မင်္ဂလာပါခင်ဗျား …….ကျွန်တော့် ဆိုက်ဒ်ကို ယောင်ရမ်းပြီးဝင်ရောက်ကြည့်ရှုမိသော သူများအတွက် ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာပြီး လိုရာဆန္ဒပြည့်စုံနိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။ ဤဆိုက်ဒ်တွင် ပအိုဝ်းလူမျိုးအကြောင်းကိုစိတ်ဝင်စားသူများ၊ပအိုဝ်းလူမျိုးကိုချစ်မြတ်နိုးသောသူများအတွက် ပအိုဝ်းလူမျိုး၏ သမိုင်းကြောင်း၊ ယဉ်ကျေးမှုထုံးစံ၊ ဘာသာစကားပြောဆိုမှု၊ ပွဲတော်များ၊ အစားအစာများနှင့် အခြားဗဟုတုတများကို တတ်နို်င်သရွေ့တင်ပြပေးသွားမည်ဖြစ်ပါတယ်။
Blogger Tips and TricksLatest Tips And TricksBlogger Tricks

Tuesday, April 12, 2016

သင့်ရုပ်ရည်နဲ့ပတ်သက်ပီးစိတ်ညစ်နေပါသလား..?

#သင့်ရုပ်ရည်နဲ့ပတ်သက်ပီးစိတ်ညစ်နေပါသလား..?

ဒါဟာသင့်ဘဝမှာအရေးပါတဲ့ကိစ္စမဟုတ်ပါဘူး၊သင့်ထက်ရုပ်ဆိုးသောသူတွေ လူမှု ရေး၊အချစ်ရေး၊အိမ်ထောင်ရေးတွေမှာ ပျော်ရွှင်နေကြတာတွေ သင့်ပတ်ဝန်းကျင်
မှာ သင်တွေ့ဖူးမှာပါ။

လူတိုင်းလူတိုင်းမှာ ပင်ကိုစွမ်းရည်နဲ့ ပင်ကို
အလှတွေရှိကြပါတယ်။သင့်ရဲ့ပင်ကိုစွမ်းရည်ကို သင့်ကိုယ်တိုင်သာ ပြောပြနိုင်မှာ ဖြစ်ပြီး သင့်ရဲ့ပင်ကိုအလှကိုတော့ သင့်ဘဝလက်တွဲဖော်ကပြောပြပါလိမ့်မယ်။ ဒါတွေကိုသင်မသိပဲ စိတ်ညစ်နေ ပါက သင့်ရဲ့ပင်ကိုယ် စွမ်းရည်နဲ့ ရုပ်ရည် ကိုဘယ်တော့သင်တွေ့မြင်နိုင်မည်မဟုတ်ပါ။လူတိုင်းအပေါ်ကိုစိတ်ထားဖြူစင်နိုင်အောင်ကြိုးစားပါ။စိတ်ထားလှသောသူတစ်ယောက်ရဲ့မျက်နှာဟာအပြစ်ကင်းပီးအမြဲတမ်းလှပနေ၍ လူတိုင်းရဲ့ချစ်ခြင်း ကိုသင်ရရှိပါလိမ့်မည်။

#အရပ်ပု လို့စိတ်ညစ်နေပါသလား.?

ဘယ်လောက်ပဲ အရပ်ရှည်ရှည် မနက်ဖြန်ကိုတော့ ဘယ်သူမှမမြင်နိုင် ပါဘူး။ 'ပုရင်နုတယ် 'ဆိုတာအားလုံး သိကြပါတယ်၊အရပ်ပုသောသူတွေရဲ့အသက်ကိုခန့်မှန်းလို့မရတာ အားသာချက်တခုပါ။အရပ်ပုသောသူတွေကအရပ်ရှည်သောသူတွေထက်ပိုအသက်ရှည်တယ်လို့လည်းပြောကြပါတယ်။ ဒါကြောင့်အရပ်ပုလို့စိတ်ညစ် မနေကြပါနဲ့ ။ အရပ်ပုသောသူတွေက ပိုပြီးလည်းချစ်စရာကောင်းကြပါတယ်။

#အသားအရေနဲ့ပတ်သက်ပြီးစိတ်ညစ်နေပါသလား..?

#သင်ဘယ်လိုအသားအရောင်လည်းဆိုတာက အရေးမကြီးပါဘူး။ လူတိုင်းအမှောင်ထဲသွားရင် အလင်း တော့လိုအပ်မှာပါ။သဘာဝကပေးထားတာကို သင့်လက်မခံချင်လည်း လက်ခံလိုက်ပါ။ဒါဟာသင့်အတွက်အကောင်းဆုံးဖြစ်ပါလိမ့်မယ်။ဒါမှမဟုတ်ပဲသဘာဝတရားကိုဆန့်ကျင်၍ပြောင်းလဲဖို့ကြံစည်တိုင်းသင့်စိတ်ညစ်ရပါလိမ့်မယ်။ သင့်အသားအရောင် အတွက်ဘယ်တော့ မှစိတ်ညစ်မခံပါနဲ့ ။
လူတိုင်းမှာ တခုခုတော့ချို့ယွင်းချက်ရှိ ကြစမြဲပါ ။

#ငွေကြေးမပြည့်စုံလို့ စိတ်ညစ်နေ သလား..?

ဘယ်လောက်ပဲချမ်းသာချမ်းသာ၊ကားတွေဘယ်နှစီးပဲပိုင်ပိုင်မိမိအိပ်ရာကိုတော့လမ်းလျောက်သွားရတာပဲ။လောဘမကြီးပါနဲ့။မိမိကြိုးစား သလောက်တော့ ပြန်ရပါတယ်။မိမိဘဝကိုလွယ်လွယ်ကူကူပဲဖြတ်သန်းပါ ၊လူဘဝဟာ ခနလေးပါပဲ။ တနေ့ကျရင်ဆင်းရဲချမ်းသာမရွေးလူတိုင်းသေကြရပဲ။ဒါကြောင့်မိမိဘဝကို ကျေနပ်ပါ၊ လက်ခံပါ။ စိတ်ညစ်စရာတွေ
ကိုမတွေးမိအောင်နေကြည့်ပါ။ သင်ပျော်နေရင် ကမ္ဘာကြီးတခုလုံး လှပနေတာကို သင်မြင်ရပါလိမ့်မယ်။
လေးစားစွာဖြင့်
Xoem ( u moe)
ပအိုဝ်းခမ်းတန်မှ တင်ထားသော ပို့စ်များကို အားပေးမှုအတွက် ကျေးဇူးတင်ပါတယ်။ like...လုပ်ပြီး member ...ဝင်ပေးခြင်းဖြင့် ဆက်လက်အားပေးပါဦး။ ပအိုဝ်းခမ်းတန် ..............ကျေးဇူးတင်ပါသည်.................

No comments:

Post a Comment