မင်္ဂလာပါခင်ဗျား …….ကျွန်တော့် ဆိုက်ဒ်ကို ယောင်ရမ်းပြီးဝင်ရောက်ကြည့်ရှုမိသော သူများအတွက် ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာပြီး လိုရာဆန္ဒပြည့်စုံနိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။ ဤဆိုက်ဒ်တွင် ပအိုဝ်းလူမျိုးအကြောင်းကိုစိတ်ဝင်စားသူများ၊ပအိုဝ်းလူမျိုးကိုချစ်မြတ်နိုးသောသူများအတွက် ပအိုဝ်းလူမျိုး၏ သမိုင်းကြောင်း၊ ယဉ်ကျေးမှုထုံးစံ၊ ဘာသာစကားပြောဆိုမှု၊ ပွဲတော်များ၊ အစားအစာများနှင့် အခြားဗဟုတုတများကို တတ်နို်င်သရွေ့တင်ပြပေးသွားမည်ဖြစ်ပါတယ်။
Blogger Tips and TricksLatest Tips And TricksBlogger Tricks

Tuesday, February 11, 2014

နိဗ္ဗာန်ရောက်ချင်ရင် ငါ့ကိုမချစ်နဲ့


တခါတုံးကရွာတရွာမှာအလွန်ချမ်းသာတဲ့လူတယောက်ရှိတယ်သူဟာဘာသာရေးကိုအလွန်လေးစားတယ်သူမှာတဦးတည်းသောသမီးလေးကိုလည်းအလေးထားစေတယ်တနေ့တော့သူဟာရွာမှာဘုန်းတော်ကြီးကျောင်းတကျောင်းဆောက်လုပ်ပြီးစာပေတတ်တဲ့သံဃာတော်တပါးပင့်ပြီးလှူဒါန်းထားတယ်။ ကျောင်းတင်မဟုတ်ဘဲ ဆွမ်းသင်္ကန်း ကျောင်း ဆေးပစ္စည်းလေးပါးလှူဒါန်းတဲ့ဒကာကြီးမိသားစုပေါ့သမီးပျိုလေးကလည်း၁၇ နှစ်ဝိပဿနာသတိပဋ္ဌာန်တရားတွေကိုလည်းတရိုတသေလိုက်စားတယ်။ ကျောင်းကိုလည်းနေ့စဉ်နေ့တိုင်းသွားပြီးဆွမ်းပို့တာကိုသူပဲတာဝန်ယူထားပြီးအပျက်မကွက်ပို့တယ်မသိတဲ့တရားတွေလည်းဘုန်းတော်ကြီးဆီမေးပေါ့ဒီလိုနဲ့သမီးလေးဟာကျောင်းကိုသွားပြီးဆွမ်းတွေပို့တရားဓမ္မတွေမေးနဲ့အရွယ်နဲ့မလိုက်တရားဘာဝနာတွေစိတ်ဝင်စားနေတာပေါ့။ တနေ့တော့ဘုန်းကြီးကိုသမီးလေးကမေးတယ် အရှင်ဘုရားဒီကျောင်းကဘယ်သူ့ကျောင်းလည်းဘုရား? နင့်အဖေကငါ့ကိုလှူထားတာငါ့ကျောင်းပေါ့ဟ..လို့ဖြေလိုက်တယ်။ နောက်တနေ့လည်းကျောင်းဒကာသမီးလေးကမေးပြန်တယ်အရှင်ဘုရား ဒီသင်္ကန်းက ဘယ်သူ့သင်္ကန်းလဲဘုရား? ရပ်ရွာရှိဒကာဒကာမတွေကငါ့ကိုလှူထားတော့ငါ့သင်္ကန်းပေါ့ဟ သပိတ်ကရော ငါဆွမ်းခံဖို့လှူထားတာ ငါ့သပိတ်ပေါ့ဟ ဒါဖြင့်ရင်ကျောင်းဝိုင်းထဲမှာပေါက်နေတဲ့သစ်ပင်တွေကရော ငါ့ကျောင်းဝိုင်းထဲကသစ်ပင်တွေ ငါ့သစ်ပင်တွေပေါ့ဟ မေးတိုင်း ငါ့ဥစ္စာ ငါ့ပစ္စည်းရယ်လို့ တငါငါနဲ့ပြောနေတဲ့ဘုန်းကြီးကို ကျောင်းဒကာသမီးလေးမေးလိုက်တယ်။ ဒါဆိုရင် ဘုန်းကြီးကောဘာကြောင့်ဝတ်တာလဲဘုရား? နိဗ္ဗာန်ရောက်ချင်လို့ အေးချမ်းချင်လို့ ပူနေတဲ့ကိလေသာမီးတွေကြောက်လို့ လို့ဖြေလိုက်တယ် ဒါဖြင့်ရင် ဘုန်းကြီးကိုကျောင်းဒကာသမီးက နိဗ္ဗာန်ရောက်ချင်ရင် အေးချမ်းချင်ရင် ငါ့ကိုမချစ်နဲ့ပေါ့လို့ပြောထားခဲ့လိုက်တယ်။ ဘုန်းကြီးကတော့ကျောင်းဒကာသမီးပြောတဲ့စကားတွေတွေးရင်ကျန်နေခဲ့တယ်..ဘုန်းကြီးကဘယ်လိုတွေးသလဲဆိုတော့ သြော်.. ငါ့ကိုတရားပြခဲ့တယ် နိဗ္ဗာန်ရချင်ရင် ငါ့ဥစ္စာ ငါ့ပစ္စည်းရယ်လို့ အစွဲသက္ကာယဒိဋ္ဌိတွေဖြုတ်ပစ်ဖို့ပဲ။ တကယ်တော့ ငါစွဲဟာ လောကီမှာရော လောကုတ္တရာမှာနည်းလေကောင်းလေပဲ ငါရဲ့နှလုံးသားမှာငါစွဲတွေများနေလို့ နေရာပြည့် အချိန်ပြည့် အသိဥာဏ်ကောင်းတွေကို သူတို့တွေကစိုးမိုးထားတယ်။ ငါစွဲတွေဖျောက်ငါ့နှလုံးသားမှာမေတ္တာကရုဏာမုဒိတာဥပေက္ခာလို့ခေါ်တဲ့ ဗြဟ္မဝိဟာရတရားလေးနဲ့အစားထိုးနေလိုက်တာနှင့်အမျှငါ့နှလုံးသားမှာသူတော်ကောင်းတရားတွေ ပေါက်ဖွားရှင်သန်ဖို့နေရာတွေပေါ်လာမှာမြေကြီးလက်ခက်မလွဲပဲဟုတွေးပြီးနေလေရဲ့။ အဲဒီလိုတွေးပြီးကတည်းကဘုန်းတော်ကြီးဟာတရားနဲ့ပဲပျော်နေပါတော့တယ် စကားပြောတော့လည်းတရားဓမ္မနဲ့ပဲ စားတာလဲတရားဓမ္မနဲ့ သွားတာလဲတရားဓမ္မနဲ့ပဲနေတော့တယ်တဲ့ နောက်ဆုံးဘုန်းတော်ကြီးဟာ တရားဘာဝနာမှာပဲပျော်မွေ့ နိဗ္ဗာန်ရောက်ဖို့ကြိုးစာနေတော့တယ် ငါ့ကိုမချစ်တော့ဘူး။ ခုလည်းပြောထားခဲ့တဲ့ပုံပြင်ထဲကလိုပဲလောကလူတွေနဲစာရေးသူအပါဝင် ငါစွဲတွေဖြုတ် ငါ့ဥစ္စာ ငါ့ပစ္စည်းလို့တွေးနေကြတဲ့သူတွေ ငါ့ကိုချစ်နေရင်တော့ ဝေးရအုံးမည်ပေါ့နိဗ္ဗာန်နဲ့။ငါစွဲတွေကိုအတတ်နိုင်ဆုံးဖြုတ်ကြရအောင်လား…….ဓမ္မစမ်းရေ။


No comments:

Post a Comment