ေေ ရေးသားသူ- ထွန်းခိုင်
“သူတည်းတစ်ယောက် ကောင်းဖို့ရောက်မူ သူတစ်ယောက်မှာ ပျက်လင့်ကာသာ ဓမ္မတာတည်း...”
အနန္တသူရိယ
ပုသိမ်မြို့၏အနောက်ဘက်ရှိ အနည်းငယ် မသေမသပ်ပုံစံပေါက်နေသော အိမ်လေးဆီသို့ မျှော်လင့်မထားသည့် ဧည့်သည်အချို့ ယခုနှစ်သြဂုတ်လအတွင်းက ရောက်ချလာသည်။
သူတို့လက်ထဲတွင်တော့ သစ်သားဘောင်ကွပ်ထားသည့် အဖြူရောင်စာရွက်တစ်ခု ပါလာသည်။ အိမ်ထဲရှိ စိတ်ဝေဒနာခံစားနေရသည့် အမေအိုသည် အိမ်မကြီးနှင့် အိမ်ရှေ့အဖီအကြား အမိုးနှစ်ခုဆီမှ ထိုးကျနေသော အလင်းရောင်ကိုအားပြုလျက် စာရွက်ပေါ်မှ စာသားများကို အားစိုက်ဖတ်လိုက်သည်။
ဧည့်သည်ယူလာသည့်စာရွက်ကတော့
သူ၏သားဖြစ်သူသည် လွန်ခဲ့သည့် ၂၅ နှစ်ကျော်က ဖြစ်ပွားခဲ့သည့် နာမည်ကျော် ကြို့ကုန်းစက်မှုတက္ကသိုလ် ပစ်ခတ်မှုတွင် သေဆုံးသွားသည့် ကိုစိုးနိုင်ဖြစ်သည်။ ထိုအရေးအခင်းသည် ကိုဖုန်းမော်အရေးအခင်းဟု လူသိများခဲ့သည်။
ကိုစိုးနိုင် ဆုံးပါးသွားခြင်းကြောင့် စိတ်ဝေဒနာခံစားခဲ့ရသည့် အမေအိုနှင့် သူတို့မိသားစုအဖို့တော့ ထိုဂုဏ်ပြုမှတ်တမ်းက လွန်ခဲ့သည့် ၂၅ နှစ်ကျော်ကဖြစ်ခဲ့သော အဖြစ်အပျက်တစ်ခုဆီကို ပြန်လည်အသက်ဝင်ရောက်ရှိလာစေ
ပညာတော်ပြီး မိသားစုအပေါ် ရည်ရည်မွန်မွန်ဆက်ဆံတတ်သည့်
အစ်မတစ်ယောက်၊ ညီငယ်နှစ်ယောက် အပါအ၀င် မိသားစုခြောက်ဦးရှိသည့် သူတို့မိသားစု၏အနာဂတ်သည် ကိုစိုးနိုင်ဖြစ်ခဲ့သည်။ သူ၏ညီငယ်နှစ်ယောက်အနက် တစ်ယောက်ကစစ်ဗိုလ်၊ နောက်တစ်ယောက်က ဆရာဝန်အဖြစ် မိသားစုက ရည်မှန်းထားသည်။ ရည်မှန်းချက်ကြီးမားသော်လည်
သို့သော်လည်း ပူပြင်းလှသော မတ်လ၏ အပူရှိန်အောက် ကြွေလွင့်ခဲ့သည့် သစ်ရွက်ခြောက်များလို အာဏာရှင်ဦးနေ၀င်းနှင့် သူ၏အပေါင်းအပါများ၏ ရက်စက်သည့် အာဏာစက်အောက်တွင် သူတို့မိသားစု၏ မျှော်လင့်ချက်များ တစ်စစီလွင့်ပါးခဲ့ရသည်။
ဝါဒဖြန့်ချိရေးဇာတ်ကားများတ
အမိန့်နာခံသည်မှလွဲပြီး ဘာမျှလုပ်နိုင်စွမ်းရှိပုံမ
“သူတို့ တကယ်ပစ်တယ်။ တကယ်ကို ရက်ရက်စက်စက်ပစ်ခဲ့တယ်”
သူတို့ပစ်လိုက်သည့် ကျည်ဆန်များထဲမှ တစ်တောင့်က ကျောင်းသားများထဲ ကိုစိုးနိုင်၏ ဘယ်ဘက်ခါးနောက်ကို ထိမှန်သွားခဲ့ပြီး ကိုစိုးနိုင်တစ်ယောက်သည်လည်
“ကျွန်တော်တို့ ဆေးရုံရောက်ပြီးနောက် ၃ နာရီလောက်ကြာမှ ကိုစိုးနိုင်ရောက်လာတယ်”ဟု အသည်းထဲသေနတ်ထိမှန်ခဲ့သည့် ကိုမြင့်ဦးကပြောသည်။
ငြိမ်းချမ်းစွာစုဝေးနေကြသည်
ဒဏ်ရာရနေသော အခြားသူငယ်ချင်းများနှင့် ကိုစိုးနိုင်ကို ဆေးရုံသို့ သယ်ဆောင်မည့် မော်တော်ယာဉ်ကို အာဏာပိုင်များက တားမြစ်ခဲ့သည်။ ဆေးရုံရောက်တော့ ခုတင်တိုင်များနှင့် လူနာများ၏ခြေလက်များကို သံကြိုးများအသုံးပြုကာ ချုပ်နှောင်ထားခဲ့သည်။ ထိုသံကြိုးများကို ကိုစိုးနိုင်သေဆုံးမှသာ အာဏာပိုင်များက ဖြုတ်ပေးခဲ့သည်။
ရန်ကုန်မြို့မှ လေးနာရီခန့်သွားရသည့် ပုသိမ်မြို့တွင်နေထိုင်သည့်
ကိုစိုးနိုင်၏ဖခင်ဖြစ်သူသည်
ကိုစိုးနိုင်ဖခင် ရန်ကုန်ရောက်တော့ သေနတ်ဒဏ်ရာရ သားဖြစ်သူက ဆေးရုံခုတင်နှင့် လက်ထိတ်၊ ခြေထိတ်များ တွဲလျက်။ သေနတ်အပစ်ခံရအပြီး ၂၃ ရက်အကြာ ကိုစိုးနိုင်တစ်ယောက် အသက်ဆုံးခဲ့ရသည်။
“အဖေပြန်ပြောပြတာကတော့ သူဆုံးခါနီးမှာ မိသားစုအပေါ် တာဝန်မကျေခဲ့တာ ခွင့်လွှတ်ပါလို့ မှာသွားတယ်”ဟု ကိုစိုးနိုင်၏အစ်မဖြစ်သူ ဒေါ်မြင့်မြင့်ရီကပြောသည်။
“ဆုံးခါနီးသုံးရက်လောက်မှာ ရဲရဲတောက်တို့ဗမာတွေသီချင်း
ရန်ကုန်တွင် အကျဉ်းချုံးကျင်းပခဲ့ရသည့် အသုဘအပြီး ဖခင်ဖြစ်သူက တိတ်တဆိတ် ပုသိမ်မြို့သို့ ပြန်လာခဲ့ရသည်။ ကိုစိုးနိုင်၏ညီငယ်နှစ်ဦးစ
“အငယ်နှစ်ယောက် စာမေးပွဲပြီးတဲ့နေ့မှ အဖေကပြောတယ်။ ကျွန်မလည်း မြေမှာလူးလှိမ့်ပြီး ငိုခဲ့ရတယ်။ အဖေက ငါနဲ့အတူတူနေချင်ရင် အကျယ်ကြီးမငိုနဲ့။ ငါတို့တွေ အဖမ်းခံရမယ်။ ကျွန်မတို့မိသားစုတွေ ချက်ချင်းပဲ ရက်လည်ဆွမ်းသွတ်ဖို့ စီစဉ်ခဲ့ရတယ်”ဟု ဒေါ်မြင့်မြင့်ဦးကပြောသည်။
ကိုစိုးနိုင်ကိစ္စဖြစ်ပြီးနေ
ရက်စက်မှုအပေါင်း သရဖူဆောင်းခဲ့သည်ဆိုရမည့် ဦးနေ၀င်းနှင့် သူ့နောက်လိုက်များက ဒီတင်မရပ်သေး။ ကိုစိုးနိုင်၏ညီ ဆယ်တန်းကျောင်းသားများကိုပါ
“အစ်ကိုဆုံးတဲ့နှစ်မှာ ကျွန်တော်စာမေးပွဲရှုံးတယ်။ ဖြေနိုင်ရက်သားနဲ့ မအောင်ခဲ့ဘူး။ အဲဒီတုန်းက (ခ)အဆင့်နဲ့ အအောင်ပေးတာလည်းရှိတယ်။ ဒါပေမဲ့ (ခ)တောင်မပါဘူး။ အားလုံးကနားလည်လိုက်တယ်။ တမင်လုပ်တာလို့”ဟု ကိုစိုးနိုင်၏ညီငယ် ကိုအောင်ကျော်စိုးကပြောသည်။
နောက်တစ်နှစ်ဆက်နေတော့ သူ့အစ်ကိုလိုပင် ဂုဏ်ထူးနှစ်ဘာသာဖြင့် အောင်မြင်ခဲ့သည်။ သို့သော်လည်း အတိတ်ကအကြောင်းများကြောင့် ပညာရေးကို သူစွန့်လွှတ်လိုက်သည်။
ကိုစိုးနိုင်၏ဖခင်တစ်ယောက်လ
လွန်ခဲ့သော ၂၅ နှစ်ကျော်က လုံထိန်းရဲဘော်ပစ်လိုက်သည့်
သမိုင်းဝင်ရှစ်လေးလုံးအရေးေ
လူသန်းပေါင်းများစွာ ပူးပေါင်းပါဝင်ခဲ့သည့် တစ်ပါတီအာဏာရှင်စနစ် တော်လှန်ရေးကာလအတွင်း အရေအတွက်အတိအကျ မသိနိုင်သည့်နိုင်ငံသားများ
“ကျွန်မတို့မိသားစု ပြိုလဲရတာ စိုးနိုင်လုပ်ခဲ့တာကြောင့်ဆ
ပြီးတော့ အဝေးကိုငေးနေခဲ့သည်။ ယိုင်တိယိုင်တိုင်အိမ်လေး၏ နံရံထက်တွင်တော့ ဧည့်သည်များယူဆောင်လာသည့် ဂုဏ်ပြုလက်မှတ်က ချိတ်ဆွဲလျက်ရှိနေခဲ့သည်။
ပအိုဝ်းခမ်းတန်မှ တင်ထားသော ပို့စ်များကို အားပေးမှုအတွက် ကျေးဇူးတင်ပါတယ်။ like...လုပ်ပြီး member ...ဝင်ပေးခြင်းဖြင့် ဆက်လက်အားပေးပါဦး။ ပအိုဝ်းခမ်းတန် ..............ကျေးဇူးတင်ပါသည်.................

No comments:
Post a Comment