ပအိုဝ်းအမျိုးသားတို့နေထိုင်ရာဒေသထွက် သနပ်ဖက်အကြောင်း
**********************************************
ဆေးပေါ့လိပ်အစ သနပ်ဖက်ကဆိုရမည်ဖြစ်တဲ့အတိုင်း သနပ်ဖက်မပါရင်
ဆေးပေါ့လိပ်လို့ဆိုရတော့မလိုလိုဖြစ်နေပါသည်..။ ဆေးပေါ့လိပ် ဆေးပြင်း
လိပ်ဖြစ်သွားရသည်က သနပ်ဖက်ကြောင့်မဟုတ်။ အထဲမှာလိပ်ထည့်ထားသည့်
ဆေးအားလျော်စွာ ဖြစ်လာရခြင်းဖြစ်သည်..။
မြန်မာပြည်မှတော့ ဆေးပေါ့လိပ်ကို အလယ်အလတ်တန်းစားလူတွေက အများဆုံး
သောက်သုံးကြသည်..။ အထက်တန်းနည်းနည်းကျချင်စိတ်ရှိသူတွေကတော့
အနောက်နိုင်ငံနည်းပညာကလာတဲ့ ဆေးလိပ်ဖြူကိုသောက်သုံးရမှ အထက်တန်းကျ
သည်ဟုထင်ကြသည်။ လူကြားသူကြားထဲမှာဆိုရင် ဆေးလိပ်ဖြူနဲ့မှ ရှိုးထုတ်လိုကြ
သည်။ တကယ်တော့ ဒါကလူတွေရဲ့အထင်ပါ။ အနောက်ဥရောပလူတွေကတော့
ဒီအယူအဆနဲ့ဆန့်ကျင်ဘက် ၊ သနပ်ဖက်နဲ့လိပ်ထားတဲ့ဆေးလိပ်ကိုမှ ဟန်ကျချင်
ကြသည်။ရှိုးထုတ်လိုကြသည်။ သနပ်နဲ့လိပ်ထားတဲ့ဆေးလိပ်ကိုဖွာလိုက်ရ သောက်
လိုက်ရမှ ဂုဏ်ရှိသည်ဟုယူဆကြသည်..။ ဒါကြောင့်ဂုဏ်သရေရှိလုပ်ဖော်ကိုင်တွေ
လာမှ ဒီဆေးလိပ်ကို ဂုဏ်ယူဝံ့ကြွားစွာဧည့်ခံတယ်ဆိုတာကိုလည်း ရုပ်ရှင်အများစုမှာ
တေ့်ရတတ်ပါသည်..။
ဆေးလိပ်တစ်လိပ်ကို မီးရှို့ ဖွာလိုက် မှုတ်ထုတ်လိုက် လုပ်ရတဲ့အလုပ်က လွယ်သ
လောက် လှော်ပြီးသားဖက်ရွာက်တစ်ရွက်ရဖို့က အလွန်လက်ဝင် ခက်ခဲလှပါသည်..။
ကဆုန်လ နယုန်လ မိုးဦးပေါက်စဆိုရင် သနပ်ဖက်ပင်တွေခုပ်ရသည်။
ပေါက်းမြက်တွေကိုရှင်းရသည်။ အတက်ထွက်တဲ့အခါ ပိုးမစားအောင် ဆေးအကြိမ်
ကြိမ်ဖျန်းပေးရသည်။ ပေးထားရတဲ့ ဖျန်းဆေးအရင်းအနှီးကမနည်းပေ။
အပင်ထွက်အားကောက်းအောင် နွားချေးထဲ့ပေးရသည်။
အတက်တွေရှည်လာတဲ့အခါ အရွက်ကြီးကြီးများများထွက်နိုင်ဖို့အတွက် ခွဲထွက်လာ
တဲ့အခြားသောအတက်တွေကို ချိုးပေးရပြန်သည်။ ပိုးသတ်ဆေးအကြိမ်ကြိမ်ဖျန်းပေး
ရသည်။ သနပ်ဖက်လှောနိုင်ဖို့အတွက် ထင်းတွေစုဆောင်းဝယ်ယူရသည်။ တောတောင်
မှာရှိနေတဲ့ရွာက ထင်းကိုအလကားကိုယ်တိုင်ကိုယ်ကျခုတ်ယူနိုင်ပေမယ့် အလှမ်းဝေး
နေသူများကတော့ ထင်းကိုဝယ်ယူစုဆောင်းထားရသည်။
ဝသနပ်ဖက်ပင်တွေကြီးဘာလို့ အရွက်ထွက်အားကောင်းလာတဲ့အခါ ဝါခေါင်
တော်သလင်းကနေ သီတင်းကျွတ်လအထိ သနပ်ဖက်ကိုလှော်ကြရပြန်သည်။
သနက်ဖက်လှော်နေတဲ့အချိန်မှာ အိပ်ရေးအလွန်ပျက်သည်။ နားနေရသည်ကမရှိ။
အမြဲတမ်းဂရုတစိုက်စောင့်ကြည့်နေရသည်..။ အရွက်မှာပါတဲ့သပ်ဖက်အရိုး အကြော
တွေကိုလည်း သင်းထုတ်ပေးရသည်။ အရွက်အကြီးအသေးခွဲထုတ်ရသည်။
လှော်ပြီးသားအရွက်တွေကိုလည်း အမျိုးစားအလိုက်ခွဲပြီး ကျကျနနသိမ်းထုတ်ရသည်။
သနပ်ဖက်လှော်ချိန်ပြီးလို့ရောင်းချိန်ရောက်တဲ့အခါကျတော့လည်း ကျကျနနထုတ်ပြီး
ပွဲစားအဝယ်ဒိုင်ရှိရာသို့တင်ပို့ရသည်..။ ပွဲစားများတွေကတော့ ဈေးနိမ်နိမ်ပေးရတာ
လွယ်ကူသလောက် လုပ်ရတဲ့သူက အလွန်ခက်ခဲသလို လူအရင်းအနှီး ငွေ အချိန်
အရင်းအနှီးများစွာစိုက်ထုတ်ပေးရသည်။ သနပ်ဖက်ပွဲစားတွေချမ်းသာသလောက်
သနပ်ဖက်လှော်နေရတဲ့သူက ဒုန်းရင်းဒုန်းရင်းပါပဲ။ ပင်ပန်းရတဲ့ဒဏ်ပဲ ချမ်းသာပါ
သည်။ ဖွာရတဲ့သူကဇိမ်ရှိသလောက် သနပ်ဖက်လုပ်ရတဲ့သူက အိပ်ရေးဝအောင်
မအိပ်နိုင်ခဲ့ကြပေ။ သနပ်ဖက်အများစုလုပ်ကိုင်ရာဒေသတွေကတော့ တောင်ကြီးမြို့
ရှိကျေးရွာများ၊ ဟိုပုံး၊ ကျောက်တစ်လုံး၊ ဆီဆိုင်၊ မိုင်းပွန်၊ လွယ်လင်၊ ပင်လုံစသည့်
ကျေးရွာဒေသတွေမှာ အများစုလုပ်ကိုင်ကြပါသည်။ အခုနောက်ပိုင်းသနပ်ဖက်လုပ်
ကိုင်လာတဲ့သူ နည်းလာပြီဖြစ်ပါသည်။ အရင်းအနှီးများသည်ကတစ်ကြောင်း၊ ထင်း
အခက်အခဲရှိသည်ကတစ်ကြောင်း၊ နောက်ဆုံးအဆင့်အနေနဲ့ ပွဲစားများဈေးနိမ်ထား
သည်ကလည်း အဓိကအကြောင်းရင်းထဲမှာပါဝင်ပါသည်..။
သနပ်ဖက်လှော်ပုံအဆင့်အဆင့်ကို သိချင်ကြတဲ့သုများအနေနဲ့အခုအချိန် တော်သလင်း
သီတင်းကျွတ် ရာသီအချိန်တွေမှာ သနပ်ဖက်လုပ်ကိုင်တဲ့ဒေသတွေမှာ ကိုယ်တိုင်ကိုယ်ကျ
သွားရောက်လေ့လာနိုင်ပါသည်..။
တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းမပေါ် ဦးကြီးခမ်းရပ်ကွက်မှာ ရေးထားသည်
က ဈေးကအပြန် ရွှေကျားပျံ ဝယ်ရန်မမေ့နဲ့ ဆိုသည့်အတိုင်း ရှမ်းပြည်အပြန် မှတ်ထား
ရန် ဝယ်ရန်ဆေးပေါ့လိပ်လို့ သနပ်ဖက်ကထွက်တဲ့ဆေးပေါ့လိပ်ပြည်တွင်းဖြစ်ကို
ဂုဏ်ယူဝံ့ကြွားစွာ သောက်သုံးနိုင် ဖွာနိုင်ဖို့အတွက် တိုက်တွန်းလိုက်ရပါသည်..။
ဒီစာရေးလို့ သနပ်ဖက်ပွဲစားများ စိတ်ဆိုးသွားရင် တာဝန်မယူo_O (^_^) o_O (^_^) B-) :-O
မေတ္တာဖြင့်
တက္ကသိုလ် ခွန်Rကာ
၎/၄/၂၀၁၆
ပအိုဝ်းခမ်းတန်မှ တင်ထားသော ပို့စ်များကို အားပေးမှုအတွက် ကျေးဇူးတင်ပါတယ်။ like...လုပ်ပြီး member ...ဝင်ပေးခြင်းဖြင့် ဆက်လက်အားပေးပါဦး။
ပအိုဝ်းခမ်းတန်
..............ကျေးဇူးတင်ပါသည်.................
No comments:
Post a Comment