဲ့
" သိဘူးဟယ် " ဟိုဦးကိုမေးကြည့်ပါလား?
" ဦး ကပ္ပယ်အိတ်ဆိုတာ ဘာကိုပြောတာလည်းဟင် " 

ဟိုက် သေပီဆရာ -  ငါဘယ်လိုပြောရမလည်း  ?
လှန်ပြလို့ကလည်းမဖြစ် ----
တော်သေးတာပေါ့ စာလေးဘာလေးဖတ်ထားလို့

" ဒီလိုကွဲ့ စမီးတို့ရဲ့ ဟိုးအရင် ဘိုးတော်ဘုရားမင်း
လက်ထက်တုန်းက ညီလာခံမှာ ဘိုးတော်ဘုရားမင်းက
ပုလ္လင်ပေါ်မှာထိုင်နေတာ အောက်စကလွတ်နေသတဲ့
အဲ့တော့ပေါ်နေတာပေါ့ ( အဲ့ဒီအချိန်တုန်းက ယွကျားများ
သည် အတွင်းခံ( သို့မဟုတ်) ဘောင်းဘီများ မဝတ်ကြပါ)
အာ့ကို အမတ်တွေကမြင်သတဲ့ ဒါပေမဲ့ မလျှောက်ဝံ့တာ
ကြောင့် အမတ်ကြီး ဦးပေါ်ဦးကိုမေးငေါ့ပြီးမျက်စပြစ်ပြ
သတဲ့ ဒါနဲ့ ဦးပေါ်ဦးလည်းသိသွားပြီးလျှောက်တင်သတဲ့

" မှန်လှပါ အရှင်ဘုရားရဲ့ဘုန်းတော်ကြောင့် ပြည်ကြီး
တံဆိပ် ကပ္ပယ်အိတ်ဟာဖြင့် ဖုံး၍မလုံ နေပူဆာ လှုံနေ
ကြောင်းပါဘုရား " လို့လျှောက်လိုက်တော့ ဘုရင်ကြီး
လည်းအောက်ငုံ့ကြည့်ကာ ဟာပေါ်ဦးရာ ပေါ်ရင်ပေါ်
တယ်ပြောစမ်းပါဟုရယ်ပြီးပြောသတဲ့ ။

အဲ့တော့မှကျောင်သူကလေးမတွေ သဘောပေါက်သွား
ပြီး ပြုံးစိပြုံးစိနဲ့ရှက်ကိုးရှက်ကန်းနဲ့တခစ်ခစ်နဲ့ ရယ်ပြီးပြန်သွားတယ် ။
အဲ့ဒါကြောင့် စာဖတ်ကြပါ သယ်ရင်းတို့ မြန်မာဖြစ်ပြီး
မြန်မာ ဝေါဟာရတွေကိုမသိရင် ဘယ်လောက်ရှက်စရာ
ကောင်းသလည်း?  

#Kaung

                                           

ပအိုဝ်းခမ်းတန်မှ တင်ထားသော ပို့စ်များကို အားပေးမှုအတွက် ကျေးဇူးတင်ပါတယ်။ like...လုပ်ပြီး member ...ဝင်ပေးခြင်းဖြင့် ဆက်လက်အားပေးပါဦး။ ပအိုဝ်းခမ်းတန် ..............ကျေးဇူးတင်ပါသည်.................

Wednesday, August 14, 2019

ဗုဒ္ဓဘာသာ မြန်မာနိုင်ငံတော်ဘာသာ ဖြစ်လာပုံ သမိုင်းအကျဉ်း





နိုင်ငံတော်ဘာသာနေ့(၀ါခေါင်လပြည့်)
၁၅.၈.၂၀၁၉ (ကြာသပတေးနေ့)
🌿🌿🌿🌿🌿🌿🌿🌿🌿

ဗုဒ္ဓဘာသာ မြန်မာနိုင်ငံတော်ဘာသာ ဖြစ်လာပုံ သမိုင်းအကျဉ်း
🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸

နိုင်ငံတော်ဘာသာပြဋ္ဌာန်းခဲ့သည့်နေ့ရက်
-----------------------------------------
၁၃၂၃ ခုနှစ် ၀ါခေါင်လပြည့်
(1961 ခုနှစ် ဩဂုတ်လ 26 ရက် ) စနေနေ့

နိုင်ငံတော် ဘာသာ ပြဋ္ဌာန်းသည့်ဥပဒေ
---------------------------------------
နိုင်ငံတော်ဘာသာ ပြဋ္ဌာန်းသည့်ဥပဒေ၁၉၆၁ ခုနှစ်၊ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြခံဥပဒေ (တတိယပြင်ဆင်ချက်) အက်ဥပဒေ
ပုဒ်မ ၂၁၊ ပုဒ်မခွဲ ၁ အစား ထည့်သွင်းရမည့်စာသား
ပုဒ်မခွဲ (၁) ဗုဒ္ဓဘာသာ သာသနာတော်သည်
နိုင်ငံတော်၏ နိုင်ငံသားအများဆုံး
ကိုးကွယ်ရာဘာသာကြီး ဖြစ်သည့်အားလျော်စွာနိုင်ငံတော်ဘာသာ သာသနာဖြစ်စေရမည်။

Wednesday, April 27, 2016

ဆရာဆိုတဲ့ အဓိပ္ပာယ်



ဆရာဆိုတာ အင်္ဂလိပ်လိုခေါ်ရင် Teacher ဆိုတာတော့ အားလုံးသိပြီးဖြစ်မှာပါ။ ဒါပေမယ့် တကယ်တော့ Teacher ဆိုတဲ့ စာလုံးဖြစ်လာတာဟာ စာလုံးများစွာရဲ့ အစစကားလုံးလေးတွေ ပေါင်းထားတာပါ။
T = teaching
E = education
A = active
C = clever
H = honest
E = expert
R = research minded အဲဒီအချက်တွေထဲက တစ်ချက်တလေကျန်ခဲ့ရင် Teacher ဖြစ်မှာမဟုတ်တော့ပါ။ ဒါကြောင့် စာလုံးတစ်လုံးစီကို အကျယ်ဖွင့်ကြည့်ကြပါစို့။

Wednesday, April 20, 2016

ဦးသန့်  အကြောင်း

ဦးသန့်  အကြောင်း
**************

မြန်မာနိုင်ငံ ဧရာဝတီတိုင်း၊ ပန်းတနော်မြို့ မြေပိုင်ရှင်၊ ဆန်စက် ပိုင်ရှင် အဖ ဦးဖိုးနှစ်၊ အမိ ဒေါ်နန်းသောင်း တို့ က ၁၉ဝ၉ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက်နေ့တွင် မွေးဖွားသည်။ မွေးချင်း ၄ ဦး ရှိသည်။ ပန်းတနော်မြို့ဆရာကြီး ဦး ဘဟန် မြန်မာကျောင်းကို ဦးသန့် အသက် ၅ နှစ် အရွယ်တွင် စတင် တက်ရောက် ပညာ သင်ကြားသည်။ အ င်္ဂ လိပ် – မြန်မာ နှစ်ဘာသာသင်

စိတ်ဓါတ်ခွန်အားဖြစ်စေသော #အတွေးအခေါ်များ။ Motivation Quote

စိတ်ဓါတ်ခွန်အားဖြစ်စေသော #အတွေးအခေါ်များ။ Motivation Quote
----------------------------×××××××××××---------------------------------

၂၀၁၆ နှစ်သစ်မှာ စိတ်သစ်၊ လူသစ်၊ ဘ၀သစ်ကို ဖန်တီးနိုင်စေဖို့ Motivation အသစ်များ ရရှိနိုင်ပါစေ ....... လူတစ်ယောက်ဟာ စိတ်ဓါတ်တက်ကြွနေတယ်၊ အလုပ်တွေလုပ်နေတယ်၊ ကြိုးစားနေတယ်ဆိုရာမှာ နောက်ကွယ်မှ အားတွေလိုအပ်ပါတယ်။ ဒီအတွက် မိမိစိတ်ကို အမြဲတမ်းတက်ကြွစေတဲ့ အတွေးတွေ၊ အသိပညာတွေက ဦးဆောင်ပေးနိုင်ပါလိမ့်မယ်။

Sunday, April 17, 2016

အနေအထိုင် အေးဆေးသူတွေရဲ့ လျှို့ဝှက် (၇)

အနေအထိုင် အေးဆေးသူတွေရဲ့ လျှို့ဝှက် (၇) =

၁ - သူများထက်ခင်တတ်တယ်

အနေအေးပေမဲ့ သူတို့ကို အရမ်းခင်တယ်လို့ ခံစားရပြီး သူတို့ကလည်း အရမ်းခင်တယ့်လူဆို စကားတွေ အများကြီးပြောပါတယ်။

၂ - သူများထက်ပိုသိ၊ ဒါပေမဲ့ မပြော

သူတို့က လူတွေနဲ့ဆက်ဆံတဲ့ အခါ လေ့လာစောင့်ကြည်နေသူတွေဖြစ်ပါတယ်။ စကားတွေအများကြီး

Saturday, April 16, 2016

" ရွှေတိဂုံစေတီတော် သမိုင်း"

" ရွှေတိဂုံစေတီတော် သမိုင်း"
--------------------------------

နှစ်ဆန်းတစ်ရက်နေ့ မင်္ဂလာရှိသော နေ့သစ်လေး တစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေ။ သတ္တဝါ အားလုံး ကိုယ်၏ ကျန်းမာခြင်း စိတ်၏
ချမ်းသာ ခြင်းနဲ့ ပြည့်စုံကြပါစေ လို့ မိုမိုလေး မိသားစုမှ ဆုမွန်ကောင်း
တောင်းလိုက်ပါတယ်။
..<3 p="">
 မြန်မာနိုင်ငံသို့ ဗုဒ္ဓသာသနာတော်ကို

စိတ်ဖိစီးမှု့တွေများလာတဲ့အခါ....

စိတ်ဖိစီးမှု့တွေများလာတဲ့အခါ....

အလုပ်ကြောင့်ဖြစ်စေ... မိသားစုအရေးကြောင့်ဖြစ်စေ...
ငွေကြေးကြောင့်ဖြစ်စေ....

စိတ်ဖိစီးမှု့တွေရှိလာကိုလူတိုင်းကြုံဖူးမှာပါ...

များသောအားဖြင့်တော့ ကျွန်တော်တို့ဟာ စိတ်ဖိစီးမှု့ တွေကို မခံနိုင်ကြဘူးဗျ....
ဒါကြောင့် နောက်ဆက်တွဲ အနေနဲ့ စိတ်ညစ်တာတွေ စိတ်ဓာတ်ကျတာတွေဖြစ်လာတာပေါ့.....

Friday, April 15, 2016

ကိုယ့်ဒူးကိုယ်ချွန် အောင်မြင်ဖို့ နည်းလမ်း (၁၀)ခု

ကိုယ့်ဒူးကိုယ်ချွန် အောင်မြင်ဖို့
နည်းလမ်း (၁၀)ခု
**********************

ကိုယ့်ထူးကိုယ်ချွန်ပြီး သူဌေးတစ်ယောက်ဖြစ်ဖို့ကို လွယ်မယ်ထင်ပါသလား။ မလွယ်ပေမယ့်
ဒီလိုနည်းနဲ့ သန်းကြွယ်သူဌေးဖြစ်လာခဲ့တဲ့သူတွေ တကယ်ရှိပါတယ်။

သင်ကိုယ်တိုင်လည်း ကိုယ်ထူးကိုယ်ချွန် သူဌေးတစ်ယောက်ဖြစ်ချင်တယ်ဆိုရင်

အောင်မြင် ချင်တယ်ဆိုရင်.

အောင်မြင် ချင်တယ်ဆိုရင်.
===================

သိပ္ပံပညာရှင်ကြီး တစ်ဦးအား မီဒီယာတွေက အင်တာဗျူးတယ်။
ဆရာ ဘာကြောင့် ဒီလောက်ထိ အောင်မြင် နေရပါသလဲပေါ့။
ဒီတော့ သူက ပြန်ဖြေတယ် အဲဒါ ကျွန်တော် တော်လို့ မဟုတ်ဘူးတဲ့။ ကျွန်တော့် မိဘတွေကြောင့်လို့ ပြန်ဖြေလိုပါတယ်။

Wednesday, April 13, 2016

အောင်မြင်သူတိုင်းတွင် တူညီစွာ တွေ့ရှိရသော အချက်များ

အောင်မြင်သူတိုင်းတွင် တူညီစွာ
တွေ့ရှိရသော အချက်များ
---------------------------------

၁။ အိပ်မက်ကြီးကြီးမက်ပါ (Big Dream/ Think Big)

အိပ်မက်သည် အောင်မြင်ကျော်ကြားသူများကို မွေးဖွါးပေးနိုင် စွမ်း၏။
A dream enables to give a birth an extraordinary person.

မျက်မှောက်ခေတ်၏ ကမ္ဘာ့စင်မြင့်ပေါ်မှ အောင်မြင်ကျော်ကြား လူသိများသော စတိပ်ဂျော့၊ ဘီးဂိတ်လ်၊ ဂျက်မ စသော ပုဂ္ဂိုလ်များသည် အိပ်မက်ကြီးကြီးမက်တတ်သူများ ဖြစ်သည်။ ထိုအိပ်မက်များကပင် တဖန် သူတို့ကို မွေးဖွါးပေးလိုက်ခြင်းလည်း ဖြစ်သည်။

Tuesday, April 12, 2016

သင့်ရုပ်ရည်နဲ့ပတ်သက်ပီးစိတ်ညစ်နေပါသလား..?

#သင့်ရုပ်ရည်နဲ့ပတ်သက်ပီးစိတ်ညစ်နေပါသလား..?

ဒါဟာသင့်ဘဝမှာအရေးပါတဲ့ကိစ္စမဟုတ်ပါဘူး၊သင့်ထက်ရုပ်ဆိုးသောသူတွေ လူမှု ရေး၊အချစ်ရေး၊အိမ်ထောင်ရေးတွေမှာ ပျော်ရွှင်နေကြတာတွေ သင့်ပတ်ဝန်းကျင်
မှာ သင်တွေ့ဖူးမှာပါ။

Monday, April 11, 2016

မနူဟာမင်းသမိုင်းရဲ့ အစွန်းအစနှစ်ခုအဆိုကို ဆွဲထုတ်ကြည့်ခြင်း

မနူဟာမင်းသမိုင်းရဲ့ အစွန်းအစနှစ်ခုအဆိုကို ဆွဲထုတ်ကြည့်ခြင်း
************************************************

(ဝေဖန် ဆန်းစစ် သုံးသပ်နိုင်ဖို့ပါ)
#ပထမ မြန်မာနိုင်ငံတော်နဲ့ ဗမာဗုဒ္ဓဘာသာရဲ့အစ

ပထမ မြန်မာနိုင်ငံတော်ကြီးကို အနော်ရထာ (၁၀၁၄-၁၀၇၇) က ခရစ် တော်ပေါ်ပြီး ၁၁ ရာစုမှာ တည်ထောင်ခဲ့ပါတယ်။ သုဝဏ္ဏဘုမ္မိ သထုံ (မွန်) မင်းဆက်တွေက ခရစ်တော်မပေါ်မီ ၄ ရာစု ကတည်းက အနော်ရထာဘုရင်က သထုံမင်း

Saturday, April 9, 2016

ပအိုဝ်းဘာသာစကားမှ ဆင်းသက်လာသော မြန်မာ့ တစ်ဆယ့်နှစ်လရာသီ အခေါ်အဝေါ်များ

ပအိုဝ်းဘာသာစကားမှ ဆင်းသက်လာသော မြန်မာ့ တစ်ဆယ့်နှစ်လရာသီ အခေါ်အဝေါ်များ

(၁) ပထမလ (တခူးလ)

ပထမဦးဆုံးသော လအမည်ကို (တာကူလာ) ဖြစ်သည်။ ပအိုဝ်းဘာသာစကားအရ "တာ" သည် အချိန်ကာလဖြင့် အစပထမဦးဆုံး၊ ကိန်းဂဏန်းအားဖြင့် တစ်(၁)ဟု ဆိုလိုသည်။ " ကူ " သည် ကူးပြောင်းခြင်းဖြစ်သည်။ " လာ " သည် လဖြစ်သည်။ နှစ်ဟောင်းကုန်၍ နှစ်သစ်သို့ကူးသောလကို ဆိုလိုပါသည်။

Friday, April 8, 2016

သင်တန်းမတတ်ပဲ အလွယ်ဆုံး အင်္ဂလိပ်စာ လေ့လာနည်း ...

သင်တန်းမတတ်ပဲ အလွယ်ဆုံး အင်္ဂလိပ်စာ လေ့လာနည်း ...

#ပထမလ

ပထမ ၇ ရက်
၁) Myanmar to English dictionary တစ်အုပ်ဒေါင်းပါ ဖုန်းထဲထည့်ထားပါ။
၂) မိုးလင်းမိုးချုပ် မျက်စိရှေ့ မြင်မြင်သမျှ အရာဝထ္ထုတိုင်း အင်္ဂလိပ်လို ဘယ်လိုခေါ်လဲစဉ်းစားပါ။ မသိပါက Dictionary ထဲရှာပြီး အလွတ်ကျတ်ပါ။

Monday, April 4, 2016

လူသားအရင်းအမြစ် စိန်ခေါ်မှုများ

လူသားအရင်းအမြစ် စိန်ခေါ်မှုများ
===========================

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ ဧပြီလ (၄) ရက်
ကျွန်တော်တို့ မြန်မာနိုင်ငံဟာဆိုရင် စစ်အစိုးရအုပ်ချုပ်ရေးစနစ်မှ အများပြည်သူအုပ်ချုပ်ရေးစနစ်လို့ခေါ်တဲ့ ဒီမိုကရေစီစနစ်ဆီကို ၂၀၁၀ ခုနှစ်၊ နိုဝင်ဘာလ(၇)ရက်နေ့မှာ အောင်အောင်မြင်မြင်နဲ့ ကူးပြောင်းနိုင်ခဲ့ပါတယ်။

သွားလိုရာသွားပါ​တော့


ပအိုဝ်းခမ်းတန်မှ တင်ထားသော ပို့စ်များကို အားပေးမှုအတွက် ကျေးဇူးတင်ပါတယ်။ like...လုပ်ပြီး member ...ဝင်ပေးခြင်းဖြင့် ဆက်လက်အားပေးပါဦး။ ပအိုဝ်းခမ်းတန် ..............ကျေးဇူးတင်ပါသည်.................

သူသိပါ​စေ

အရမ်းချစ်တတ်တဲ့ ယောက်ျားလေးဆိုတာ

ဘယ်သွားမှာလဲ
သူငယ်ချင်းမိန်းကလေးအဖော်ပါရဲ့လား
ညမနက်စေနဲ့ ဆိုပြီး သဝန်တိုစိတ်နဲ့ အမြဲမှာတတ်တဲ့သူပါ ....

ဂရုစိုက်တဲ့ ယောက်ျားလေးဆိုတာ

ဒီနေ့ဘာရောင်လေး ဝတ်ထားလဲ
ငရုပ်သီးတွေအရမ်းမစားနဲ့နော်
ပြန်ရောက်တာနဲ့ဖုန်းဆက်နော်လို့
စိတ်မချတဲ့ စိတ်နဲ့ အမြဲမှာတတ်တဲ့သူပါ ....

Sunday, April 3, 2016

သနပ်​ဖက်

ပအိုဝ်းအမျိုးသားတို့နေထိုင်ရာဒေသထွက် သနပ်ဖက်အကြောင်း
**********************************************

ဆေးပေါ့လိပ်အစ သနပ်ဖက်ကဆိုရမည်ဖြစ်တဲ့အတိုင်း သနပ်ဖက်မပါရင်
ဆေးပေါ့လိပ်လို့ဆိုရတော့မလိုလိုဖြစ်နေပါသည်..။ ဆေးပေါ့လိပ် ဆေးပြင်း
လိပ်ဖြစ်သွားရသည်က သနပ်ဖက်ကြောင့်မဟုတ်။ အထဲမှာလိပ်ထည့်ထားသည့်
ဆေးအားလျော်စွာ ဖြစ်လာရခြင်းဖြစ်သည်..။

ချမ်းသာအောင် ဈေးရောင်းနည်း

ချမ်းသာအောင် ဈေးရောင်းနည်း
----------

အရင်းနှီးဆုံး မိတ်ဆွေတွေရယ် မိသားစုဝင်တွေရယ်ကို ဈေးရောင်းရင် ခင်ဗျား ဘယ်လောက်နဲ့ ရောင်းရောင်း သူတို့စိတ်ထဲမှာ ခင်ဗျားသည် သူတို့ ငွေကို ယူနေပါတယ် လို့ပဲ မြင်တယ်။ ခင်ဗျား ဘယ်လိုပဲ ဈေး အသက်သာ ဆုံး ထားပေး ထားပေး သူတို့အနေနဲ့ ဒါကို ကျေးဇူး တင် အသိအမှတ်ပြုလိမ့်မယ်မထင်နဲ့။