မင်္ဂလာပါခင်ဗျား …….ကျွန်တော့် ဆိုက်ဒ်ကို ယောင်ရမ်းပြီးဝင်ရောက်ကြည့်ရှုမိသော သူများအတွက် ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာပြီး လိုရာဆန္ဒပြည့်စုံနိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။ ဤဆိုက်ဒ်တွင် ပအိုဝ်းလူမျိုးအကြောင်းကိုစိတ်ဝင်စားသူများ၊ပအိုဝ်းလူမျိုးကိုချစ်မြတ်နိုးသောသူများအတွက် ပအိုဝ်းလူမျိုး၏ သမိုင်းကြောင်း၊ ယဉ်ကျေးမှုထုံးစံ၊ ဘာသာစကားပြောဆိုမှု၊ ပွဲတော်များ၊ အစားအစာများနှင့် အခြားဗဟုတုတများကို တတ်နို်င်သရွေ့တင်ပြပေးသွားမည်ဖြစ်ပါတယ်။
Blogger Tips and TricksLatest Tips And TricksBlogger Tricks

Saturday, April 2, 2016

ကိုယ့်စိတ်ကို မနှိပ်စက်ပါနဲ့"



ကိုယ့်ကို နှိပ်စက်နိုင်နေတဲ့ အတွေးတွေ မတွေးပါနဲ့။

ကိုယ့်စိတ်ကို ပူလောင်စေတဲ့ အတွေးတွေ မတွေးပါနဲ့။

ကိုယ့်အပေါ် မကောင်းတဲ့သူတွေအကြောင်း မတွေးပါနဲ့။

ကိုယ့်ကို မခေါ်ချင်တဲ့ သူတွေအကြောင်း မတွေးပါနဲ့။

ကိုယ့်ကို ဂရုစိုက်သူတွေအကြောင်း မတွေးပါနဲ့။

ကိုယ့်စေတနာကို နားမလည်သူတွေအကြောင်း မတွေးပါနဲ့။


ကိုယ့်အပေါ် သစ္စာ မရှိတဲ့ သူတွေအကြောင်း မတွေးပါနဲ့။

ကိုယ့်အပေါ် လိမ်ညာလှည့်စားသူတွေအကြောင်း မတွေးပါနဲ့။

ကိုယ့်ကို မုန်းတဲ့ သူတွေအကြောင်းလည်း မတွေးပါနဲ့။

ကိုယ့်ကို မချစ်လို့ ကျောခိုင်းထွက်သွားတဲ့ သူတစ်ယောက်အကြောင်း မတွေးပါနဲ့။

"မတွေးပါနဲ့"

အဲ့ဒီသူတွေအကြောင်း မတွေးပါနဲ့။

အဲဒီအကြောင်းတွေတွေးမိနေသမျှ" ကိုယ့်စိတ်ကို နှိပ်စက်နေလို့" ကိုယ့်မှာ စိတ်ချမ်းသာမှုဆိုတာ ဘယ်တော့မှရနိုင်ဖို့ မလွယ်ပါဘူး။

ဒါ့ကြောင့်"

ကိုယ့်စိတ်ကို ချမ်းသာအောင် တွေးပါ။
နားလည်ပေးနိုင်မယ့်အတွေးသာ တွေးပါ။
မေတ္တာပွားနိုင်ဖို့ တွေးပါ။

ခွင့်လွှတ်နိုင်အောင် ကြိုးစားဖို့ တွေးပါ။

အမုန်းမပွားဖို့ပဲ တွေးပါ။

မေတ္တာထားခြင်းသည် အကောင်းဆုံးလက်စားချေခြင်းပါပဲ။

-------------
ကိုယ့်စိတ်ကို နှိပ်စက်နိုင်ဆုံးသူဟာ"
ကိုယ်ကိုတိုင်သာ ဖြစ်ပါတယ်။

တစ်ခြားသူတွေဟာ ကိုယ့်စိတ်ထဲကို ဝင်လာပြီး နှိပ်စက်လို့ မရပါဘူး။

အဲ့ဒီသူတွေကို ကိုယ့်စိတ်ထဲမှာထားပြီး" ကိုယ့်ကိုယ်ကိုပြန်နှိပ်စက်နေတာပါပဲ။

ကိုယ့်အတွေးတွေနဲ့ ကိုယ့်ကိုယ်ကိုပြန်ပြီး မနှိပ်စက်ပါနဲ့တော့"

လူ့ဘဝက တိုတောင်းလွန်းလှပါတယ်။
ခဏတာ ရလာတဲ့ လူ့ဘဝလေးမှာ ကိုယ့်ကိုယ်ကို ပျော်ရွှင်အေးချမ်းမှုရအောင် ကိုယ်တိုင်လုပ်ယူဖန်တီးပြီး ပျော်ပျော်နေနိုင်ဖို့ အရေးကြီးပါတယ်။

ငယ်ငယ်ကလည်း ငိုခဲ့ပြီးပြီ"
အရွယ်ရောက်တော့လည်း ငိုခဲ့ပြီးပြီ"
မနေ့ကလည်း ငိုခဲ့ပြီးပြီ" ဒီနေ့လည်း ငိုခဲ့ပြီးပြီ" မနက်ဖြန်ကစပြီး ရယ်နိုင်ဖို့ကြိုးစားပါ" လူ့ဘဝတိုတိုလေးမှာ အမြဲတမ်းငိုနေရရင် " လူဖြစ်ရှုံးပါတယ်။

"ကိုယ့်စိတ်ကို မနှိပ်စက်ပါနဲ့တော့"

Cr ; ဒိုက်ဒိုက်-မြင်းခြံ
ပအိုဝ်းခမ်းတန်မှ တင်ထားသော ပို့စ်များကို အားပေးမှုအတွက် ကျေးဇူးတင်ပါတယ်။ like...လုပ်ပြီး member ...ဝင်ပေးခြင်းဖြင့် ဆက်လက်အားပေးပါဦး။ ပအိုဝ်းခမ်းတန် ..............ကျေးဇူးတင်ပါသည်.................

No comments:

Post a Comment