မင်္ဂလာပါခင်ဗျား …….ကျွန်တော့် ဆိုက်ဒ်ကို ယောင်ရမ်းပြီးဝင်ရောက်ကြည့်ရှုမိသော သူများအတွက် ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာပြီး လိုရာဆန္ဒပြည့်စုံနိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။ ဤဆိုက်ဒ်တွင် ပအိုဝ်းလူမျိုးအကြောင်းကိုစိတ်ဝင်စားသူများ၊ပအိုဝ်းလူမျိုးကိုချစ်မြတ်နိုးသောသူများအတွက် ပအိုဝ်းလူမျိုး၏ သမိုင်းကြောင်း၊ ယဉ်ကျေးမှုထုံးစံ၊ ဘာသာစကားပြောဆိုမှု၊ ပွဲတော်များ၊ အစားအစာများနှင့် အခြားဗဟုတုတများကို တတ်နို်င်သရွေ့တင်ပြပေးသွားမည်ဖြစ်ပါတယ်။
Blogger Tips and TricksLatest Tips And TricksBlogger Tricks

Showing posts with label ဖြားဗွာ- ဦးလှဖေ အတ္ထုပ္ပတ္တိ အကျဉ်းချုပ်. Show all posts
Showing posts with label ဖြားဗွာ- ဦးလှဖေ အတ္ထုပ္ပတ္တိ အကျဉ်းချုပ်. Show all posts

Sunday, November 24, 2013

ဖြားဗွာ- ဦးလှဖေ အတ္ထုပ္ပတ္တိ အကျဉ်းချုပ်



မွေးဖွားရာဇာတိ -
ပအိုဝ်းအမျိုးသားခေါင်းဆောင်ဖြားဗွာ-ဦးလှဖေသည် သထွုံခရိုင်၊ ဘီးလင်းမြို့နယ်၊ ညောင်ပလ္လင်ရပ် သံပရာပင်ဆိပ်ရွာတွင် ကောဇာ သက္ကရာဇ် (၁၂၇၁) ခုနှစ်၊ တန်းခူးလဆုတ် ()ရက်၊ ခရာဇ် သက္ကရာဇ် (၁၉၁၀)ခုနှစ်၊ မတ်လ(၂၆) ရက်နေ့တွင် အဖ-ဖာဖြားဒွန်း၊အမိ-မွိုးနန်းသီး လယ်သမား မိသားစု မှ ဖွားမြင် လာသူဖြစ်သည်။
ညီအစ်ကို- မောင်နှမများမှာ-
အစ်မ- နင်းစိန်ခင်၊ အစ်ကို- ဖြားလွန်းမောင် တို့ဖြစ်သည်။
အိမ်ထောင်ဆက်များမှာ-
ပထမ အိမ်ထောင်- နင်းဖွားခင် (သထွုံမြို့နယ် တောင်ကြားရွာ) ဒုတိယ အိမ်ထောင်-နင်းမွိုးလွန် (မဲနယ်တောင် လုံးဟီးရွာ) တတိယ အိမ်ထောင်- နင်မွိုးဟုံဗဲ့ (မဲနယ်တောင် စောက္ကဆျား ရွာ) တို့ဖြစ်သည်။
သားသမီးများမှာ-
နင်းအေးကြည် (ယခုရန်ကုန်) ခွန်ဖေသန်း(ကျဆုံး) ခွန်တမောင်(ကျဆုံး) ခွန်ဖိုးတုတ်၊ ခွန်ဖိုးသိန်း() ခွန်စံလွင်(P.N.O) နင်းမီးဒွီး တို့ဖြစ်ကြသည်။
ပညာသင်ယူချိန်-
ခရစ်သက္ကရာဇ် (၁၉၁၆) ခုနှစ်မှ (၁၉၂၁) ခုနှစ် အချိန်ထိ ညောင်ပလ္လင်ရပ်တွင် ပညာသင်ယူပြီး သက္ကရာဇ် (၁၉၂၁) ခုနှစ်အချိန်တွင်သထုံရှိအေဗွီအဆင့်မြင့်ကျောင်းတွင်တွင် ထပ်ဆင့် ပညာသင်ယူခဲ့ လေသည်။ (၁၉၂၄) မှ (၁၉၂၇) ခုနှစ်တွင် မော်လမြိုင်မြို့စိန်ပဲထရစ်” “St Ptrik” မှ အဆင့်မြင့်ကျောင်း တွင် ပညာသင်ယူခဲ့လေသည်။ (၁၉၃၂) ခုနှစ်တွင် ရန်ကုန် တက္ကသိုလ်၌ဘီအက်စ်စီ ဂုဏ်ထူး”(BSc,BL) ဘွဲ့ကိုရယူပြီး (၁၉၃၆)ခုနှစ်၊ အင်္ဂလန်နိုင်ငံ လန်ဒန် တက္ကသိုလ်တွင် ဥပဒေ ပါရဂူဘွဲ့(B.L)ကိုဆွတ်ခူး ရယူခဲ့ သည်။ပအိုဝ်းအမျိုးသားခေါင်းဆောင်ဖြားဗွာဦးလှဖေသည်(B.Sc,BL) ဘွဲ့နှစ်မျိုးကိုဆွတ်ခူးရရှိခဲ့သူဖြစ်သည်။
အင်္ဂလိပ်ခေတ် တိုင်းပြည်တာဝန်ထမ်းဆောင်မှု
သက္ကရာဇ် (၁၉၃၆) ခုနှစ်တွင် တက္ကသိုလ်ဘွဲ့များရရှိခဲ့ပြီးနောက် အင်္ဂလိပ်အစိုးရလုပ်ဆောင်သည့် မဲရွေးချယ်ပွဲတွင် သထုံမှစ၍ မဲဆန္ဒရွေးချယ်ခံရပြီး