ကျွန်တော်ဆိုတဲ့လူ စာဖတ်နေတဲ့လူ အားလုံးသောလူသားတိုင်း အဖေဆိုတာ ရှိနေခဲ့ကြတယ် အဖေဆိုတဲ့ အကြောင်းလေးကို ကျွှန်တော်ခံစားတတ်သလောက် ရေးပါရစေ .........?
ကိုယ့်ရဲ့ ချစ်ဇနိးလေး ၀မ်းတွင်းသန္နေစတည်ပြီ ဆိုတဲ့ အသိ သိလိုက်ချိန်မှ စ၍ ကိုယ့်ရဲ့မျိုးစက် ဖြစ်လာမဲ့ ရင်သွေးလေးတွေ အတွက်
ဘ၀ရဲ့ တဆစ်ချိုး အပြောင်း အလည်း တခု ထပ်ကြုံရပြီ..........?
မိခင်တယောက်လို ကိုးလလွယ် ဆယ်လမဖွားရပေမယ့် မိခင်ရော ကလေးကိုပါ ကျမ်းမာသန်စွမ်းဖို့ အရေး ဖခင်မှာ ကာယလုပ်အား ညာဏလုပ်အားတွေနဲ့ ပံ့ပိုးကူညီခဲ့ကျတာ လူတိုင်းအသိပါ သားသမိးအပေါ်မှာ ထားတဲ့ မိခင်မေတ္တာ နဲ့ ဖခင်မေတ္တာ က ဆတူပဲလို့  ကျွန်တော်ထင်တယ်.....။ ဖခင်ဟာ ယောက်ျားတယောက်ဖြစ်တဲ့ အတွက် မိခင်ဖြစ်တဲ့ အမျိုးသမိးတွေလိုတော့ အနိးကပ် ယုယကြင်နာရမဲ့ အချိန်မများဘူးလေ အဲဒီအတွက်ကြောင့် လူတိုင်းက မိခင်ကို ပိုပြိး ခင်တွယ်တတ်ကျတယ်
မိခင်တယောက်ထဲနဲ့  လူဖြစ်မလာသလို ဖခင်တယောက်ထဲနဲ့ လည်း လူဖြစ်မလာနိုင်ပါဘူး
ဖခင်+မိခင်=သားသမိး.......(မှတ်ချက်) သားသမိး ဥိးရေ မတွက်ချက်တတ်ပါ ကိုယ်ဘာသာ တွက်ယူကျပါခင်ဗျာ
မိခင်ဝမ်းမှ ပေါက်ဖွားလာတော့လည်း ရင်သွေးလေး ရှေ့ရေး ...? စားရေးသောက်ရေး ပညာရေး ၀တ်စားဆင်ယင်မှုတို့ အတွက်
စည်းပွားရေးကို ခါတိုင်းထက် ပိုပြိး ကြိုးစားလာကျတယ် ရင်သွေးလေး အပေါ်ထားတဲ့ ဖခင်ရဲ့  မေတ္တာတရားတွေပေါ့
နေ့ စဉ်သုံးဆောင်နေတတ်တဲ့ လ္ဘက်ရည်ကြိုက်ရင် လ္ဘက်ရည် ကွမ်းယာကြိုက်ရင် ကွမ်းယာ ဆေးလိပ်ကြိုက်ရင် ဆေးလိပ်ပေါ့
အဲဒါမျိုးလေးတွေကိုတောင် မဖြက်တောက်နိုင်လည်း ရှော့ပြိး ချွေတာတတ်လာကျတယ် ဇနိးနဲ့ ရင်သွေးလေး အတွက် စားသောက်စရိတ်
လူမှုရေးရာ အဖြာဖြာ ကလေး ပညာသင်စရိတ်အပါ အများဆုံး ဖွေရှာ ထောက်ပံ့ကူညီတာ ဖခင်ပါ........။
မိဘမေတ္တာ
ဘ၀ရှေ့ ရေး ဖြောင်းဖြူးသာယာ
အစဉ်မွေ့ အောင် လမ်းကြောင်းပေးတာ
အမိ နဲ့  အဖ ပါ
ကိုယ့်ဘ၀တွေ ဘယ်လိုပင်နိမ့်
သားသမိးအရိပ်ကို မြင်းမားစေချင်တာ
အမိ နဲ့  အဖ ပါ
နို့ ချို မတိုက်ကြွေး ယုယမှုနှေး
သားချော့တေးကို သီဆိုမပေးတောင်
ဝမ်းတခါးကို စခန်းသွားနိုင်ဖို့ 
ထမ်းဆောင်ပေးတာ.......... ဖခင်ပါ.........
ကြိးမားတဲ့ မေတ္တာတရားနဲ့  ဖခင်ရဲ့ စိတ်သဘောထားက
လူလားမြောက်လို့  ပညာစုံ
ဘ၀ကို ပုံဖော်ကျူးတတ်ဖို့ 
နေပူကျဲတောက် ကောင်းကင်အောက်မှာ
ချွေးစက်တွေထွက် အစာငတ်တောင်
သတိမမူ ဂရုမပြု
မေတ္တာရေကြည်ဖြန်း သားသမိး ဘ၀ အစဉ်လန်းစေချင်
အလုပ်ပင်ပန်း စိတ်မရွှင်လန်းတောင်
သားသမိးမျက်နာ မြင်ရောင်လာကာ
ကြည်နူးမှု အပြုံးနဲ့ ပီတိစိတ်လေးသုံးနေရတာပါ............ မိခင်မေတ္တာအကြောင်းတွေ တွေချည်းတင်နေတယ်နော် တဲ့
အမေ အကြောင်းတင်ပြီး အဖေ့အကြောင်း ဖခင်မေတ္တာတွေ သိပ်မတွေ့ ရဘူးဆိုတဲ့ သူများအတွက် တင်ပေးလိုက်ပါတယ် ...
အားလုံးကို အစဉ်အမြဲ ထာဝစဉ်လေးစားလျက် ...
ရေးမိရေးရာလေးများ
No comments:
Post a Comment