မင်္ဂလာပါခင်ဗျား …….ကျွန်တော့် ဆိုက်ဒ်ကို ယောင်ရမ်းပြီးဝင်ရောက်ကြည့်ရှုမိသော သူများအတွက် ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာပြီး လိုရာဆန္ဒပြည့်စုံနိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။ ဤဆိုက်ဒ်တွင် ပအိုဝ်းလူမျိုးအကြောင်းကိုစိတ်ဝင်စားသူများ၊ပအိုဝ်းလူမျိုးကိုချစ်မြတ်နိုးသောသူများအတွက် ပအိုဝ်းလူမျိုး၏ သမိုင်းကြောင်း၊ ယဉ်ကျေးမှုထုံးစံ၊ ဘာသာစကားပြောဆိုမှု၊ ပွဲတော်များ၊ အစားအစာများနှင့် အခြားဗဟုတုတများကို တတ်နို်င်သရွေ့တင်ပြပေးသွားမည်ဖြစ်ပါတယ်။
Blogger Tips and TricksLatest Tips And TricksBlogger Tricks

Sunday, January 12, 2014

ကံကောင်းသူဖြစ်ချင်ရင်

လိမ္မာအောင်နေပါ ။
အဲဒါမှ ကံကောင်းသူဖြစ်မှာပါ ။
ကံကောင်းသူဖြစ်ချင်လျှင် ဘ၀ကို လိမ္မာစွာ ရပ်တည်ရှင်သန်ပါ ။
လိမ္မာသည်ဆိုသည်မှာ
ကျွမ်းကျင်မှုကို ဆိုလိုသည် ။
ကျွမ်းကျင်မှုဆိုသည်မှာ
ကုသိုလ်ကောင်းမှု စသည်၌ ပြုလုပ်ဆောင်ရွက်မှု လိုက်နာကျင့်သုံးမှု ကို ဆိုလိုပါသည်။
လူမိုက်မှာ ကုသိုလ်ကောင်းမှုဟူသည် မရှိပါ။

လူမိုက်သည် မကောင်းမှုအကုသိုလ်၌( မကောင်းသော အာရုံခံစားမှု ၌) အမြဲတမ်းလိုလို မွေ့လျော်ပျော်ပါး လိုက်စားကျင့်သုံးသူ ဖြစ်ပါသည်။
လူမိုက်၏ကံကြမ္မာသည် မကောင်းမှု ဒုစရိုက်နယ်ပယ်မှာသာလျှင် ကျင်လည်ကျက်စား၍ နေပါသည်။
လူလိမ္မာ၏ ကံကြမ္မာသည် ကောင်းမှုသုစရိုက် နေရာဒေသတွေမှာသာလျှင် လှည့်လည်ကျက်စား အသက်ရှင်၍ နေပါသည်။
ဘ၀မှာ ကံကောင်းမှု အောင်မြင်ထင်ပေါ်ကျော်ကြားမှု လူပုံအလယ် မျက်နှာသာရမှု စသည်တို့သည် ဘ၀ကိုလိမ္မာပါးးနပ်စွာ အသက်မွေးဝမ်းကျောင်း ပြုလုပ်သူများသာ ဖြစ်ပါသည်။

No comments:

Post a Comment