
ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်တို့ အများစုရှိရာ နေရာဌာနများတွင် ဗုဒ္ဓမြတ်စွာ ဘုရား၏ဂုဏ်တော် များကို အောက်မေ့ ပူဇော်နိုင်ကြစေရန် စေတီတော်များကို တည်ထား ကိုးကွယ်ကြလေသည်။
ဗုဒ္ဓဘာသာဝင်တို့သည် ကုသိုလ်တရားများ ဖြစ်တည် တိုးပွားကြစေရန် စေတီလေးမျိုးဖြစ်သည့် ဓမ္မစေတီ၊ ဥဒ္ဒိဿစေတီ၊ ဓာတုစေတီ၊ ပရိဘောဂစေတီ များကို တည်ထား ကိုးကွယ်ကြသည်။ နတ်ပြည်တွင် စူဠာမဏိစေတီ၊ ဗြဟ္မာပြည်တွင် ဒုဿစေတီ ဟူ၍ အသီးသီး တည်ထားကြသည်။