ဒီပုံလေးကိုမြင်တော့ ရင်ထဲမှာ တစ်ခုခုကို ခံစားလိုက်ရတယ်......... တချို့ သက်ကြီးရွယ်အိုတွေက နားအေးပါးအေးဆိုပြီး ရိပ်သာဝင်ကြတာ ရှိပါတယ်(အဲဒီအတွက်ကိုတော့ ထားလိုက်ကြရအောင်) တချို့သက်ကြီးရွယ်အိုတွေကြတော့ သားသမီးတွေ မစောင့်ရှောက်လို့ စောင့်ရှောက်သည်ထားအုံး စိတ်ထဲမပါတော့ဘူး မလိုချင်တော့ဘူး ငြိုငြင်ကုန်ကြပြီ....ဒီအမေအိုကြီးကြောင့် သူတို့လေးတွေ
အဆင်မပြေဖြစ်ကုန်ကြလိမ့်မယ်ဆိုပြီး အနစ်နာခံ ရှောင်ထွက်သွားတာမျိုးတွေလဲ ရှိနေကြတယ်(စာတစ်ပုဒ် ဇာတ်လမ်းတစ်ပုဒ်အနေနဲ့ ရေးတာမဟုတ်ပါဘူး) အရမ်း ရင်နာဖို့ကောင်းတယ်... ကိုယ့်ကို လူဖြစ်အောင် ပြုစုစောင့်ရှောက်ပေးလာခဲ့တဲ့ မိဘနှစ်ပါးကို ပြန်လည်ပြုစုပေးရတာ တော်တော်များ အလုပ်တွေပိုနေလို့လား တော်တော်များ ခဲံရင်းနေကြလို့လား ပြန်လည်ပေးဆပ်ဖို့ကို ဝန်လေးနေကြတာလားဗျာ....... ကျနော်တို့ သားသမီးတွေ မိဘမေတ္တာကို မက်မောတောင်းတခဲ့ကြသလို ဇရာထောင်းနေပြီဖြစ်တဲ့ မိအိုဖအိုတွေမှာလဲ သားသမီးတွေရဲ့ ပြုစုစောင့်ရှောက်တာကို လိုချင်ကြမယ်ဆိုတာ သေချာပါတယ်.... ဘယ်အချိန်မှ မေ့မထားကြပါနဲ့ "တစ်လုပ်စားဖူး သူ့ကျေးဇူးဆိုရင် မိဘရဲ့ကျေးဇူးက အရမ်းကို ကြီးမားလွန်းပါတယ်" (အမေ့သား)
ပို့တစ်ခုမှကူးယူဖော်ပြပါသည်
No comments:
Post a Comment