ဗုဒ္ဓဘာသာကို ယုံကြည်ကိုးကွယ်ကြသည့် ပအိုဝ်းလူမျိုးတို့သည်၊ ၀ါဆိုလဆုတ် (၁) ရက်နေ့ညမှ သီတင်းကျွတ် လပြည့်ကျော် (၁) ရက်နေ့အထိကို ၀ါတွင်း (၃) လ ဟု သတ်မှတ်ထားပါသည်။ ၀ါတွင်း (၃) လအတွင်း ဂေါတမ မြတ်စွာဘုရားသည် သာဝတိံသာနတ်ပြည်တွင် သီတင်းသုံးနေထိုင်ပြီး၊ နတ်များကို ဗုဒ္ဓတရားဟောကြား ပေးတော်မူသော အချိန်လည်းဖြစ်သည်ဟု ယုံကြည်လက်ခံကြသည်။
သာဝတိံသာနတ်သားတို့အား တရားတော်များဟောကြားတော်မူပေးပြီးနောက်၊ သီတင်းကျွတ်လပြည့်နေ့၊ နံနက်အာရုဏ်မတက်မီအချိန်၌ မြတ်စွာဘုရားသည် သာဝတိံသာနတ်ပြည်မှ လူ့ပြည်သို့