မင်္ဂလာပါခင်ဗျား …….ကျွန်တော့် ဆိုက်ဒ်ကို ယောင်ရမ်းပြီးဝင်ရောက်ကြည့်ရှုမိသော သူများအတွက် ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာပြီး လိုရာဆန္ဒပြည့်စုံနိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။ ဤဆိုက်ဒ်တွင် ပအိုဝ်းလူမျိုးအကြောင်းကိုစိတ်ဝင်စားသူများ၊ပအိုဝ်းလူမျိုးကိုချစ်မြတ်နိုးသောသူများအတွက် ပအိုဝ်းလူမျိုး၏ သမိုင်းကြောင်း၊ ယဉ်ကျေးမှုထုံးစံ၊ ဘာသာစကားပြောဆိုမှု၊ ပွဲတော်များ၊ အစားအစာများနှင့် အခြားဗဟုတုတများကို တတ်နို်င်သရွေ့တင်ပြပေးသွားမည်ဖြစ်ပါတယ်။
Blogger Tips and TricksLatest Tips And TricksBlogger Tricks

Showing posts with label သတ္ထုတူးစီမံကိန်းကြောင့် ပအိုဝ်း အိုးအိမ်များ ပျက်စီးမည်ဟု PYO ပြော. Show all posts
Showing posts with label သတ္ထုတူးစီမံကိန်းကြောင့် ပအိုဝ်း အိုးအိမ်များ ပျက်စီးမည်ဟု PYO ပြော. Show all posts

Thursday, April 17, 2014

သတ္ထုတူးစီမံကိန်းကြောင့် ပအိုဝ်း အိုးအိမ်များ ပျက်စီးမည်ဟု PYO ပြော

တည်ဆောက်ဆဲ ပင်းပက် သံစက်ရုံ (ဓာတ်ပုံ - PYO ၊ ၂ဝဝ၉ ဖေဖော်ဝါရီ)
ချင်းမိုင် (မဇ္ဈိမ)။ ။ ရှမ်းပြည်နယ်တောင်ပိုင်း တနေရာ၌ စစ်အစိုးရနှင့် ပြည်တွင်း-ပြည်ပ ကုမ္ပဏီများ ပူးပေါင်း၍ သံရိုင်းသတ္တု တူးဖော်မည့် စီမံကိန်းကြောင့် ပအိုဝ်းပြည်သူများ၏ အိုးအိမ် များ ထောင်ချီ၍ ပျက်စီးဆုံးရုံးမည်ဟု ထိုင်းနိုင်ငံအခြေစိုက် ပအိုဝ်းလူငယ် အစည်းအရုံးက ပြောသည်။
တောင်ကြီးနှင့် ဟိုပုံးမြို့အနီး၌ “ပင်းပက်တောင် သံရိုင်းတူးဖော်ရေး စီမံကိန်း” သည် ဒေသတွင်းမှ ‘ပင်းပက်တောင်’ တခုလုံးကိုတူးဖော်ထုတ်လုပ်ရန် ရည်ရွယ်ပြင်ဆင်နေပြီ ဖြစ်သဖြင့် တောင်ခြေနေ ကျေးရွာ ၂၅ ရွာမှ လူထု ၇ ထောင်ကျော်၏ အိုးအိမ်များ