မင်္ဂလာပါခင်ဗျား …….ကျွန်တော့် ဆိုက်ဒ်ကို ယောင်ရမ်းပြီးဝင်ရောက်ကြည့်ရှုမိသော သူများအတွက် ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာပြီး လိုရာဆန္ဒပြည့်စုံနိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။ ဤဆိုက်ဒ်တွင် ပအိုဝ်းလူမျိုးအကြောင်းကိုစိတ်ဝင်စားသူများ၊ပအိုဝ်းလူမျိုးကိုချစ်မြတ်နိုးသောသူများအတွက် ပအိုဝ်းလူမျိုး၏ သမိုင်းကြောင်း၊ ယဉ်ကျေးမှုထုံးစံ၊ ဘာသာစကားပြောဆိုမှု၊ ပွဲတော်များ၊ အစားအစာများနှင့် အခြားဗဟုတုတများကို တတ်နို်င်သရွေ့တင်ပြပေးသွားမည်ဖြစ်ပါတယ်။
Blogger Tips and TricksLatest Tips And TricksBlogger Tricks

Monday, April 4, 2016

သူသိပါ​စေ

အရမ်းချစ်တတ်တဲ့ ယောက်ျားလေးဆိုတာ

ဘယ်သွားမှာလဲ
သူငယ်ချင်းမိန်းကလေးအဖော်ပါရဲ့လား
ညမနက်စေနဲ့ ဆိုပြီး သဝန်တိုစိတ်နဲ့ အမြဲမှာတတ်တဲ့သူပါ ....

ဂရုစိုက်တဲ့ ယောက်ျားလေးဆိုတာ

ဒီနေ့ဘာရောင်လေး ဝတ်ထားလဲ
ငရုပ်သီးတွေအရမ်းမစားနဲ့နော်
ပြန်ရောက်တာနဲ့ဖုန်းဆက်နော်လို့
စိတ်မချတဲ့ စိတ်နဲ့ အမြဲမှာတတ်တဲ့သူပါ ....


သဝန်တိုတတ်တဲ့ ယောက်ျားလေးဆိုတာ

ခုနကတည်း ဖုန်းခေါ်နေတာ ဘယ်သူနဲ့ပြောနေတာလဲလို့  ဆူတတ်တဲ့သူ
အရမ်းလည်ဟိုက်တာတွေမဝတ်နဲ့လို့သတိပေးတတ်သူ ....
လှပြီးသား အရမ်းပြင်မနေနဲ့လို့ အမြဲ မှာတတ်တဲ့သူပါ ....

ကိုယ့်ကိုကိုယ်
နေမကောင်းဖြစ်နေရင်တောင်
ချစ်သူအတွက် တော့ ဆေးပုံမှန်သောက်ဖို့ ကျန်းမာရေး ဂရုစိုက်ဖို့မှာတတ်တဲ့သူပါ ....

အလုပ်တွေနဲ့မအားလပ်နေရင်တောင်
နားတဲ့အချိန်ခဏလေးတော့
ဖုန်းပြေးဆက်ဖို့ကြိုးစားတတ်ကြသူပါ ....

တကယ်ချစ်တဲ့ယောက်ျားလေးဆိုတာ
ကိုယ်ကို ဘယ်လောက်ချစ်သလဲ
မေးနေစရာမလိုပါဘူး
သူဘယ်လောက်ကိုယ့်အပေါ်ကြင်နာသလဲ ဆိုတာနဲ့ ဆုံးဖြတ်ပေးနိုင်တယ်မဟုတ်လား

~ပုံရိပ်စစ်~
#ချစ်သူဆီသို့ပအိုဝ်းခမ်းတန်မှ တင်ထားသော ပို့စ်များကို အားပေးမှုအတွက် ကျေးဇူးတင်ပါတယ်။ like...လုပ်ပြီး member ...ဝင်ပေးခြင်းဖြင့် ဆက်လက်အားပေးပါဦး။ ပအိုဝ်းခမ်းတန် ..............ကျေးဇူးတင်ပါသည်.................

No comments:

Post a Comment