မင်္ဂလာပါခင်ဗျား …….ကျွန်တော့် ဆိုက်ဒ်ကို ယောင်ရမ်းပြီးဝင်ရောက်ကြည့်ရှုမိသော သူများအတွက် ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာပြီး လိုရာဆန္ဒပြည့်စုံနိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။ ဤဆိုက်ဒ်တွင် ပအိုဝ်းလူမျိုးအကြောင်းကိုစိတ်ဝင်စားသူများ၊ပအိုဝ်းလူမျိုးကိုချစ်မြတ်နိုးသောသူများအတွက် ပအိုဝ်းလူမျိုး၏ သမိုင်းကြောင်း၊ ယဉ်ကျေးမှုထုံးစံ၊ ဘာသာစကားပြောဆိုမှု၊ ပွဲတော်များ၊ အစားအစာများနှင့် အခြားဗဟုတုတများကို တတ်နို်င်သရွေ့တင်ပြပေးသွားမည်ဖြစ်ပါတယ်။
Blogger Tips and TricksLatest Tips And TricksBlogger Tricks

Showing posts with label ဘာသာရေးကိုးကွယ် ယုံကြည်မှု. Show all posts
Showing posts with label ဘာသာရေးကိုးကွယ် ယုံကြည်မှု. Show all posts

Saturday, March 29, 2014

ဘာသာရေးကိုးကွယ် ယုံကြည်မှု

ပအိုဝ်းတိုင်းရင်းသားများသည် ဗုဒ္ဓဘာသာ စတင်ထွန်းကားရာ သုဝဏ္ဏဘူမိသထုံပြည်မှ ရှမ်းကုန်း ပြင်မြင့် သို့ ရောက်ရှိပြီး ဗုဒ္ဓဘာသာ မျိုးစေ့ကို ဆက်လက် ထိန်းသိမ်းစောင့်ရှောက်လာခဲ့ကြသည်။ ပအိုဝ်းအများစု သည် ဗုဒ္ဓဘာသာကို ကိုးကွယ်ယုံကြည်ကြသည်။ အနည်းငယ်မျှသာ ခရစ်ယာန် ဘာသာကို ကိုးကွယ် ကြသည်။ ကြီးကျယ်ခမ်းနားသော ဘုန်းတော်ကြီးကျောင်းများကို ကျေးရွာတိုင်းတွင် တွေ့ရသည်။ ဘုရား၊ ကျောင်းကန်၊ ဇရပ်စသော သာသနာရေးဆိုင်ရာ အဆောက်အအုံများကို