မင်္ဂလာပါခင်ဗျား …….ကျွန်တော့် ဆိုက်ဒ်ကို ယောင်ရမ်းပြီးဝင်ရောက်ကြည့်ရှုမိသော သူများအတွက် ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာပြီး လိုရာဆန္ဒပြည့်စုံနိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။ ဤဆိုက်ဒ်တွင် ပအိုဝ်းလူမျိုးအကြောင်းကိုစိတ်ဝင်စားသူများ၊ပအိုဝ်းလူမျိုးကိုချစ်မြတ်နိုးသောသူများအတွက် ပအိုဝ်းလူမျိုး၏ သမိုင်းကြောင်း၊ ယဉ်ကျေးမှုထုံးစံ၊ ဘာသာစကားပြောဆိုမှု၊ ပွဲတော်များ၊ အစားအစာများနှင့် အခြားဗဟုတုတများကို တတ်နို်င်သရွေ့တင်ပြပေးသွားမည်ဖြစ်ပါတယ်။
Blogger Tips and TricksLatest Tips And TricksBlogger Tricks

Showing posts with label အချိန်ကိုပြန်စားခြင်း. Show all posts
Showing posts with label အချိန်ကိုပြန်စားခြင်း. Show all posts

Wednesday, April 16, 2014

အချိန်ကိုပြန်စားခြင်း

 သင်္ကြန်ဆိုတဲ့ စကားလုံးသည် ပါဠိစာမှဆင်းသက်လာခြင်းဖြစ်ပြီး ပုဒ်အဆင့်ဆင့်ပြောင်းလဲကာ မြန်မာစာ မှမွေးစားထားသော စာစုဖြစ်သည်။ သူ့အဓိပ္ပါယ်ကတော့ ကာလများရွှေ့လျောခြင်းလို့ အဓိပ္ပါယ်ရပါတယ်.. (ပြောင်းလဲလာပုံ အဆင့်ဆင့်ကိုတော့ ကိုးကားစရာမရှိလို့ မဖော်ပြတော့ပါဘူး) နှစ်ဟောင်း များကုန် ဆုံးပြီး နှစ်သစ်ဆီသို့ ပြောင်းလဲသွားခြင်းပဲဖြစ်ပါတယ်.. နှစ်ဟောင်းများကုန်ဆုံးတယ်ဆိုတာ မကောင်း တာတွေ ကုန်သွားတယ်လို့မယူလိုက်ပါနဲ့.. နှစ်သစ်တွေတိုးလာတိုင်း တိုးလာတိုင်း သက္ကရာဇ်တွေ ကြီးလာတိုင်း ကြီးလာတိုင်း ကိုယ့် အသက်တွေလည်း လိုက်ကြီးရသလို ကျန်တဲ့သက်တမ်းတွေက နည်းနည်းသွားရတယ်ဆိုတာ အထင်အရှားမို့ အထွေအထူးတောင် ပြောစရာမလိုတော့ပါဘူး..