မင်္ဂလာပါခင်ဗျား …….ကျွန်တော့် ဆိုက်ဒ်ကို ယောင်ရမ်းပြီးဝင်ရောက်ကြည့်ရှုမိသော သူများအတွက် ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာပြီး လိုရာဆန္ဒပြည့်စုံနိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။ ဤဆိုက်ဒ်တွင် ပအိုဝ်းလူမျိုးအကြောင်းကိုစိတ်ဝင်စားသူများ၊ပအိုဝ်းလူမျိုးကိုချစ်မြတ်နိုးသောသူများအတွက် ပအိုဝ်းလူမျိုး၏ သမိုင်းကြောင်း၊ ယဉ်ကျေးမှုထုံးစံ၊ ဘာသာစကားပြောဆိုမှု၊ ပွဲတော်များ၊ အစားအစာများနှင့် အခြားဗဟုတုတများကို တတ်နို်င်သရွေ့တင်ပြပေးသွားမည်ဖြစ်ပါတယ်။
Blogger Tips and TricksLatest Tips And TricksBlogger Tricks

Showing posts with label ပအိုဝ်းမှဆင်းသက်​လာပုံ. Show all posts
Showing posts with label ပအိုဝ်းမှဆင်းသက်​လာပုံ. Show all posts

Saturday, April 9, 2016

ပအိုဝ်းဘာသာစကားမှ ဆင်းသက်လာသော မြန်မာ့ တစ်ဆယ့်နှစ်လရာသီ အခေါ်အဝေါ်များ

ပအိုဝ်းဘာသာစကားမှ ဆင်းသက်လာသော မြန်မာ့ တစ်ဆယ့်နှစ်လရာသီ အခေါ်အဝေါ်များ

(၁) ပထမလ (တခူးလ)

ပထမဦးဆုံးသော လအမည်ကို (တာကူလာ) ဖြစ်သည်။ ပအိုဝ်းဘာသာစကားအရ "တာ" သည် အချိန်ကာလဖြင့် အစပထမဦးဆုံး၊ ကိန်းဂဏန်းအားဖြင့် တစ်(၁)ဟု ဆိုလိုသည်။ " ကူ " သည် ကူးပြောင်းခြင်းဖြစ်သည်။ " လာ " သည် လဖြစ်သည်။ နှစ်ဟောင်းကုန်၍ နှစ်သစ်သို့ကူးသောလကို ဆိုလိုပါသည်။