ပြည်ထောင်စုမြန်မာနိုင်ငံတွင် တိုင်းရင်းသားပေါင်းစုံနေထိုင်ကြသည့်အနက် ပအိုဝ်းလူမျိုးများသည် သတ္တမ မြောက်လူဦးရေအများဆုံး လူမျိုးတစ်မျိုးဖြစ်သည်။ ပအိုဝ်းလူမျိုးများသည် ကိုယ်ပိုင်ရိုးရာယဉ်ကျေးမှု၊ စာပေ၊ ဘာသာစကားရှိပြီး အများစုမှာ ဗုဒ္ဓဘာသာကို ကိုးကွယ်ယုံကြည်ကြသည်။ အများအားဖြင့် မြင့်သော တောင်ပေါ်တွင်နေထိုင်ကြသဖြင့် အအေးဒဏ်ကိုကာကွယ်နိုင်ရန်အတွက် အနက်ရောင်နှင့် အပြာရင့်ရောင် ရိုးရာဝတ်ဆင်မှုရှိသည်။