မင်္ဂလာပါခင်ဗျား …….ကျွန်တော့် ဆိုက်ဒ်ကို ယောင်ရမ်းပြီးဝင်ရောက်ကြည့်ရှုမိသော သူများအတွက် ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာပြီး လိုရာဆန္ဒပြည့်စုံနိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။ ဤဆိုက်ဒ်တွင် ပအိုဝ်းလူမျိုးအကြောင်းကိုစိတ်ဝင်စားသူများ၊ပအိုဝ်းလူမျိုးကိုချစ်မြတ်နိုးသောသူများအတွက် ပအိုဝ်းလူမျိုး၏ သမိုင်းကြောင်း၊ ယဉ်ကျေးမှုထုံးစံ၊ ဘာသာစကားပြောဆိုမှု၊ ပွဲတော်များ၊ အစားအစာများနှင့် အခြားဗဟုတုတများကို တတ်နို်င်သရွေ့တင်ပြပေးသွားမည်ဖြစ်ပါတယ်။
Blogger Tips and TricksLatest Tips And TricksBlogger Tricks

Showing posts with label ပအိုဝ်း "တစီးထီ". Show all posts
Showing posts with label ပအိုဝ်း "တစီးထီ". Show all posts

Thursday, April 17, 2014

ပအိုဝ်း "တစီးထီ"

“တစီးထီ” မှာ ပအိုဝ်းစကားဖြစ်၏။ ဆေးရည်ဟု အဓိပ္ပါယ်ရသည်။ အခြားတိုင်းရင်း သားများက ဆေးတော်ဝါး ဟုတင်စားခေါ်ဝေါ်ကြသည်။ တစီးထီသည် ဆေးရည်ဟု အဓိပ္ပါယ်ရသည်ကို ထောက်ခြင်း အားဖြင့် ပအိုဝ်းတိုင်းရင်းသား တို့သည် ဆေးအဖြစ် မှီဝဲ၍ သောက်ကြကြောင်း ထင်ရှားသည်။  ပအိုဝ်းတိုင်း ရင်းသားတို့သည် ဤဆေးစိမ်ရည်ကို မှီဝဲခြင်းအားဖြင့် ဆီးနှင့်ဝမ်းမှန်စေသည်။ အကြောအခြင်ကောင်း စေသည်ဟု ယူဆကြသည်။ အသက်ရှည်စေသည့် အာယုဝမန ဆေးတစ်ပါးဖြစ်သည်ဟု ယူဆကြ၏။