“တစီးထီ” မှာ ပအိုဝ်းစကားဖြစ်၏။ ဆေးရည်ဟု အဓိပ္ပါယ်ရသည်။ အခြားတိုင်းရင်း သားများက ဆေးတော်ဝါး ဟုတင်စားခေါ်ဝေါ်ကြသည်။ တစီးထီသည် ဆေးရည်ဟု အဓိပ္ပါယ်ရသည်ကို ထောက်ခြင်း အားဖြင့် ပအိုဝ်းတိုင်းရင်းသား တို့သည် ဆေးအဖြစ် မှီဝဲ၍ သောက်ကြကြောင်း ထင်ရှားသည်။ ပအိုဝ်းတိုင်း ရင်းသားတို့သည် ဤဆေးစိမ်ရည်ကို မှီဝဲခြင်းအားဖြင့် ဆီးနှင့်ဝမ်းမှန်စေသည်။ အကြောအခြင်ကောင်း စေသည်ဟု ယူဆကြသည်။ အသက်ရှည်စေသည့် အာယုဝမန ဆေးတစ်ပါးဖြစ်သည်ဟု ယူဆကြ၏။
’’တစီးထီ’’ ခေါ် ဆေးရည်စိမ်နည်းမှာလက်ပံပင်အမြစ်၊ ညောင်မြစ်၊ ကြံမဲပင်အမြစ် ( ဝါ ) အရိုး၊ ထင်းရူးနှစ် (ဝါ) အမြစ်၊ ဇာတိပ္ဖိုလ်သီး ဇာတိပ္ဖိုလ်ပွင့်၊ လေညင်း၊ ကုက္ကရာ၊ လိပ်ကျောက်ဆူး၊ ကြွေ၊ ပန္နု၊ ပမ္မ၊ သမန်းမြက်ပင်အမြစ်၊ ဂမုန်း၊ ဥပါသကာ ခပ်များများတို့ကို တစ်ကျပ်စီစုရသည်။ ဥပါသကာကိုနှစ်ကျပ်သား ခန့်ထည့်ရသည်။
ဤပစ္စည်းများကိုစုဆောင်းရရှိပြီးသောအခါ မကြမ်းမနုလှီးဖြတ်ရသည်။ ထိုနောက်ဖျင်ကြမ်းဖြင့် ထုပ်၍ စဥ့်အိုးထဲတွင်ထန်းလျက် ခပ်များများကို ထည့်ကာစိမ်ရ၏။ ရင်ကြာကြာစိမ်လေလေ၊ ပို၍ကောင်း လေလေ ဖြစ်သည်။ ဤဆေးရည်စိမ်နည်းကို ကျန်စစ်သား ဆေးရည်စိမ်နည်းဟုခေါ်သည်။
’’ တစီးထီ ’’ ခေါ်ဆေးတော်ဝါး၏ အာနိသင်မှာ ဆီးရွင်စေ၏။ ထို့ကြောင့်တချို့က ’’ပအိုဝ်းဘီယာ’’ ဟု ကင်ပွန်းတပ်ကြသည်။ ဆားနှင့်ရောသောက်ပါက ဝမ်းသက်စေသည်။ များများသောက်ပါက ယစ် လာ၏။ တောင်ကြီးမြို့၊ အရှေ့ဘက်ရှိ ထီသိမ်ရွေးရွာတွင် ’’ တစီးထီ ’’ ခေါ် ပအိုဝ်းဘီယာများကို တောင်ကြီး မြို့ပေါ်မှလူများ၊ အတော်များများလာသောက်ကြသည်။ အချို့ကပို၍ မူးစေအောင်အရက်များများနှင့် ရောစပ်၍သောက်ကြသည်။
’’ တစီးထီ ’’ ခေါ် ဆေးတော်ဝါး၏ အာရသာမှာရက်အကြာကြာမစိမ်ပါက ချိုသောအရသာရှိ၏။ ရက်အကြာကြာစိမ်ထားပါက ချဉ်စုတ်စုတ်အရသာရှိ၏။ ပအိုဝ်းတိုင်းရင်းသားတို့သည် ဤဆေးရည်ကို အလုပ်ခွင်မှပင်ပင်ပန်းပန်းပြန်လာချိန်တွင် လည်းကောင်း၊ ထမင်းမစားမီတွင်လည်းကောင်း အမျိုးသားရော အမ်ျိုးသမီးပါမှီဝဲလေ့ရှိကြသည်။
ပအိုဝ်းခမ်းတန်မှ တင်ထားသော ပို့စ်များကို အားပေးမှုအတွက် ကျေးဇူးတင်ပါတယ်။ like...လုပ်ပြီး member ...ဝင်ပေးခြင်းဖြင့် ဆက်လက်အားပေးပါဦး။
ပအိုဝ်းခမ်းတန်
..............ကျေးဇူးတင်ပါသည်.................
No comments:
Post a Comment