မင်္ဂလာပါခင်ဗျား …….ကျွန်တော့် ဆိုက်ဒ်ကို ယောင်ရမ်းပြီးဝင်ရောက်ကြည့်ရှုမိသော သူများအတွက် ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာပြီး လိုရာဆန္ဒပြည့်စုံနိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။ ဤဆိုက်ဒ်တွင် ပအိုဝ်းလူမျိုးအကြောင်းကိုစိတ်ဝင်စားသူများ၊ပအိုဝ်းလူမျိုးကိုချစ်မြတ်နိုးသောသူများအတွက် ပအိုဝ်းလူမျိုး၏ သမိုင်းကြောင်း၊ ယဉ်ကျေးမှုထုံးစံ၊ ဘာသာစကားပြောဆိုမှု၊ ပွဲတော်များ၊ အစားအစာများနှင့် အခြားဗဟုတုတများကို တတ်နို်င်သရွေ့တင်ပြပေးသွားမည်ဖြစ်ပါတယ်။
Blogger Tips and TricksLatest Tips And TricksBlogger Tricks

Monday, April 11, 2016

မနူဟာမင်းသမိုင်းရဲ့ အစွန်းအစနှစ်ခုအဆိုကို ဆွဲထုတ်ကြည့်ခြင်း

မနူဟာမင်းသမိုင်းရဲ့ အစွန်းအစနှစ်ခုအဆိုကို ဆွဲထုတ်ကြည့်ခြင်း
************************************************

(ဝေဖန် ဆန်းစစ် သုံးသပ်နိုင်ဖို့ပါ)
#ပထမ မြန်မာနိုင်ငံတော်နဲ့ ဗမာဗုဒ္ဓဘာသာရဲ့အစ

ပထမ မြန်မာနိုင်ငံတော်ကြီးကို အနော်ရထာ (၁၀၁၄-၁၀၇၇) က ခရစ် တော်ပေါ်ပြီး ၁၁ ရာစုမှာ တည်ထောင်ခဲ့ပါတယ်။ သုဝဏ္ဏဘုမ္မိ သထုံ (မွန်) မင်းဆက်တွေက ခရစ်တော်မပေါ်မီ ၄ ရာစု ကတည်းက အနော်ရထာဘုရင်က သထုံမင်း
မနူဟာ (မွန်နာမည် မကုဋ) ကို အနိုင်တိုက်ခဲ့တဲ့ ၁၁ ရာစု (၁၀၅၇ ခုနှစ်) အထိရှိခဲ့တာပါ။ အနော်ရထာအကြောင်းပြတာကတော သူလိုချင်တဲ့ ပိဋကတ် သုံးပုံကို မနူဟာက အရိုင်းအစိုင်းတွေကို မပေးနိုင်ဘူးလို့ ပြောတာမို့ ရာဇမာန်ရှ သွားတာက စတယ်လို့ ဆိုပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဗုဒ္ဓသာ သာနာအစ မနူဟာကလို့ ပြောမှမှန်ပါလိမ့်မယ်။ အနော်ရထာက စစ်တပ် နိုင်ငံတော်ကြီးကိုထူထောင်ကာ အနီးဝန်းကျင်ကို နယ်ချဲ့ လွှမ်းမိုးခဲ့ပြီးကာမှ ဗုဒ္ဓဘာသာအစအနော်ရထာက လုပ်ချ လိုက်တာသာ ဖြစ်ပါတယ်။

#(စာရေးဆရာ ဆူဒိုနင်)

#မနူဟာမင်းနှင့် အနော်ရထာ

*ပဲခူးကလျာဏီသိမ် ကျောက်စာသည်  မြန်မာသက္ကရာဇ်-
  ၈၄၁ ၊ အေဒီ ၁၄၇၉-တွင် ဟံသာဝတီ(ပဲခူး)ဘုရင်
  ဓမ္မစေတီမင်းလက်ထက်တွင် ရေးထိုးခဲ့သဖြင့် အနော်ရထာ
  ခေတ်ထက် နှစ်ပေါင်း ၄၀၀-ကျော် နောက်ကျကာ ရေးထိုးခဲ့
  ခြင်းဖြစ်သဖြင့် ပုဂံခေတ်နှင့် ခေတ်ပြိုင်မှတ်တမ်းကျောက်စာ
  မဟုတ်ပါ။ ၎င်း ကလျာဏီသိမ်ကျောက်စာထဲ၌လည်း မစစ်
  ဆေးကြည့်ဘဲ ရော်ရမ်းမှန်းဆပြောဆိုနေသကဲ့သို့ “ပုဂံနှင့်
  သထုံ” စစ်ပွဲဖြစ်ခဲ့ကြောင်း မပါရှိပါ။*

*အနော်ရထာမင်းမြတ်သည် သထုံသို့ ချီတက်တိုက်ခိုက်သည်
  ဆိုသော ခေတ်ပြိုင်အထောက်အထားမရှိ။ ကျောက်စာမှတ်တမ်း
   လည်း မရှိ။ မည်သည့်ရာဇ၀င်များနှင့်မှ မရောနှောဘဲ ပုဂံရာဇ၀င်
   သီးသန့် မှတ်တမ်းတင်ထားသော ပုဂံရာဇ၀င်ကြီးပေမူ၌လည်း
   ဖော်ပြထားခြင်းမရှိပါ။*

*ထို့ကြောင့် ဦးကုလား၏ ရာဇ၀င်တော်ကြီး၌ ပါသော“ပုဂံ-သထုံ”
  စစ်ပွဲကြီး ဖြစ်ခဲ့ကြောင်း အထောက်အထားမရှိ။  ပုဂံ-သထုံ စစ်ပွဲကြီး
  မဖြစ်ခဲ့ပါ။*

* ပဲခူး ကိုးသိန်းကိုးသောင်း ဘုရားသမိုင်းတွင် “ဂျွမ်း”(ခမာ)စစ်သည်များက
   ဥဿာပဲခူးကို ၀ိုင်းရံထားစဉ် သထုံမင်း “မနုဟာ”သည် ပဲခူးဘုရင်ထံ ခိုလှုံ
  နေသည်ဟု ပါရှိပါသည်။ ယိုးဒယားနိုင်ငံ တောင်ပိုင်းမှ ပဲခူးအထိစစ်ချီလာသော
  ခမာစစ်တပ်ကြီး၏ စစ်လမ်းကြောင်းကျရာ သထုံသည် ပဲခူးမကျမှီကပင်
  ဂျွမ်းရန်ကြောင့် ကျခဲ့သည်မှာ အထင်အရှားပင်ဖြစ်သည်။ ထို့ကြောင့် ထိုစဉ်က
  သထုံသည်  ပုဂံနှင့် စစ်ဖြစ်ခြင်းမဟုတ်ပဲ ဂျွမ်းစစ်တပ်၏တိုက်ခိုက်မှုကြောင့်
  ပျက်စီးခဲ့ရခြင်းဖြစ်ပါသည်။*

*ပဲခူးကို ဂျွမ်းစစ်သည်တို့ လာဝိုင်းသောအခါ မနူဟာသည် ပုဂံဘုရင် အနော်
  ရထာထံ ရွှေ့ပြောင်း ခိုလှုံခဲ့ခြင်းသာ ဖြစ်ပါသည်။ အနောက်ဘက်လွန်မင်း
  လက်ထက် လှေသင်းစုစစ်တမ်းတွင် မနူဟာမင်းသည် လှေတော်ကြီး
  လေးစင်းနှင့် သမီးတော်ဆက်သကာ ပုဂံသို့ ခိုလှုံရောက်ရှိကြောင်း၊
  ယင်းလှေတော် လေးစင်းနှင့် လှေတော်သားများကို အနော်ရထာမင်းကြီးက
 လှေသင်းစုတစ်စု အဖွဲ့ဖွဲ့ပေးရာမှ ဆင်းသက်လာသော လှေသင်းစုဖြစ်ကြောင်း
 အစစ်ခံသည့် စစ်တမ်းရှိပါသည်။

#သမိုင်းပညာရှင် (Thant Lwin Oo)

#တက္ကသိုလ် ခွန်Rကာ

ပအိုဝ်းခမ်းတန်မှ တင်ထားသော ပို့စ်များကို အားပေးမှုအတွက် ကျေးဇူးတင်ပါတယ်။ like...လုပ်ပြီး member ...ဝင်ပေးခြင်းဖြင့် ဆက်လက်အားပေးပါဦး။ ပအိုဝ်းခမ်းတန် ..............ကျေးဇူးတင်ပါသည်.................

No comments:

Post a Comment