စိတ်ဖိစီးမှု့တွေများလာတဲ့အခါ....
အလုပ်ကြောင့်ဖြစ်စေ... မိသားစုအရေးကြောင့်ဖြစ်စေ...
ငွေကြေးကြောင့်ဖြစ်စေ....
စိတ်ဖိစီးမှု့တွေရှိလာကိုလူတိုင်းကြုံဖူးမှာပါ...
များသောအားဖြင့်တော့ ကျွန်တော်တို့ဟာ စိတ်ဖိစီးမှု့ တွေကို မခံနိုင်ကြဘူးဗျ....
ဒါကြောင့် နောက်ဆက်တွဲ အနေနဲ့ စိတ်ညစ်တာတွေ စိတ်ဓာတ်ကျတာတွေဖြစ်လာတာပေါ့.....
ဒါပေမဲ့ အဲ့ဒီ စိတ်ဖိစီးမှု့တွေကို ပြန်တိုက်လို့ရတဲ့နည်းတွေရှိတယ်ဗျ....
အဲ့ဒါတွေကတော့....
စိတ်ဖိစီးမှု့ရှိလာတဲ့အခါ...
၁. မိမိ အသက်ရှူနှုန်းကို အာရုံစိုက်ပါ....
စိတ်ဖိစီးမှု့ ကြုံတဲ့အခါ များသောအားဖြင့် အသက်ရှူနှုန်းကမြန်နေတတ်ပါတယ်... ဒီတော့ အသက်ရှူနှုန်းကိုလျှော့ချဖို့လိုပါတယ်... ဘယ်လိုလုပ်ရမလဲဆိုတော့..... ၅ စက္ကန့် အသက်ကိုဆွဲပြီးရှူသွင်းပါ ပြီးနောက် .. ၅ စက္ကန့် အသက်ရှူဆွဲပြီးရှူထုတ်ပါ... အဲ့လိုမျိုး ၁၀ ကြိမ်လောက်လုပ်ပါ....
၂. နောက်တစ်ဆင့် အနေနဲ့ ပါးစပ်ကို အနည်းငယ်ဟပြီး ပါးစပ်ဖြင့်သာ အသက်ရှူသွင်းပါ.. ပြီးနောက် ပါးစပ်ကို ပိတ်ပြီး နှာခေါင်းဖြင့် ရှူထုတ်ပါ... ဒီလိုမျိုး ၂-၃ မိနစ်လုပ်ပါ..
သင့်ရဲ့ စိတ်နဲ့ ခန္ဓာကို သွေးအေးတဲ့ အခြေအနေပြန်ရောက်အောင်ထိန်းပေးပါလိမ့်မယ်...
၃. စိတ်ဖိစီးမှု့များနေတဲ့ အချိန်မှာ ဘာလုပ်လုပ်နေနေ ခနရပ်ထားပါ... ဆက်လုပ်လည်း အမှားတွေများလာရုံပဲရှိလာမှာပါ.....
၎. သဘာဝ ပတ်ဝန်းကျင်ကို ထိတွေ့ခံစားပါ.. ကန်ဘောင်မှာ လမ်းလျှောက်တာမျိုးဖြစ်ဖြစ်ပေါ့...
၅. သင်ဟာ စိတ်ဖိစီးမှု့များတတ်ရင် လေ့ကျင့်ခန်းတစ်ခု ပုံမှန်လုပ်ပေးပါ...
၆. စိတ်ဖိစီးမှု့များနေတဲ့ အချိန်မှာ ရေးအေးအေးလေး ချိုးခြင်းဟာလည်း စိတ်နဲ့ ခန္ဓာကို ပြန်ပြီးလန်းဆန်းစေပါတယ်...
၇. သစ်သီးဖျော်ရည်သောက်ပါ... သံပရာရည်.. ခါကြက်ဥ ဖျော်ရည် စတာတွေပေါ့....
၈. သီချင်းနားထောင်ပါ... သီချင်းမြူးမြူးလေးနားထောင်ခြင်းက လည်း စိတ်နဲ့ ခန္ဓာကို ပြန်လည် လန်းဆန်းတက်ကြွစေပါတယ်....
၉. မိမိစိတ်သာလျှင်အဓိက.... စိတ်ဖိစီးမှု့ဆိုတာ မိမိလက်ခံမှသာ မိမိဆီရောက်လာတဲ့အရာပါ... စိတ်ဖိစီးမှု့ ဖြစ်စေတဲ့ negative thoughts တွေကို တတ်နိုင်သလောက်လျှော့ချပါ....
၁၀. အဆိုးတွေကို ကြိုမတွေးပါနဲ့ ... ဘာဖြစ်လာမလဲဆိုပြီး အဆိုးတွေကို ကြိုတွေးခြင်းဟာ စိတ်ဖိစည်းမှု့တွေကို ပိုတိုးစေပါတယ်... ဒါကြောင့် မိမိလက်ရှိအခြေအနေကို ပဲ အာရုံစိုက်နိုင်အောင်ကြိုးစားပါ...
Credit
Heaven's Author
ပအိုဝ်းခမ်းတန်မှ တင်ထားသော ပို့စ်များကို အားပေးမှုအတွက် ကျေးဇူးတင်ပါတယ်။ like...လုပ်ပြီး member ...ဝင်ပေးခြင်းဖြင့် ဆက်လက်အားပေးပါဦး။
ပအိုဝ်းခမ်းတန်
..............ကျေးဇူးတင်ပါသည်.................
No comments:
Post a Comment