မင်္ဂလာပါခင်ဗျား …….ကျွန်တော့် ဆိုက်ဒ်ကို ယောင်ရမ်းပြီးဝင်ရောက်ကြည့်ရှုမိသော သူများအတွက် ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာပြီး လိုရာဆန္ဒပြည့်စုံနိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။ ဤဆိုက်ဒ်တွင် ပအိုဝ်းလူမျိုးအကြောင်းကိုစိတ်ဝင်စားသူများ၊ပအိုဝ်းလူမျိုးကိုချစ်မြတ်နိုးသောသူများအတွက် ပအိုဝ်းလူမျိုး၏ သမိုင်းကြောင်း၊ ယဉ်ကျေးမှုထုံးစံ၊ ဘာသာစကားပြောဆိုမှု၊ ပွဲတော်များ၊ အစားအစာများနှင့် အခြားဗဟုတုတများကို တတ်နို်င်သရွေ့တင်ပြပေးသွားမည်ဖြစ်ပါတယ်။
Blogger Tips and TricksLatest Tips And TricksBlogger Tricks

Friday, April 8, 2016

သင်တန်းမတတ်ပဲ အလွယ်ဆုံး အင်္ဂလိပ်စာ လေ့လာနည်း ...

သင်တန်းမတတ်ပဲ အလွယ်ဆုံး အင်္ဂလိပ်စာ လေ့လာနည်း ...

#ပထမလ

ပထမ ၇ ရက်
၁) Myanmar to English dictionary တစ်အုပ်ဒေါင်းပါ ဖုန်းထဲထည့်ထားပါ။
၂) မိုးလင်းမိုးချုပ် မျက်စိရှေ့ မြင်မြင်သမျှ အရာဝထ္ထုတိုင်း အင်္ဂလိပ်လို ဘယ်လိုခေါ်လဲစဉ်းစားပါ။ မသိပါက Dictionary ထဲရှာပြီး အလွတ်ကျတ်ပါ။


ဒုတိယ ၇ ရက်
၁) ကားစီးရင်း လမ်းလျှောက်ရင်း မြင်မြင်သမျှ ဆိုင်းဘုတ် အင်္ဂလိပ်လို ဘာသာပြန်ကြည့်ပါ။

တတိယ ၇ ရက်
၁) English Subtitle နဲ့ ဇတ်လမ်း ကာတွန်းကားတစ်ကား စကြည့်ပါ။ Tom and Jerry မပါ။ ပြောလိုက်တဲ့ စကားနဲ့ အောက်က ရေးထားတဲ့စာ pause လုပ်ပြီး တွဲဖတ်ပါ ။ ပြီးရင်လိုက်ပြောကြည့်ပါ။

စတုတ္ထ ၇ ရက်
၁) Facebook မှာ တပတ်လုံးလုံး တင်ချင်သမျှ ပို့စ်တွေ ခံစားချက်တွေ အင်္ဂလိပ်လို တင်ကြည့်ပါ။
၂) ကြည့်နေတဲ့ ကားထဲက စကားလုံးလေးတွေ ကြိုက်ရင် ပြန်တင်ပါ။ မကျေနပ်လို့ ဘယ်သူမျက်စိနောက်နောက် အားရပါးရတင်ပါ။
ပထမလ ပြီးပါပြီ။

#ဒုတိယလ

ပထမ ၇ရက်
၁) နိုင်ငံခြားသား/သူ အနည်းဆုံး ၃ ယောက် သွားအက်ပါ။ msg ပို့ပါ။ English စာလေ့လာနေကြောင်း ပြောပါ။ စကားစမြည် ပြောတဲ့ အကျင့်လုပ်ပါ။

ဒုတိယ ၇ ရက်
၁) ဝါသနာတူ သူငယ်ချင်း ၃ ယောက်ရှာပါ။ အချင်းချင်း အင်္ဂလိပ်လို နာမည်တွေပေးပြီး ။ ဖုန်းပြောတိုင်း အင်္ဂလိပ်လို ပြောကြည့်ပါ။ သိပ်မကျွမ်းကျင်သေးရင် မြန်မာလို တဝက် အင်္ဂလိပ်လို တဝက်ပြောပါ။ ဇာတ်လမ်းတွဲတွေ ထဲက ဖိလစ်ပိုင်တွေ ပြောပါတယ်။ ပြောဖို့အဓိက ပြောသာပြောပါ။

တတိယ ၇ ရက်
၁) Google သွားပါ။ life quotes လို့ ရိုက်ရှာပြီး image ကိုသွားပါ။ ပုံနဲ့ တွဲထားတဲ့ ဆောင်ပုဒ် စာတိုလေးတွေ လိုက်ဖတ်ပါ။ မသိတာတွေ ပါလာရင် Dictionary ဖွင့်ဖို့ မပျင်းပါနဲ့ ။

စတုတ္ထ ၇ ရက်
၁) Google သွားပါ။ English Short Stories လို့ ရိုက်ရှာပါ။ ပုံပြင် အတိုလေးတွေ စဖတ်ပါ။
၂) ပန်းဆိုးတန်း စာအုပ်အဟောင်းတန်းသွားပါ ။ Reader's Digest လို  အင်္ဂလိပ်စာအုပ် လေးတွေ အင်္ဂလိပ် မဂ္ဂဇင်း စာအုပ် အဟောင်းတွေ ဝယ်ပါ။ ခေါင်းစဉ်တွေချည်း ဖတ်ပါ။
ဒုတိယလ ပြီးပါပြီ။

#တတိယလ

၁) ကိုယ်စိတ်ဝင်စားတဲ့ ဆောင်းပါး တနေ့တပုဒ်စဖတ်ပါတော့။
ပအိုဝ်းခမ်းတန်မှ တင်ထားသော ပို့စ်များကို အားပေးမှုအတွက် ကျေးဇူးတင်ပါတယ်။ like...လုပ်ပြီး member ...ဝင်ပေးခြင်းဖြင့် ဆက်လက်အားပေးပါဦး။ ပအိုဝ်းခမ်းတန် ..............ကျေးဇူးတင်ပါသည်.................

No comments:

Post a Comment