လူပျိုအပျိုဘဝသည် လူမျိုးတိုင်းတွင် ရှိကြသည်။ ပအိုဝ်းတိုင်းရင်းသားများ တွင်လည်း လူပျိုလှည့်သည့် ဓလေ့ရှိသည်။ လူငယ်များ လူပျိုလှည့်ရာတွင် မိမိရွာတွင်း၌လည်းကောင်း၊ တစ်ဦးချင်းဖြစ်စေ အပေါင်းအသင်းများနှင့် ဖြစ်စေ လှည့်လေ့ရှိသည်။ သူစိမ်းပြင်ပရွာ၌ အပျိုလှည့်လိုလျှင် ကာလသားခေါင်းဆောင်ထံတွင်ဖြစ်စေ၊ ရွာခံကာလသားတစ်ဦးကဖြစ်စေ
