အင်္ဂလိပ်ခေတ် ပဒေသရာဇ်ရှမ်းပြည်(၁၈၈၆)ခုနှစ်၊ ဇန်နဝါရီလ(၁)ရက်နေ့တွင် အင်္ဂလိပ်ဝိတိုရိယ ဘုရင်မသည် မြန်မာဘုရင်သီပေါမင်း ပိုင်ဆိုင်သောနယ်မြေအားလုံးကို သိမ်းယူလိုက်ပြီဖြစ်ကြောင်း အိန္ဒိယ ဘုရင်ခံချုပ်လောဒတ်ဖရဲန်းက ထုတ်ပြန်ကြေငြာပေးခဲ့သည်။ (၁၈၈၉) ခုနှစ်တွင် ဗမာပြည်ဥပဒေအတွက် အက်ဥပဒေကိုထုတ်ပြန်ခဲ့ပြီး ရှမ်းပြည်နယ်တွင်ရှိသော စော်ဘွား၊ မြို့စားများနှင့် အခွန်တော်ရေးရာအကြီးအကဲများကို အင်္ဂလိပ်ဘုရင်ခံတို့က မြို့စားနယ်စားများကို တရားဝင်ပြန်လည်ရွေးချယ်ခဲ့လေသည်။ ပြည်မတွင် ပဒေသရာဇ်စနစ်ပျက်ပြုန်းသွားသော်လည်း ရှမ်းပြည် နယ်တွင်ရှိသောစော်ဘွားများသည်
မြို့စားနယ်စားများအနေဖြင့်ပဒေသရာဇ်စနစ်ကိုကျင့်သုံးနေမြဲဖြစ်သည်။ (၁၉၈၉)ခုနှစ်၊ အောက်တိုဘာလ (၁)ရက်နေ့တွင် ရှမ်းပြည်တောင်ပိုင်းနှင့် မြောက်ပိုင်းကိုစုစည်း၍ အင်္ဂလိပ်တို့က ပဒေသရာဇ်ရှမ်းပြည်ဟုကြေငြာပေးခဲ့သည်။ (၁၉၂၃) ခုနှစ်၊ ဇန်နဝါရီလ(၂)ရက်နေ့တွင် ခေတ်နောက်ပြန်ဆွဲသော ပဒေသရာဇ်စနစ်ကို အင်္ဂလိပ်တို့ဖန်တီးခဲ့သည်။ (၁၉၄၅)ခုနှစ်၊ သြဂုတ်လ (၁၉) ရက်နေ့တွင်ကျင်းပသော (ဖတလဖ) “ ဖက်ဆစ်တိုက်ဖျက်ရေးလွတ်လပ်ရေးအဖွဲ့” နေသူရိန်အစည်းအဝေး သတ်မှတ်ချက်အရအောက်ပြည်လွတ်လပ်ရေးရရှိလျှင် တိုင်းရင်းသားများသည်လည်း လွတ်လပ်ရေးအတူ တူရမည့်အကြောင်းကိုပါ ကြေငြာခဲ့သည်။ နိုင်ငံရေးအတွေ့အကြုံများရင့်ကျက်သော ရှမ်းပြည်လူငယ်အဖွဲ့သည် အောက်ပြည်လွတ်လပ်ရေးရ ရှိလျှင် တောင်တန်းဒေသသည်လည်း တပြိုင်နက်တည်းလွတ်လပ်ရေးရရှိရန်အတွက် (၁၉၄၆) ခုနှစ်၊ စက်တင်ဘာလ(၂၀)ရက်နေ့တွင် ရှမ်းပြည်လွတ်လပ်ရေးအဖွဲ့ (ရပလ)ကိုတည်ထောင်ခဲ့သည်။ ရှမ်းပြည် လွတ်လပ်ရေးအဖွဲ့ခေါင်းဆောင်များမှာ ဒေါက်တာဘအေး (ဥက္ကဌ)၊ ဦးထွန်းမြတင့် (အတွင်းရေးမှူး) တောင်ကြီး၊ စည်းရုံးရေးအဖွဲ့ဝင်များမှာ ဦးအုန်းသွင် (သီပေါ)၊ ဦးသန့်ဖေ (မိုးမိတ်)၊ ဦးစံတင် (နမ့်မတူ) တို့ဖြစ်ပြီး ပြန်ကြားရေးအဖွဲ့ဝင်များမှာ သူရဦးထွန်းဖေ၊ ဦးအေးမောင်၊ ပန်းချီ ဦးစံဖေ၊ ဦးဘဖြူ၊ ဦးအုန်းဖေ၊ ဘဏ္ဍာရေးမှူးမှာ ဦးဘအေး တို့ဖြစ်ကြသည်။ (၁၉၄၉)ခုနှစ်၊ နှောင်းပိုင်းတွင် (ရပလ) ကိုပြန်လည်ဖွဲ့စည်း၍ ဦးတင်အေး (ရှမ်းပြည်)၊ ဦးခွန်စော၊ ဦးခွန်ထီး တို့ပါဝင်လာပြီး (ရပလ)အဖွဲ့ချုပ်တွင် ပအိုဝ်းအမျိုးသားခေါင်းဆောင်ကြီး ဆီဆိုင်စော်ဘွား စဝ်ခွန်ကြည်သည်လည်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့တွင် ပါဝင်ခဲ့လေသည်။ ပဒေသရာဇ်စနစ်ဆန့်ကျင်တော်လှန်ရေးအတွက် အုတ်တချပ်၊ သဲတပွင့်ပါဝင်ခဲ့သော ပအိုဝ်းအမျိုး သားခေါင်းဆောင်အချို့မှာ ဟိန်တိထွဉ် (တောင်ကြီး)၊ ဦးနန္တာဟိန် (စငေါ)၊ ထွက်အောင်သား(စငေါ)၊ ထွက်အောင်သား (နောင်ကား)၊ ဗိုလ်ဟိန်မောင် (ဖာမွန်း)၊ ဦးရွှေ (တောင်ကြီး)၊ ဆရာမွန် (တောင်ကြီး)၊ ဖြားမော်ဟဲုင် (ဆောင်းဖို့)နှင့် ကျောင်းသားတပ်ဖွဲ့ ဗိုလ်ထွန်းရင်လော (ရှမ်းပြည်နယ်ကောင်စီ ဥက္ကဌဟောင်း) စသည်တို့ဖြစ်ကြသည်။ ခေါင်းဆောင်ကြီး စော်ဘွားစဝ်ခွန်ကြည်သည် အင်္ဂလိပ်နှင့်စော်ဘွားများ လက်မှတ်ရေးထိုးခဲ့ကြ သော (ခွဲခြားအုပ်ချုပ်ရေး) (Scheolule Area Administretion Rigulation) သည် ရှမ်းပြည်လူထုအတွက် အကျိုးသက်ရောက်မှုမရှိသည့်အကြောင်းသိခဲ့ရ၍ (ရှမ်းပြည်၏အမှားများ)ဟူသောစာအုပ်ကို အင်္ဂလိပ်၊ မြန်မာနှစ်ဘာသာဖြင့် ရေးသားထုတ်ဝေခဲ့လေသည်။ (၁၉၃၄)ခုနှစ် ဂျပန်ကလွတ်လပ်ရေး အတုအယောင် ကိုပေးပြီး ကျိုင်းတုံနယ်နှင့် မိုင်းပန်နယ်တို့ကို ထိုင်းနိုင်ငံသို့ပေးအပ်ပြီး ကျန်ရှိနယ်အချို့ကို ဗမာပြည်သို့သွတ် သွင်းပေးခဲ့သည်။ ထို့ကြောင့် နိုင်ငံရေးနိုးကြားမှုများရှိလာသော ရှမ်းပြည်လူငယ်များသည်အသိပညာ၊အတတ်ပညာရှင်များနှင့် လက်တွဲ၍နယ်ချဲ့ဆန့်ကျင်ရေး လွတ်လပ်ရေးရရှိရေးအတွက် လှုပ်ရှားခဲ့ကြသည်။ စုံစမ်းရေးအဖွဲ့နှင့်စော်ဘွားများ ၁၉၄၈ခုနှစ်၊ ဇန်နဝါရီလ(၃)ရက်နေ့ပထမအကြိမ်ပြည်နယ်ဥက္ကဌရွေးရာတွင် ဦးထွန်းမြင့်(လင်းခေး) သည်ရွေးချယ်တင်မြောက်ခြင်းခံရပြီး ရှမ်းပြည်နယ်(၃)နယ်နှင့် အုပ်ချုပ်ရေးစနစ်ပြောင်းလဲရေးအတွက် စုံစမ်းရေးအဖွဲ့ကိုဖွဲ့စည်း၍အောက်ပါ (၅)ချက်ကိုချမှတ်ခဲ့ကြသည်။ ၁။ တောင်တန်းဒေသ အခွန်တော်ဘဏ္ဍာရေးကိစ္စများသည် ဗဟိုကော်မီတီအဖွဲ့မှ တိုက်ရိုက်ကိုင်တွယ်ရန်။ ၂။ တောင်တန်းဒေသတွင်းရှိ ရဲ(လဲဗီး)တို့ကို ဗဟိုကော်မီတီမှ တိုက်ရိုက်ကိုင်တွယ်ရန်။ ၃။ နယ်ပိုင် (မြို့စား၊ ဟိန်၊ ထမုံ၊ ကျော့) များသည် လူထုဆန္ဒအရ ရွေးချယ်တင်မြောက်ရန်။ ၄။ လောင်းကစားဝိုင်းများ အားလုံး လုံးဝပိတ်ပင်ထားရမည်။ ၅။ တောင်တန်းဒေသရှိ နယ်ထိန်းများသည် တစ်နယ်နှင့်တစ်နယ်ပြောင်း၍ အုပ်ချုပ်ရမည်ဟူ၍ဖြစ်သည်။ ဦးထွန်းမြင့်(လင်းခေး) ဥက္ကဌ၏ဆန္ဒကိုယူ၍ တောင်တန်းဒေသစုံစမ်းရေးအဖွဲ့ကို အောက်ပါအတိုင်း ဖွဲ့စည်းခဲ့ကြသည်။ (၁) ဦးထွန်းအေး (ရှမ်းပြည်မြောက်ပိုင်းအမတ်) (၂) ဦးဘစံ (ရှမ်းပြည်တောင်ပိုင်းအမတ်) (ယ္ခု (ဗကပ) ကန်တော်ကြီးမြို့နယ်ခွေးငူ အရပ်တွင်ကျဆုံး) (၃) ဦးထွန်းအုံ (ရှမ်းပြည်တောင်ပိုင်းအမတ်) (၄) ဦးဖြူ (ဖြားဗွာ ဦးဖြူသထုံစော်ဘွားကိုယ်စား) (၅) စဝ်ခွန်ပန်းစိန် (ရှမ်းပြည်တောင်ပိုင်း) (၆) ဦးအေးမောင် (နိုင်ငံတော်တရားရေးဝန်ကြီးချုပ်) (၇) ဒူးဝါးဇော်ဘ (ကချင်ကိုယ်စားလှယ်) (၈) ဦးချန်ထွန်းအောင် (ရှေ့နေချုပ်) (၉) ဦးမြင့်ထူး (တောင်တန်းဒေသအတွက် အကြံပေးပုဂ္ဂိုလ်) စသည်တို့ဖြစ်ကြသည်။ ဦးထွန်းမြင့်(လင်းခေး) ပြည်နယ်ဥက္ကဌမှ ကြေငြာချက်များထုတ်ပြန်ပြီးနောက် (၁၉၄၈) ခုနှစ်မတ်လ တွင် တောင်ကြီးမြို့၌အစည်းအဝေးကျင်းပပြီး ညောင်ရွှေမြို့နှင့်မိုင်းကိုင်မြို့တို့တွင် ဦးထွန်းမြင့်(လင်းခေး) ခေါင်းဆောင်၍ ရှမ်းပြည်စုံစမ်းရေးအဖွဲ့တို့သည် စော်ဘွားတို့၏ကန့်ကွက်မှုကိုခံရကာ (ရပလ)အဖွဲ့ အပါအဝင် စော်ဘွားများကိုဆန့်ကျင်ကြသော အဖွဲ့များကိုစော်ဘွားများ၏ရန်သူအဖြစ် သတ်မှတ်ကြောင်း၊ (ရပလ)အဖွဲ့ ပျက်စီးရေးအတွက် တိုက်ထုတ်ရမည်ဆိုသည့်အကြောင်းကို မတ်လ(၃၀)ရက်နေ့အစည်း အဝေးတွင် စော်ဘွားများကချမှတ်ခဲ့သည်။ (၁၉၄၈)ခုနှစ် မတ်လ(၃၁)ရက်နေ့ မိုင်းကိုင်မြို့နယ်တွင် ကျင်းပသောအစည်းအဝေးတွင် ဦးထွန်းမြင့် (လင်းခေး)မှ ထုတ်ပြန်ခဲ့သောမူ(၅)ချက်ကို စော်ဘွားများလုံးဝသဘောမတူသည့်အကြာင်း (ရလပ)အဖွဲ့ဝင်များကို သာရေးနာရေးများတွင်လုံးဝမကူရကြောင်း (ရပလ)အဖွဲ့ကိုကူညီသော ဘုန်းကြီး ကျောင်းကိုလည်း လုံးဝမကိုးကွယ်ရကြောင်း အသက်(၁၈)နှစ်ပြည့်သူတိုင်း စော်ဘွားအဖွဲ့ထဲ ဝင်ရမည် ဖြစ်ကြောင်း မဝင်လျှင် ပြစ်ဒဏ်ပေးအရေးယူမည်ဖြစ်ကြောင်း တင်ပြခဲ့ကြသည်။ စော်ဘွားများ၏ ခြောက်လန့်မှုကြောင့် စုံစမ်းရေး အဖွဲ့ (၉)ယောက်တွင်ပါဝင်သော ဦးဖြူ (ပအိုဝ်း)၊ စဝ်ခွန်ပန်းစိန် (ပလောင်)နှင့် ဒူးဝါးဇော်ဘ တို့အသီးသီး နှုတ်ထွက်ခဲ့ကြသည်။ ဦးထွန်းမြင့်(လင်းခေး)ခေါင်းဆောင်သော စုံစမ်းရေးအဖွဲ့သည် ပဒေသရာဇ်စနစ်ဆန့် ကျင်ရန်အတွက်လှုံ့ဆော်ပေးခဲ့သည်သာမက ရှမ်းပြည်ရှိ ပြည်ထောင်စုအမျိုးသားများအား နိုင်ငံရေးနိုးကြားမှု မျိုးစေ့ချပေးခဲ့သည်။ ပဒေသရာဇ်စနစ်တော်လှန်ရေးအင်အားကြီးမားလာခြင်း ပဒေသရာဇ်တို့၏ဖိနှိပ်မှုကိုမခံနိုင်၍ ပအိုဝ်းဒေသတွင်ရှိသော ပအိုဝ်းတိုင်းရင်းသားတို့သည် ပဒေသ ရာဇ်စော်ဘွားများကို ပြန်လည်ဆန့်ကျင်တော်လှန်ကြ၍ ရှမ်းပြည်တစ်ဝှမ်းလုံးပျံ့နှံ့ခဲ့လေသည်။ ဂန္ဓမာဆရာ တော် (နောင်ဟဲင်ကြီး) ဦးဆောင်၍ (၁၉၄၆) ခုနှစ်တွင် (ဒုစရိုက်ပပျောက်ရေးအဖွဲ့) ကိုဖွဲ့စည်း၍ ထီပုံ၊ နောင်ဟဲင်ကြီး၊ ထီတွိုင်၊ ထီခေါင်၊ ပင်တွန်ရွာ၊ ပင်လဲမ်း၊ ထမ်းပေး(ထီပုံအနောက်) ကျောက်တစ်လုံး၊ ဆောင်းဖို့တို့မှစ၍ ပအိုဝ်းတိုင်းရင်းသားစုစည်းကာ ပဒေသရာဇ်စနစ်ကိုတော်လှန်ခဲ့ကြသည်။ မော်ဟဲုင်း (ဆောင်းဖို့)၊ မော်ဖာဒွီး(နောင်ဟဲင်)စသောပုဂ္ဂိုလ်တို့သည် အဖွဲ့ကော်မီတီဆရာတော်(ထီပြွန်) ညီအကို(၅) ယောက်နေခဲ၊ ထွက်နန္တီး၊ တတီး (နောင်ဟဲင်) တကွိ့ဒွီး၊ မော်တိကွံ(ပင်တွန်း)နှင့် ရှမ်းဆရာစသောသူတို့မှာ စစ်ဖက်ဆိုင်ရာတပ်ဗိုလ်များဖြစ်ကြသည်။ တချွန်းလော်လီ (လျင်မြန်စွာသွားနိုင်ပြေးနိုင်သောလော်လီကား) နှင့် ဆရာမှတ်(နောင်ဟဲင်)တို့သည် ဆရာတော်၏တပ်ဗိုလ်များဖြစ်ကြသည်။ ဂန္ဓမာဆရာတော်ဘုရား၊ ထီခေါင်ဆရာတော်ဘုရား (ဂန္ဓမာဆရာတော်၏အစ်ကို) ပင်လဲမ်းဆရာတော်ဘုရားနှင့် ဦးဇင်းကြီး(လုံးဖိုး) စသောရဟန်းသံဃာတို့သည် ပဒေသရာဇ်စနစ်တော်လှန်ရေးအတွက် ပြည်သူလူထုကိုစုစည်း၍ ထီခေါင်၊ ပင်တွန်မြောက်ပိုင်း၊ နောင်ကားတောင်ပိုင်းအရပ်များတွင် ဆန့်ကျင်လှုပ်ရှားခဲ့ကြသည်။ ဝန်ကြီးလှဖေ (ပအိုဝ်းဖြားဗွာလှဖေ-ယခင်ဒုဥက္ကဌ KNU)သည် ပထမအကြိမ်ပင်လုံညီလာခံမှပြန် လာ၍ဒုစရိုက်မှုပပျောက်ရေးအဖွဲ့ကိုစုစည်း၍ ပဒေသရာဇ်စနစ်တိုက်ဖျက်ရန်အတွက် အင်အားစုစည်းခဲ့ရာ တိုက်ပွဲအရှိန်အဟုန်ကြီးမားလာခဲ့သည်။ ညောင်ရွှေမှတက်လာသော စော်ဘွားရဲ(လဲဗီး)တို့သည် ပအိုဝ်းအ မျိုးသားများကိုဖိနှိပ်ရက်စက်မှုကြောင့် ရရာလက်နက်များကိုကိုင်ဆောင်ပြီး ပြန်လည်ခုခံခဲ့ရာ ရှမ်းပြည်တစ်ခု လုံးတွင်ပျံ့နှံ့ခဲ့လေသည်။ ဒုစရိုက်မှုပပျောက်ရေးအဖွဲ့ခေါင်းဆောင်သော ပအိုဝ်းတိုင်းရင်းသားတို့ သည်လည်း ထိခိုက်သေဆုံးမှုများပြားပြီး စော်ဘွားလက်ကိုင်တုတ်များသည်လည်း အဆုံးအရှုံးပင်ကျဆုံး ခဲ့လေသည်။ စော်ဘွားမှ စစ်တပ်ရဲများကိုထပ်မံစေလွှတ်၍ ကျောက်တလုံး၊ နောင်ခဲုင်း၊ နောင်ဟဲင်း၊ ဆောင်းဖိုးဒေသများ တွင်မီးရှို့ဖျက်ဆီးပြစ်ခဲ့ခြင်းကြောင့် ပဒေသရာဇ်စနစ်တော်လှန်ရေးစိတ်ဓါတ်သည် ပို၍ပင်ပြင်းထန်အားကြီး လာခဲ့သည်။ ပဒေသရာဇ်စနစ်တော်လှန်ရေး ကျယ်ပြန့်စေရန်အတွက် (၁၉၄၇)ခုနှစ်တွင် ပအိုဝ်းလှိုင်းဗူးကို ပြန်လည်ဖွဲ့စည်းခဲ့သည်။ ဥက္ကဌမှာ ဦးဘိုးခင်(တောင်ကြီး)၊ အတွင်းရေးမှူးမှာ ဦးခန်းခိုင်(အင်းလေးကန်) တို့ဖြစ်ကြသည်။ “ပအိုဝ်းလှိုင်းဗူး” အဖွဲ့သည်စနစ်မှန်ကန်၍ ပဒေသရာဇ်စနစ်တိုက်ဖျက်ရန်အတွက် အားအင်အပြည့်ဖြင့်ပြန်လည်ဖွဲ့စည်းနိုင်ခဲ့သည်။ ရှမ်းပြည်တွင်ရှိသော ပဒေသရာဇ်စနစ်တော်လှန်ရေးအဖွဲ့ များတွင် ပအိုဝ်းတိုင်းရင်းသားအဖွဲ့သည် ထင်ရှားခဲ့လေသည်။ ပဒေသရာဇ်စနစ် ပျက်ပြယ်ရန်အတွက် (၁၉၄၉)ခုနှစ်တွင်ပေါ်ပေါက်လာသော ပအိုဝ်းအမျိုးသားလွှတ်မြောက်ရေးအဖွဲ့ (ပအလဖ)သည် ဥပဒေ ဘောင်အတွင်းမှ ပဒေသရာဇ်များကိုဆန့်ကျင်ရာတွင် ထင်ရှားခဲ့သည်။ စော်ဘွားသည် ဥပဒေပြဌာန်းချက် များကိုအခွင့်အရေးယူ၍ ကိုယ်ကျိုးအတွက်အကျိုးအမြတ်ရှာကြသောကြောင့် တိုင်းရင်းသားများကလုပ် သမျှအကျိုးခံစားခွင့်ရစေရန် ပြည်နယ်ကောင်စီအစည်းအဝေးတွင် ပဒေသရာဇ်စနစ်ပျက်ပြယ်ရန်အတွက် အမျိုးမျိုးတင်သွင်းကြလေသည်။ ရှမ်းပြည်ပဒေသရာဇ်စနစ်တော်လှန်ရေးနှင့် ဒီမိုကရေစီရှင်သန်ရေးအဖွဲ့များတွင် (ပအလဖ)အဖွဲ့ သည် အထင်ရှားဆုံးဖြစ်သည်။ ဥက္ကဌမှာ ဦးဘိုးခင်ဖြစ်ပြီး၊ အတွင်းရေးမှူးမှာ ဖြားဗွာဦးဖြူ ဖြစ်သည်။ ထို နှစ်ဦးတို့မှာ ရှမ်းပြည်နယ်ကောင်စီဝင်များ ဖြစ်ကြသည်။ ပဒေသရာဇ်များအုပ်စိုးထားသော ရှမ်းပြည်နယ် ကောင်စီအဖွဲ့ကိုဖျက်သိမ်းပြီး လူထုဆန္ဒအရ ရှမ်းပြည်နယ်အဖွဲ့အစည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကိုရေးဆွဲ ရန်အတွက်(ပအလဖ)အဖွဲ့နှင့် ပဒေသရာဇ်စနစ်ကိုတော်လှန်နေသော အခြားအဖွဲ့များသည် ရှမ်းပြည်နယ် ကောင်စီကို ရွေးချယ်တင်မြောက်ရန် တင်သွင်းခဲ့လေသည်။ ရှမ်းပြည်ပဒေသရာဇ်တော်လှန်ရေးအတွက် ခေါင်းဆောင်အဖွဲ့ (ရပလ)သည် လွတ်လပ်ရေးရပြီးမကြာမှီပျက်စီးသွားခဲ့လေသည်။ ထိုကာလအချိန်တွင် ဦးထွန်းအေးခေါင်းဆောင်သောအဖွဲ့ (ရပလ)ရှမ်းပြည်ပြည်သူ့လွတ်လပ်ရေးအဖွဲ့ အင်းလေးညီညွှတ်ရေးအ သင်း(UIA.United Inlay Associoatin) ရှမ်းပြည်နယ်လုံးဆိုင်ရာ တောင်သူလယ်သမားများအစည်းအရုံး (ရတလဖ) ဂန္ဓမာဆရာတော်ဘုရားဦးဆောင်သော (ဒုစရိုက်ပပျောက်ရေးအသင်း) ကာကွယ်ရေးဝန်ကြီး ဦးဘရွှေ ဦးဆောင်မှုအောက်တွင် စော်ဘွားများဖွဲ့စည်းသော တောင်တန်းများစည်းလုံးညီညွှတ်ရေးအဖွဲ့တို့ အဖွဲ့(၃)ဖွဲ့မှပါဝင်သော(ရှမ်းပြည်လုံးဆိုင်ရာအဖွဲ့ချုပ်) (ရပလဖ)ကိုဖွဲ့စည်းခဲ့သည်။ (ရပလဖ) ရည်ရွယ်ချက် များမှာ စော်ဘွားများအာဏာအမြန်စွန့်ရန်နှင့်ရှမ်းပြည်တွင် ဒီမိုကရေစ်ီထွန်းကားရေးဖြစ်သည်။ ဥက္ကဌမှာ စဝ်ခွန်ချို(နိုင်ငံခြားရေးဝန်ကြီး) သည်ဥက္ကဌဖြစ်သော်လည်း စော်ဘွားဖက်မှဘက်လိုက်သဖြင့် အတွင်းရေး မှူးဦးထွန်းအေး ဦးဆောင်သောအဖွဲ့သည်ခွဲထွက်၍ ရှမ်းပြည်တောင်တန်းများစည်းလုံးညီညွှတ်ရေးအဖွဲ့ (ရတစညဖ)ကိုဖွဲ့စည်းခဲ့သည်။ ပအမဖသည် ရပလဖဖွဲ့စည်းပုံစံကို သဘောမတူ၍အဖွဲ့ဝင်အဖြစ်မှနှုတ်ထွက် ခြင်းကို တရားဝင်ကြေငြာပြီး ရှမ်းပြည်နယ်ကောင်စီကို ဖျက်သိမ်းရန်ကြေငြာချက်ထုတ်ခဲ့သည်။ ပဒေသရာဇ်စနစ်ဆိုးများ တောင်တန်းဒေသတိုင်းရင်းသားအားလုံးသည် လုပ်အားခများဆယ်ပုံ သုံးပုံကိုအခွန်တော်ဆောင် ရသည်။ လူအိုခွန်၊ လူပျိုခွန်၊ အပျိုခွန်၊ အလုပ်သမားခွန်၊ အိမ်ခွန်၊ ခြံခွန်၊ လယ်ယာခွန်များသာမက လိမ္မော်သီး၊ ပိန္နဲသီး၊ သဘောင်္သီး၊ သရက်သီး အခွန်များပါဆောင်ရသည်။ စော်ဘွားသားသမီးများ မင်္ဂလာဆောင်လျှင် တစ်အိမ်တစ်ကျပ်နှုန်းကျအခွန်ပေးဆောင်ရသည်။ ပဒေသရာဇ်စော်ဘွားများပိုင်ဆိုင် သောမြေယာများတွင် လူလုပ်အား၊ ပစ္စည်းလုပ်အား အမြဲလုပ်ဆောင်ပေးရသည်။ ရွာသူရွာသားများ တပါတ် လျှင်တစ်ကြိမ် လူပျို(၇)ယောက်၊ အပျို(၇)ယောက် စော်ဘွားသားသမီးဆွေမျိုးများ၏ အဝတ်အစားများကို လျှော်ဖွတ်ပေးရပြီး ထမင်းဟင်းချက်ရခြင်း အိမ်များတွင်သန့်ရှင်းရေးလုပ်ပေးရသည်။ စော်ဘွားအချင်းချင်း တိုက်ခိုက်ရလျှင်လည်းအိမ်ခြေ (၁၀)အိမ်လျှင် တစ်ဦးကျစီသွားရသည်။ စော်ဘွားများရပ်ရွာသို့လည်ပတ် သောအခါ ရုပ်ရည်လှပသောအပျိုများအားမြင်တွေ့ပါက ချက်ချင်းအတင်းအဓမ္မသိမ်းပိုက်သည်။ စော်ဘွား အချို့သည် မိဖုရားပေါင်းအယောက် (၄၀၊ ၅၀)ကျော်ရှိပြီး၊ လဲချားစော်ဘွားသည် မိဖုရား (၃၃)ယောက်ရှိ သည်။ ပညာရေးဖက်တွင် သီပေါမြို့၊ နမ့်ခမ်းမြို့နှင့် တောင်ကြီးမြို့တွင် အမေရိကန်ပိုင်ခရစ်ယာန်စာသင် ကျောင်းသုံးကျောင်းရှိသည်။ ထိုကျောင်းသို့ စော်ဘွားအမျိုးအနွယ်များ တက်ရောက်သင်ကြားခွင့်ရှိပြီး ပြည် သူလူထု လူတန်းစားအလွှာပေါင်းစုံမှပေါက်ဖွားလာသည့်သားသမီးများပညာသင်ကြားတက်ရောက်ခွင့်မရှိပါ သက္ကရာဇ် (၁၉၂၃-၂၄)ခုနှစ်တွင် ရှမ်းပြည်တပြည်လုံး၌ အထက်တန်းကျောင်းနှင့် အလယ်တန်းကျောင်းများ (၁၉) ကျောင်းရှိသည်။ မူလတန်းကျောင်းမှာ (၁၀)ကျောင်းသာရှိသည်။ ကျောင်းသားဦးပေါင်း (၃၀၀၀) ကျော်ရှိသည်။ ကျန်းမာရေးဖက်တွင် စော်ဘွားများသည်ဆေးရုံဆေးပေးခန်း ကျန်းမာရေးဌာနများ ဆောက်လုပ်ပေးခြင်းမရှိသောကြောင့် ရှမ်းပြည်တစ်ပြည်လုံး မွေးဖွားမှု(၅၀)ရာခိုင်နှုန်း သေဆုံးခဲ့ကြရသည်။ ပဒေသရာဇ်စနစ်ဆိုးမွေခံစားမှုများကြောင့် တောင်တန်းဒေသတွင်ရှိသော တိုင်းရင်းသားလူမျိုးများအားလုံး ပညာရေးနှင့်ဗဟုသုတများနည်းပါးပြီး ခေတ်နောက်ကျကျန်ခဲ့သည်။ ပြည်မပိုင်းတွင် မျိုးချစ်စိတ်များရှင်သန်ထက်မြက်နေချိန်တွင် တောင်တန်းဒေသတိုင်းရင်းသား လူမျိုးများသည် ဘိန်းစား ကဇော်သောက်၊ အရက်သောက်၊ လောင်းကစားများဖြင့် အချိန်ကုန်ခဲ့ကြရသည်။ တောင်တန်းဒေသတိုင်းရင်းသားလူမျိုးများ၏ ထိုအချိန်တစ်ရက်ဝင်ငွေမှာခြောက်ပဲနှုန်း ဖြစ်သည်။ ဘုန်းကြီး ပြန်ပွဲ၊ နှစ်စဉ်ဘုရားပွဲတော်များတွင် ပိုက်ကျူး၊ လေးကောင်ဂျင်၊ ကုံးကင်း၊ သုံးဆယ်ခြောက်ကောင် စသောလောင်းကစားနည်းမျိုးစုံကို ကမ္ဘောဇတိုင်းခေါ် ရှမ်းပြည်နယ်တစ်ခုလုံးပျံ့နှံ့စွာ ကျင်းပပြုလုပ်ခဲ့ကြ သည်။ ထိုကြောင့် ပအိုဝ်းတိုင်းရင်းသားများနှင့် အခြားသောတိုင်းရင်းသားလူမျိုးတို့သည် လောင်းကစားမှု တွင်နစ်မြုပ်၍ လူနေမှုဘဝအဆင့်အတန်း တိုးတက်မှုလုံးဝမရှိခဲ့ပါ။ ပဒေသရာဇ်စနစ်ကို တော်လှန်ခြင်း ရှမ်းပြည်နယ်တွင် လူဦးရေဒုတိယအများဆုံးမှာ ပအိုဝ်းလူမျိုးများပင်ဖြစ်သည်။ ပအိုဝ်းလူမျိုးအများစု မှာသနပ်ဖက်ခြံများသာ စိုက်ပျိုးလုပ်ကိုင်ခဲ့ကြသည်။ သနပ်ဖက်အပင်တစ်ပင်တွင် အခွန်တော်တစ်ပဲပေး ဆောင်ရသည်။ သနပ်ဖက်ပင်အပင်ပေါင်း သုံးထောင်ရှိလျှင် အခွန်တော်တစ်ထောင်ရှစ်ရာခွန်ဆယ်ငါးကျပ် ပေးဆောင်ရခြင်းကြောင့် တစ်နှစ်လျှင်လုပ်အားခနှင့်ဝင်ငွေမှာ ညီမျှမှုမရှိပါ။ ထို့ကြောင့် သုံးစွဲရန်ငွေကြေးများ လုံလောက်မှုမရှိသဖြင့် အခွန်တော်များမပေးဆောင်ကြရန် စုဝေးတိုင်ပင်ကြပြီး ပဒေသရာဇ်စနစ်ကိုဆန့်ကျင် တော်လှန်ကြရန် သဘောတူတိုက်ပွဲဝင်ကြသည်။ ထိုကြောင့် ပဒေသရာဇ်စော်ဘွားများ၏ လက်ကိုင်တုတ် များသည် ပဒေသရာဇ်ဆန့်ကျင်တော်လှန်သူများကို နှိပ်စက်သတ်ဖြတ်ပြီး မိန်းမသားများကိုလည်းစော်ကား ဖျက်ဆီးသည်။ သနပ်ဖက်ခြံများကိုလည်း မီးရှို့ဖျက်ဆီးကြသည်။ ပင်လုံနယ်တွင်းရှိ ဟွေးဟွမ်းရွာကို စော်ဘွားလက်ကိုင်တုတ်ရဲများက မီးရှို့ဖျက်ဆီးကြ၍ ဖြားတန်ကောင်ခဲဦးဆောင်သော ပဒေသရာဇ်တော် လှန်ရေးအဖွဲ့များသည် (၁၉၄၉) ခုနှစ်တွင် ပထမဦးဆုံးပေါ်ထွက်လာခဲ့ခြင်းဖြစ်သည်။ လွယ်ပွတ်ရွာ အရှေ့ဖက် ထီတကောင်ရွာတွင် ပအိုဝ်းအမျိုးသားလွှတ်မြောက်ရေးအဖွဲ့ကို ပဒေသရာဇ်စနစ်များ တော်လှန်ရန်အတွက် (၁၉၄၉)ခုနှစ်၊ ဒီဇင်ဘာလ(၁၁)ရက်နေ့တွင် ဖွဲ့စည်းလေသည်။ ဖြားဗွာဦးလှဖေမှာ နိုင်ငံရေးနှင့်အုပ်ချုပ်ရေး ဖက်တွင်တာဝန်ယူပြီးစစ်ရေးဖက်တွင် ဖြားဗိုလ်တုံသည်တာဝန်ယူသည်။ ရည်ရွယ်ချက်များမှာ- ၁။ ပဒေသရာဇ်စနစ်တိုက်ဖျက်ရေး ၂။ စစ်မှန်သော ပအိုဝ်းပြည်နယ်ဒေသရရှိရေး ၃။ ဘိန်း မူးယစ်ဆေးဝါး လောင်းကစားများ ပပျောက်ရေး ၄။ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးများ တိုးတက်မြှင့်မားစေရေး တို့ဖြစ်သည်။ ပဒေသရာဇ်တော်လှန်ရေးကြောင့် လွိုင်ကော်၊ ဘန်းယဉ်၊ နောင်မွန်၊ နမ့်ခုတ်၊ ဟိုပုံး၊ မိုင်းပွန်၊ ပင်လုံ၊ လဲချား၊ စံကား၊ ညောင်ရွှေ၊ ရွာငံစသောစော်ဘွားပိုင်နယ်မြေများမှ လူထုများသည်စော်ဘွားဟော်များကို မီးရှို့ဖျက် ဆီးခဲ့လေသည်။ ပဒေသရာဇ်တော်လှန်ရေးတွင် ရှမ်း၊ ဓနု၊ အင်းသားများသည်လဲ ‘ပအမဖ’နှင့်အတူပါဝင်၍ ဆရာညွှန့်၊ ဗိုလ်မြိုင် (ယခုတိုင်းပြည်နာယက ဦးဆောင်သောအင်းသား လွှတ်မြောက်ရေးအဖွဲ့) သည်လဲ အတူတိုက်ပွဲဆင်နွှဲခဲ့လေသည်။ စော်ဘွားများလက်မှတ်ရေးထိုးပေးခဲ့ကြပြီး (၁၉၅၉)ခုနှစ်၊ ဧပြီလ (၂၇)ရက်နေ့တွင် ရှမ်းပြည်နယ် ကောင်စီမှ ဧပြီလ(၂၉)ရက်နေ့တွင် ရှမ်းပြည်နယ်ပြည်သူ့အုပ်ချုပ်ရေုးကို ချမှတ်ပေးခဲ့လေသည်။ ရှမ်းပြည် နယ်ပြည်သူများအုပ်ချုပ်ရေးကိုချမှတ်ပေးခဲ့ရာတွင် နိုင်ငံတော်သမ္မတ ဦးဝင်းမောင်၊ ဝန်ကြီးချုပ် ဗိုလ်နေဝင်း နှင့် ရှမ်းပြည်နယ်ဥက္ကဌ စဝ်ဟုံဖ တက်ရောက်အားပေးခဲ့ကြသည်။ ပဒေသရာဇ်စနစ်ပျက်ပြယ်စေရန်အတွက် တော်လှန်ရေးအဖွဲ့အစည်းနှင့် ဆန့်ကျင်ရေးအဖွဲ့များမှာ- ၁။ ၁၉၂၉ ခုနှစ် - (ဖြားတန်ကျောင်းတိယုံ(ကောင်ခယ်း)တော်လှန်ရေးအဖွဲ့) ၂။ ၁၉၄၆ ။ - (ရှမ်းပြည်လွတ်လပ်ရေးအဖွဲ့)(ရ-ပ-လ) ၃။ ၁၉၄၆ ။ - ( ဂန္ဓမာဆရာတော်ဦးဆောင်သော) (ဒုစရိုက်ပပျောက်ရေးအဖွဲ့) ၄။ ၁၉၄၇ ။ - ဖွဲ့စည်းခဲ့သော (ပအိုဝ်းအမျိုးသားအစည်းအရုံး) ပအိုဝ်းလှိုင်းဗူး ၅။ ၁၉၄၈ ။ ။ (စုံစမ်းရေးကော်မရှင်အဖွဲ့) ၆။ ၁၉၄၉ ။ ။ (ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့) ၇။ ၁၉၅၀ ။ ။ (ပြည်ထောင်စု ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်) ၈။ ၁၉၅၀ ။ ။ (ရှမ်းပြည် ပြည်သူ့လွတ်မြောက်ရေးအဖွဲ့) ၉။ ၁၉၅၀ ။ ။ (အင်းလေးညီညွှတ်ရေးအသင်း) (UIA) အဖွဲ့ ၁၀။ ၁၉၅၀ ။ ။ (ရှမ်းပြည်တောင်တန်းများစည်းလုံးညီညွှတ်ရေးအဖွဲ့) (ရ တ စ ည ဖ) ၁၁။ ၁၉၅၀ ။ ။ (ရှမ်းပြည်လုံးဆိုင်ရာ တောင်သူလယ်သမားအစည်းအရုံး)(ရ တ လ ဖ) မှတ်ချက်။ ။ တောင်တန်းသား စည်းလုံးညီညွှတ်ရေးအဖွဲ့ (တစညဖ)သည် စော်ဘွားများ၏အကျိုးစီး ပွားများအတွက်ဖွဲ့စည်းခြင်း ကာကွယ်ရေးဝန်ကြီးဦးဘရွှေဦးဆောင်သော ရှမ်းပြည်လုံးဆိုင်ရာအဖွဲ့ချုပ် (ရပလဖ)သည် စော်ဘွားများဖက်အရေးယူကာကွယ်ပေးသောကြောင့် ပြန်လည်ပြိုကွဲသွားခြင်း၊ ရှမ်းပြည် နယ်ပြည်သူများအုပ်ချုပ်ရေးကို တည်ဆောက်ရန်အတွက် (၁၉၅၉)ခုနှစ် ဧပြီလ(၂၄)ရက်နေ့တွင် စော်ဘွား များအားလုံးသည် မိမိတို့ပိုင်နယ်မြေများကိုရှမ်းပြည်နယ်အစိုးရထံသို့အပ်နှံပြီး သဘောတူလက်မှတ်ရေးထိုး ခဲ့ကြသည်။ စော်ဘွားများ(၃၃)ယောက်တွင် (၂၉)ယောက်မှာ လက်မှတ်ရေးထိုးပေးခဲ့ကြသည်။ 1. သိန္နီ မြောက်ဘက် စစ်ဖလုံ သတိုးမဟာစည်သူ စဝ်ဖာလုံ 2. ကျိုင်းတုံ ။ စဝ်စိုင်းလုံ 3. မိုးမိတ် ။ စဝ်ခွန်ချို 4. မိုးနဲ ။ သရေစည်သူ စဝ်ပြည့် 5. တောင်ပိုင် ။ မဟာသရေစည်သူ စဝ်ပန်းစိန် 6. စံကား ။ မဟာသရေစည်သူ စဝ်ခွန်ကြည် 7. သာမိုင်းခန်း ။ မဟာသရေစည်သူ စဝ်ထွန်းအေး 8. မိုင်းကိုင် ။ စဝ်ကြည် 9. သိန္နီတောင်ပိုင်း ။ စဝ်ဟုံဖ 10. လဲချား ။ သရေစည်သူ စဝ်နွံ 11. ရပ်စောက် ။ စဝ်ခွန်ဆာ 12. မိုင်းပန် ။ သီရိပျံချီ စဝ်ရွှေမှုံ 13. လွယ်လုံ ပင်လောင်း ။ ။ စဝ်မိုးကျော် 14. ဘော်နယ် ။ ။ စဝ်ခွန်မောင် 15. မိုင်းပွန် ။ စစ်ဆေးဟုံ 16. ကျေးသီးမန်စံ ။ သရေစည်သူ စဝ်ရွှေဖ 17. မိုင်းရှူး ။ ဝဏ္ဏကျော်ထင် စဝ်မန်ဖ 18. မိုင်းနောင် ။ စဝ်အုံမောင် 19. စကွယ် ။ စဝ်ခွန်ညွှန့် 20. ဘန်းယဉ် ။ စဝ်ခွန်ညွှန့် 21. ကျုံး ။ စဝ်ခွန်သောင်း 22. ရွာငံ ။ စဝ်ခွန်ရီ 23. ပင်းတယ ။ စဝ်ဝင်းကြည် 24. ပွေးလှ ။ စဝ်ထွန်းစိန် 25. ပင်မီ ကျမိုင်း စဝ်ခွန်ဦး 26. နမ့်ခုတ်၊ နောင်မွန် စဝ်ဖလုံ စဝ်လွန်းအုံ 27. သထုံ၊ ဆီဆိုင် ။ စဝ်အောင်မြင့် ကိုယ်စား ဒေါ်အေးသန့် 28. မောက်မယ် ကျမိုင်း စဝ်ထွန်းဖ ကိုယ်စား စဝ်ဗိုလ်ခမ်း 29. ဟိုပုံး ။ စဝ်ခွန်အိုး ကိုယ်စား နာင်းရွှေဥ ညောင်ရွှေစော်ဘွားနှင့် သီပေါစော်ဘွားသည် နောက်တစ်ရက်တွင်လာရောက် လက်မှတ်ရေးထိုးခဲ့ ကြပြီး ကိုးကန့်စော်ဘွားနှင့် မိုင်းလွန်းစော်ဘွား တို့မှာလက်မှတ်ထိုးခြင်းမရှိခဲ့ကြပေ။ ပဒေသရာဇ်စနစ်သည် ယနေ့အချိန်အခါတွင် ရှမ်းပြည်တောင်တန်းဒေသတို့တွင် ကွယ်ပျောက်ပျက်သုန်းသွားခဲ့သော်လည်း တစ်ချို့ သောနေရာများတွင် ပြန်လည်ရှင်သန်ရန်ဦးတည်မှုများရှိလာ၍ မိမိတို့အားလုံးသည် ထိုစနစ်ဆိုးထပ်မံမပေါ် ပေါက်ရန်အတွက် တော်လှန်ရေးသတိအမြဲရှိနေကြရမည်ဖြစ်သည်။ ပအိုဝ်းတိုင်းသားတို့ဦးဆောင်တော်လှန်ခဲ့ကြသော ပဒေသရာဇ်စနစ်တော်လှန်ရေးသည် ယခုဆို လျှင်လာမည့် ၂၀၀၁-ခုနှစ် ဒီဇင်ဘာ(၁၁)ရက်နေ့တွင် (၅၂)ကြိမ်မြောက်ပြည့်ခဲ့ပြီဖြစ်သည်။ လူသစ်စိတ်သစ် မွေးဖွားရင်း အမျိုးသားအချင်းချင်းချစ်ကြည်ရေး၊ ပအိုဝ်းအမျိုးသားထုတစ်ခုလုံး ချစ်ကြည်ရင်းနှီးမှုများကို တည်ဆောက်ခဲ့ပြီးဖြစ်သည်။ အနာဂတ်ပအိုဝ်းအမျိုးသားတို့၏ ဘဝအာမခံချက်ရရှိရေးအတွက် အလေး ထား၍ကြိုးစားဆောက်ရွက်ရန် ပအိုဝ်းအမျိုးသားအားလုံးတို့၏ တာဝန်ပင်ဖြစ်သည်။ တစ်ဖက်တွင် စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ ဘာသာရေး၊ သာသနာရေး၊ ရိုးရာယဉ်ကျေးမှုနှင့် အမျိုးသားသမိုင်းဖော်ထုတ်ရေးတို့တွင် ပအိုဝ်းအမျိုးသားအားလုံးတို့၏ တာဝန်ပင်ဖြစ်သည်။ ပဒေသရာဇ် စနစ်ပျက်သုန်းရေးအတွက် တိုက်ပွဲဝင်ခဲ့သောအာဇာနည်ခေါင်းဆောင်ကြီးငယ်များကို အမြဲတမ်းဂုဏ်ပြု နိုင်ရန်အတွက် ပဒေသရာဇ်စနစ်ဆန့်ကျင်တော်လှန်ရေးနေ့ကို နှစ်စဉ်အမြဲပြုလုပ်သင့်ပေသည်။ ပအိုဝ်းအမျိုး သားအချင်းချင်း ချစ်ကြည်ရေး၊ တိုင်းရင်းသားအချင်းချင်း ချစ်ကြည်ရေး၊ တည်ဆောက်ကြရင်းလာမည့် (၅၂)နှစ်ကြိမ်မြောက် ပဒေသရာဇ်စနစ်ဆန့်ကျင်တော်လှန်ရေးနေ့ကြီးကို နေ့ထူးနေ့မြတ်ဖြစ်ကြောင်း ချီးကျူးဂုဏ်ပြုရေးသားလိုက်ရပါသည်။ ပအိုဝ်းအမျိုးသားတို့၏ ဖြတ်သန်းလာခဲ့ရသော သမိုင်းလမ်းကြောင်းတစ်ချို့ ရှမ်းပြည်လွတ်လပ်ရေးအဖွဲ့ သက္ကရာဇ် (၁၉၄၅) ခုနှစ်၊ မေလ(၅)ရက်နေ့တွင် မဟာမိတ်တပ်များ ရန်ကုန်မြို့ကိုပြန်လည်သိမ်းယူ ပြီးရှမ်းပြည်တောင်ကြီးမြို့တွင် ဗြိတိသျှအင်္ဂလိပ်တို့ ကာနယ်အီး(ခ်ျ) ဗိုလ်ကြီး(အီး)ကို ကော်မရှင် တင်မြောက် ပေးပြီးတောင်ကြီးမြို့တွင်အုပ်စိုးစေခဲ့သည်။ ဒေသထိန်းသိမ်းအုပ် ချုပ်ရေးဥပဒေသည် ဗြိတိသျှတို့မြန်မာနိုင်ငံ တစ်ခုလုံးကိုပြန်လည်သိမ်းယူပြီးချိန်တွင် ရေးဆွဲခဲ့သော (Schedule Area Aminiaration Regulation) ဥပဒေအုပ်ချုပ်ရေးဒေသဖြစ်သည်။ ရခိုင်ပြည်တစ်ချို့တစ်ဝက် ချင်းတောင်တန်း၊ ရှမ်းတောင်တန်းနှင့် ကရင်တောင်တန်းတို့သည် အင်္ဂလိပ်များထိန်းချုပ်အုပ်စိုးပြီး အောက်ဗမာပြည်မအတွက်လွတ်လပ်ရေးပေးရန် ရည်ရွယ်ခဲ့လေသည်။ အောက်ဗမာပြည်လွတ်လပ်ရေး ရလျှင် ရှမ်းပြည်လည်းလွတ်လပ်ရေးအတူတူရရန် အတွက် ရှမ်းပြည်လွတ်လပ်ရေး အဖွဲ့(ရလပ)ကို ဖွဲ့စည်းခဲ့သည်။ ၁။ ခွန်စော ……. ဥက္ကဌ ၂။ ထွန်းမြင့်လေး ……. အတွင်းရေးမှူး ၃။ ဟန္တိထွဉ် (စငေါ)တောင်ကြီး …… အဖွဲ့ဝင် ၄။ ထွက်နန္တားဟိန်( ။ ) ဟိုပုံး …… အဖွဲ့ဝင် ၅။ ထွက်အောင်း ( ။ ) ။ …… အဖွဲ့ဝင် ၆။ ဟိန်သျှင်းငွေ (ကျောက်တန်း) …... အဖွဲ့ဝင် ၇။ ထွက်အောင်သာ (နောင်ကား) …… အဖွဲ့ဝင် ၈။ ဖြားဗွာဟဲုင်း (ဆောင်းဖိုး) …… အဖွဲ့ဝင် ၉။ ဦးရွှေ (တောင်ကြီး) …… အဖွဲ့ဝင် ၁၀။ ထွန်းရင်လော (တောင်ကြီး) ….. အဖွဲ့ဝင် ၁၁။ ဆရာမင်း (တောင်ကြီး) …… အဖွဲ့ဝင် တို့ဖြစ်ကြသည်။ ရပလ အဖွဲ့သည်အထက်ပါအတိုင်း ဖွဲ့စည်းခဲ့ကြပြီး ရှမ်းပြည်တောင်တန်းနှင့် ဗမာပြည်လွတ်လပ်ရေး အတူတူရရှိရေး ပဒေသရာဇ်စနစ် တိုက်ဖျက်ရေး နယ်ချဲ့စနစ်များတော်လှန်တိုက်ဖျက်ရေး စသောအရေးများကို တောင်းဆိုတိုက်ပွဲဝင်ခဲ့ကြသည်။ နယ်ချဲ့အင်္ဂလိပ်အစိုးရ၏ ဒေသထိန်းသိမ်းအုပ်ချုပ်ရေးဥပဒေကြောင့် စော်ဘွားအချင်းချင်းပြဿနာ ဖြစ်ကြပြီး ရပလမှာ အချင်းချင်းညှိနှိုင်းမှုကြောင့် ပထမပင်လုံညီလာခံကြီးဖြစ်ပေါ်လာခြင်းဖြစ်သည်။ ပထမအကြိမ်ပင်လုံညီလာခံ ဗိုလ်ချုပ်အောင်ဆန်ုး၊ ဦးဖေ၊ မျိုးချစ်ပါတီ ဂဠုန်ဦးစော၊ နယ်စပ်ရေးရာဝန်ကြီး အတွင်းရေးမှူး စတီဗဲန်ဆဲန်၊ ပအိုဝ်း ဦးလှဖေ၊ ချင်း၊ ကချင် ကိုယ်စားလှယ်များနှင့် သတင်းထောက်များတက်ရောက်ခဲ့ကြ သည်။ ရည်ရွယ်ချက်များမှာ- နယ်ချဲ့စနစ်ဆန့်ကျင်ရေး ဗမာပြည်လွတ်လပ်ရေးရလျှင် ရှမ်းပြည်နယ်လည်းတစ်ပြိုင်တည်းအတူတူ လွတ်လပ်ရေးရရှိစေရန် တို့ဖြစ်သည်။ ပထမအကြိမ် ပင်လုံညီလာခံတွေ့ဆုံဆွေးနွေးရက်မှာ (၁၉၄၆)ခုနှစ်၊ မတ်လ(၂၀)ရက်နေ့မှ(၂၈)ရက်နေ့အထိဖြစ်သည်။ ဗမာပြည်နှင့်ရှမ်းပြည်လွတ်လပ်ရေး တူတူရနိုင်ရန်အ တွက် မိုင်းပွန်စော်ဘွားနှင့် ဆီဆိုင်စော်ဘွားစဝ်ခွန်ကြည် (ပအိုဝ်း)တို့သည် လက်ခံသဘောတူသော်လည်း စော်ဘွားအများကသဘောမတူသဖြင့် မူလရည်ရွယ်ချက်များပျက်သွားခဲ့ရပြီး မတ်လ(၂၈)ရက် နောက်ဆုံး နေ့တွင်သဘောထားများမှာ ပဒေသရာဇ်ကောင်စီအစည်းအဝေးအတိုင်း ဖြစ်သွားခဲ့လေသည်။ နယ်ချဲ့ အင်္ဂလိပ်တို့၏ ကိုယ်စားလှယ်မစ္စတာ(စလေဒင်) တင်ပြအပ်သော ပြည်နယ်များသမဂ္ဂ ( Llnited Framtion State )တွင် ချင်း၊ ရခိုင်၊ ကချင်၊ ကရင်နီနှင့် ရှမ်းပြည်နယ်များပါဝင်လေသည်။ တင်ပြသော ရှမ်းပြည်နယ်ဒေသများ သမဂ္ဂကို(မိုင်းပွန်) စော်ဘွားစဝ်စံထွန်း၊ (ဆီဆိုင်)စော်ဘွား စဝ်ခွန်ကြည် ‘ပအိုဝ်း’ နှင့် ဦးတင်အေးတို့၏ ဆန့်ကျင်တိုက်ခိုက်မှုကြောင့် အစီအစဉ်များပျက်သွားခဲ့ကြသည်။ ဒုတိယအကြိမ်ပင်လုံညီလာခံ ဒုတိယအကြိမ်ပင်လုံညီလာခံကြီးကို ရှမ်းစော်ဘွားများ၊ ကချင်ဒူးဝါးများ၊ ချင်း ကိုယ်စားလှယ်များ၊ ဖဆပလ ကိုယ်စားလှယ်ဗိုလ်ချုပ်အောင်ဆန်ုး၊ ကွန်မြူနစ်ကိုယ်စားလှယ်များ၊ ဗမာမဟာလူမျိုးကိုယ်စား လှယ်များ၊ ဖြားဗွာလှဖေ(Bsc,BL) ပအိုဝ်းသထုံ၊ စောဘဦးကြီး ကရင်ကိုယ်စားလှယ်နှင့် (ရပလ)တို့ တက်ရောက်တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ ဒုတိယအကြိမ်ပင်လုံညီလာခံ၏ ရည်ရွယ်ချက်များမှာ- တောင်တန်းနှင့်ပြည်မပူးတွဲ၍ -ရှမ်းပြည်တောင်တန်းနှင့် ဗမာပြည်တစ်ပြည်လုံးလွတ်လပ်ရေးရရှိရေး -တိုင်းရင်းသားအချင်းချင်းစည်းလုံးသွေးစည်းညီညွှတ်ရေး -နယ်ချဲ့စနစ်တိုက်ဖျက်ရေး -ပဒေသရာဇ်တိုက်ဖျက်ရေး စသည်တို့ဖြစ်သည်။ ညီလာခံ၏ရည်ရွယ်ချက်များ အောင်မြင်စေရန်အတွက် ရှမ်းတောင်တန်းပေါ်တွင်ရှိသော ဟိုပုံး၊ တောင်ကြီး၊ ညောင်ရွှေ၊ အောင်ပန်း၊ ရပ်စောက်၊ ဆီဆိုင်၊ နမ့်ခုတ်၊ နောင်မွန်၊ မိုင်းပွန်၊ ပင်လုံဒေသတို့တွင် တိုင်းသူပြည်သားများလာရောက်ဆန္ဒပြကြရာတွင် အဓိကမှာပအိုဝ်း ဖြစ်သည်။ ထို့ကြောင့် လွတ်လပ်ရေးတိုက်ပွဲအတွက် ပအိုဝ်းအမျိုးသားသည် တိုင်းပြည်တည်ထောင်ရေး လုပ်ငန်းတွင် အုပ်တစ်ချပ်သဲတစ်ပွင့်ပါဝင်ခွင့်ရခဲ့သည့်အတွက်များစွာ ဂုဏ်ယူမိပါသည်။ ပြည်ထောင်စုနေ့ ရှမ်းတောင်တန်းနှင့် ဗမာပြည်တို့၏လွတ်လပ်ရေးအတူတူရရန် ရည်ရွယ်ချက်များသဘောတူလက်ခံ ကြပြီးနောက်(၁၉၄၇) ခုနှစ်၊ ဖေဖေါ်ဝါရီလ(၁၂)ရက်နေ့တွင် စာချုပ်ကိုလက်မှတ်ရေးထိုးခဲ့သည်။ ရှမ်းပြည်အုပ်စု 1. ခွန်ပန်းစိန် (တောင်ပိုင်စော်ဘွား) 2. စဝ်ရွှေသိုက် (ညောင်ရွှေစော်ဘွား) 3. စဝ်ရွှေဖ (သိန္နီစော်ဘွား) 4. စဝ်နွမ် ( ) 5. စဝ်စံထွန်း (မိုင်းပွန်စော်ဘွား) 6. စဝ်ထွန်းအေး ( ) 7. ဦးဖြူ (ပအိုဝ်းစော်ဘွား ဆီဆိုင်ကြီး) တို့ဖြစ်ကြသည်။ ညီလာခံပြီးဆုံးချိန်ဧည့်ခံပွဲတွင် ပအိုဝ်းအမျိုးသားခေါင်းဆောင် ဖြားဗွာဦးလှဖေနှင့် ဗိုလ်ချုပ်အောင်ဆန်းတို့ မိန့်ခွန်းစကားပြောကြားခဲ့ကြသည်။ ပအိုဝ်းလှုပ်ရှားမှု ပအိုဝ်းအမျိုးသားတို့၏ နိုင်ငံရေးနိုးကြားမှုသည်(၁၉)ရာစုအချိန်မှစ၍ နိုးကြားလှုပ်ရှားခဲ့ကြသည်။ သထုံပြည်ကြီးဆန္ဒပြပွဲနှင့် ပဒေသရာဇ်တော်လှန်ရေးပြီး သက္ကရာဇ်(၁၉၅၈)ခုနှစ်မှ (၁၉၆၆)ခုနှစ်အတွင်း တိုးတက်ရေးလုပ်ငန်းများ (၁၉၆၃/၆၄)ခုနှစ် ပအိုဝ်းအမျိုးသားခေါင်းဆောင်သော ကော်မီတီအဖွဲ့နှင့် လူမျိုး ပေါင်းစုံကော်မီတီအဖွဲ့တို့၏ သမိုင်းလှုပ်ရှားမှုလမ်းကြောင်းများမှာ ပအိုဝ်းအမျိုးသားများလှုပ်ရှားမှုများပင် ဖြစ်သည်။ သက္ကရာဇ်(၁၃၄၈)ခုနှစ် သထုံပြည်ဆန္ဒပြပွဲတွင် ဖြားဗွာလှဖေ၊ ဖြားတန်စံရွှေတို့ဦးဆောင်ပြီး ဆန္ဒပြပွဲကိုကျင်းပရာ လူအင်အား(၂)သောင်းကျော်တက်ရောက်ပြီး အောက်ပါအတိုင်းတောင်းဆို ကြွေးကြော်ကြသည်။ 1. ပအိုဝ်းကို ပအိုဝ်းဟုခေါ်ဆိုရေး တောင်သူလို့မခေါ်ဆိုရေး 2. ပအိုဝ်းစစ်တပ် နှစ်တပ်ထားရှိပေးရေး 3. ပအိုဝ်းစကားသည် တို့စကား 4. ပအိုဝ်းစာသည် တို့စာ 5. ပအိုဝ်းအဝတ်အစားသည် တို့အဝတ်အစားစသည်တို့ဖြစ်ကြသည်။ ထိုဆန္ဒပြပွဲသည် သထုံပြည်ရှိပအိုဝ်းအမျိုးသားတို့၏ မျိုးချစ်စိတ်ဓါတ်ကိုမွေးဖွားပေးသည်သာမက ယနေ့ထိ တိုင်ရှင်သန်ထက်မြတ်လာဆဲဆိုတာ ဤသမိုင်းမှဖေါ်ပြလိုက်ပါသည်။ ပအိုဝ်းတောင်သူအမျိုးသားအဖွဲ့ချုပ် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (ပအိုဝ်းတောင်သူအမျိုးသားအဖွဲ့ချုပ်)သည် ကောဇာသက္ကရာဇ်(၁၀၃၈) ခုနှစ်၊ ဝါဆိုလဆန်း(၂)ရက်၊ သက္ကရာဇ်(၁၉၄၆)ခုနှစ်၊ ဇွန်လ(၃၀)ရက်နေ့ သထုံခရိုင်ညောင်ဝိုင်းဘုန်းတော် ကြီးကျောင်းတွင် ပအိုဝ်းအမျိုးသားများနှင့် အမျိုးသားခေါင်းဆာင်ကြီး ဖြားဗွာလှဖေတို့ စုပေါင်းတိုင်ပင်ကြ၍ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (ပအိုဝ်းတောင်သူအမျိုးသားအဖွဲ့) (၁၀၃၈)ခုနှစ် တပေါင်းလပြည့်ကျော်(၃)ရက် စနေနေ့(၁၁း ၀၀)နာရီအချိန်တွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် ပထမဆုံးအကြိမ်ညီလာခံကြီးကို သထုံမြို့နယ်၊ ကြယ်တာရာရုပ်ရှင်ရုံတွင် ပြုလုပ်ကျင်းပခဲ့ကြသည်။ ညီလာခံမှအောက်ပါရည်ရွယ်ချက်ကို ချမှတ်ပေးခဲ့ သည်။ ၁။ ပအိုဝ်းအမျိုးသားတို့ တိုးတက်မြှင့်မားစေရန်နှင့် သြဇာအာဏာများကြီးထွားလာစေရန်၊ ၂။ ပအိုဝ်းအမျိုးသားတို့ မျိုးချစ်စိတ်ဓါတ် ရှင်သန်ထက်မြက်ရေး တို့ဖြစ်သည်။ ဦးဆောင်သူများမှာ ၁။ ဦးလှဖေ (ဖြားဗွာလှဖေ) အမျိုးသားခေါင်းဆောင်ကြီး ၂။ ဦးခဲ အဖွဲ့ချုပ် နာယက ၃။ ဦးဘိုးမျှင် အဖွဲ့ချုပ် ဥက္ကဌ ၄။ ဦးပြူး အတွင်းရေးမှူး တို့ဖြစ်ကြသည်။ ဖွဲ့စည်းပြီးလုပ်ဆောင်ချက်များ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ကိုဖွဲ့စည်းပြီးနောက်တွင် မွန်နှင့်ကရင်တို့သည် ကိုယ်စီကိုငှပြည်နယ်များ တောင်းကြ၍ နိုင်ငံတော်အစိုးရသည် တိုင်းရင်းသားအဖွဲ့အစည်းအချို့ကို ဖိတ်ခေါ်ဆွေးနွေးခဲ့လေသည်။ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်အနေဖြင့် ဖြားဗွာလှဖေ၊ ဦးဖြူ၊ ဦးဘရွှေ(သခင်ဘရွှေ)၊ ဦးချစ်စိန် (ခေါင်းဆောင် ဟောင်း ယခုတောင်ကြီး)တို့ တက်ရောက်ခဲ့ကြလေသည်။ ပြည်နယ်ရရှိရေးအတွက် ဗမာနှင့်ကရင်တို့ ပဠိပက္ခများမဖြစ်သင့်ကြောင်း၊ ပဠိပက္ခကြောင့်ကြားခံပြည်သူလူထုများ စစ်ဘေးစစ်ဒဏ်များခံစားကြရမည် ဖြစ်ကြောင်းကို ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်မှ နိုင်ငံတော်ဝန်ကြီးချုပ်ဦးနုကို အကြံပေးပြောကြား၍တင်းမာ အခြေအနေအား ပုံမှန်အနေအထားတို့ ကြိုးစားလုပ်ဆောင်ခဲ့သည်။ ၁၉၄၈-ခုနှစ် သထုံမြို့မော်ကျော့်ရပ် ရေကျော်ဘုန်းတော်ကြီးကျောင်းတွင် ပအိုဝ်းအမျိုးသားကို တောင်သူလို့မခေါ်ရေးနှင့် ပအိုဝ်းအမျိုးသားတို့ အတွက် တပ်ရင်းနှစ်ရင်းဖွဲ့စည်းပေးရန် နိုင်ငံတော်အစိုးရကို ပအိုဝ်းအမျိုးသားတစ်သောင်းကျော်တို့က တောင်းဆိုဆန္ဒပြခဲ့ကြသည်။ ပီဝိုင်အို ၁၉၄၆-ခုနှစ်တွင် ကရင်အမျိုးသားတို့က အဖွဲ့အစည်းအသစ်များကိုဖွဲ့စည်းတည်ထောင်ခဲ့ကြသည်။ ကေစီအို (ကရင်ဗဟိုအဖွဲ့ချုပ်) ဘီကေအဲန်အေ(ကရင်အမျိုးသားအစည်းအရုံး) ကေဝိုင်အို (ကရင်လူငယ်အဖွဲ့) ဖြစ်ကြ၍ ကရင်လူငယ်အဖွဲ့(ကေဝိုင်အို)ထဲတွင် ပအိုဝ်းလူငယ်များဖြစ်ကြသော ခွန်ပန်းစိန်၊ ခွန်ဘရွှေ၊ ခွန်ကျော်စိန်၊ စောဘရင် (ပအိုဝ်းကရင်)တို့လည်းပါဝင်သည်။ ကေဝိုင်အို (ကရင်လူငယ်အဖွဲ့)တွင်ပါဝင်သော ပအိုဝ်းလူငယ်များသည် အသီးသီးနှုတ်ထွက်ကြပြီး ၁၉၄၇-ခုနှစ် သထုံမြို့နယ်တွင် ပအိုဝ်းလူငယ်အဖွဲ့ Pa-Oh Youth Organization (P.Y.O) ကိုဖွဲ့စည်းတည်ထောင်ခဲ့သည်။ ‘ပီဝိုင်အို’ အဖွဲ့ဝင်များ ၁။ ခွန်ပန်းစိန် ဥက္ကဌ (ယခင် လမ်းစဉ်ပါတီ) ၂။ ခွန်ရွှေဘ ဒု-ဥက္ကဌ (သထုံ ညောင်ဝိုင်း) ၃။ ခွန်ကျော်စိန် အတွင်းရေးမှူး(တောင်ကြီး ပအိုဝ်းခေါင်းဆောင်ဟောင်း) တို့ဖြစ်ကြသည်။ ‘ ပီဝိုင်အို’ ရည်ရွယ်ချက်များမှာ- ၁။ အမျိုး၊ ဘာသာ၊ သာသနာ တိုးတက်မြှင့်မားရေး ၂။ ပအိုဝ်းအမျိုးသားတို့ နိုင်ငံရေးအသိအမြင် နိုးကြားကြွယ်ဝရေး ၃။ မျိုးချစ်စိတ်ဓါတ်ရှင်သန်ထက်မြက်ရေး စသည်တို့ဖြစ်ကြသည်။ ဒုစရိုက်ပပျောက်ရေး ပဒေသရာဇ်စော်ဘွားများ၏ အခွန်တော်မတန်တဆကောက်ခံခြင်း၊ အလောင်းအစားဝိုင်းများ ထင်ရှားစွာဖွင့်လှစ်ထားပေးခြင်း၊ မူးယစ်ဆေးဝါးများ အရက်များကိုလည်း လွတ်လပ်စွာလုပ်ကိုင်ရောင်းဝယ် သုံးစွဲခွင့်ပေးခြင်း၊ စော်ဘွားမျိုးနွယ်များမင်္ဂလာဆောင် အိမ်ထောင်ပြုသည့်အခါတွင်လည်း ငွေများကို ကောက်ခံသည့်အတွက်ကြောင့် တောင်တန်းဒေသတွင်ရှိသော ပအိုဝ်းအမျိုးသားများနှင့် အခြားသော တိုင်းရင်းသားတို့သည် ပဒေသရာဇ်စော်ဘွားများ၏ ဖိနှိပ်မှုကိုမခံနိုင်ကြ၍ “ ဒုစရိုက်ပပျောက် ရေးအဖွဲ့” ကို မျိုးချစ်ပုဂ္ဂိုလ်များက ရဟန်းသံဃာများနှင့် ဆွေးနွေးတိုင်ပင်ကြ၍ (၁၉၄၆/၄၇)ခုနှစ်တွင် ဖွဲ့စည်းထူထောင် ခဲ့ကြလေသည်။ ဖွဲ့စည်းရခြင်းရည်ရွယ်ချက်မှာ- ၁။ က္ကုတ္ထိဓုတ္တ - တလင်တမယားစနစ်ကျင့်သုံးပြီး သူတစ်ပါးသားပျို၊ သမီးပျိုများအား စော်ကားဖျက်ဆီးခြင်းမပြုရ၊ ၂။ မံသဓုတ္တ - ကျွဲနွားတိရိစ္ဆာန်များကို မသတ်ရ၊ စနေဒိုင်သို့မရေးပေးရ၊ ၃။ အက္ခဓုတ္တ - လောင်းကစားမှုမှန်သမျှ လုံးဝမပြုလုပ်ရ၊ ၄။ သူရာဓုတ္တ - ဘိန်း ကင်း ကဇော်၊ အရက်စသော မူးယစ်စေတတ်သောအရာများ အားလုံးလုပ်ကိုင်ရောင်းဝယ်သုံးစွဲခြင်း မပြုရစသည်တို့ဖြစ်သည်။ “ ပအိုဝ်းလှိုင်းဗူး” နိုင်ငံရေးအသိအမြင်များနိုးကြားကြွယ်ဝလာခဲ့သော တောင်တန်းဒေသပအိုဝ်းအမျိုးသားတို့သည် မျိုးချစ်စိတ်ဓါတ်ဖြင့်(၁၉၄၇)ခုနှစ်တွင် “ပအိုဝ်းလှိုင်းဗူး” အဖွဲ့ကိုဖွဲ့စည်း၍ လှုပ်ရှားခဲ့ကြသည်။ ဦးဆောင်သူများမှာ- ၁။ ဖြားဘိုခင် (တောင်ကြီး) - ဥက္ကဌ ၂။ ဖြားခန်းခိုင် (အင်းလေး) - အတွင်းရေးမှူး တို့ဖြစ်သည်။ ရည်ရွယ်ချက်များမှာ- ဒုစရိုက်မှုများ တိုက်ဖျက်ရေး ပဒေသရာဇ်စနစ် တိုက်ဖျက်ရေး ဒီမိုကရေစီရှင်သန်ရေးစသည်တို့ဖြစ်ပြီး ပဒေသရာဇ်စနစ်ကိုတိုက်ထုတ်ရန်အတွက် တိုက်ပွဲများ ဖန်တီးရန် သဘောတူတိုင်ပင်ခဲ့ကြသည်။ “ ပအိုဝ်းလှိုင်းဗူး” အဖွဲ့အားလုံးသည် ရရာလက်နက်များကိုကိုင် ဆောင်၍ရပ်ရွာများလုံခြုံရေးအတွက် အင်တိုက်အားတိုက်ဖြင့် ပဒေသရာဇ်စော်ဘွားများကို တော်လှန်ခဲ့ကြ သည်။ “ပအိုဝ်းလှိုင်းဗူး” အဖွဲ့၏ နိုင်ငံရေးအသိအမြင်ကြွယ်ဝမှုကြောင့် ပဒေသရာဇ်စော်ဘွားများကြောက် လန့်စိုးရိမ်ကြပြီး စော်ဘွားလဲဗီးတပ်များကို ပအိုဝ်းရွာများကိုလိုက်လံဖျက်ဆီးရန်နှင့် နိုင်ငံရေးလှုပ်ရှားသူများ ကို ဖမ်းဆီးသတ်ဖြတ်ရန် ငှါးရမ်းစေခိုင်းခဲ့လေသည်။ ရှမ်းပြည်တောင်တန်း ပအိုဝ်းသံဃာအဖွဲ့ ကောဇာသက္ကရာဇ်(၁၃၁၀)ခုနှစ်၊ ပြာသိုလဆန်း(၅)ရက်၊ သက္ကရာဇ်(၁၉၄၉)ခုနှစ်၊ ဇန်နဝါရီလ (၃) ရက်၊ တနင်္လာနေ့ (၉)နာရီ (၁၀)မိနစ်အချိန် ပထမတောင်ကျောင်းကြီးတွင် “ ရှမ်းပြည်တောင်တန်းပအိုဝ်း သံဃာအဖွဲ့ချုပ်” ကိုဖွဲ့စည်းခဲ့လေသည်။ ရည်ရွယ်ချက်များမှာ- (က) ပအိုဝ်း သံဃာရည်ရွယ်ချက် ၁။ အမျိုးဘာသာသာသနာ အရေး ၂။ စည်းလုံးရေးနှင့် ပညာပေးရေး ၃။ စည်းလုံးညီညွှတ်ရေး (ခ) ယခုလက်ရှိပအိုဝ်းအမျိုးသား လိုအပ်ချက်များဖြစ်သော 1. လာမည့်ရွေးကောက်ပွဲတွင် လူဦးရေအလိုက်ပအိုဝ်းအမျိုးသားများအတွက် အမတ်နေရာသတ်မှတ် ထားရှိပေးရန်။ 2. ရှမ်းပြည်နယ်တွင် “ ပအိုဝ်းရေးရာကောင်စီ” အမြန်ဆုံးဖွဲ့စည်းပေးရန်။ 3. ပအိုဝ်းရှိသောစာသင်ကျောင်းများတွင် ပအိုဝ်းစာပေကိုသင်ကြားခွင့်ပေးရန်။ 4. တစ်ချို့သောဒေသတွင် စော်ဘွားများ၏ဖိနှိပ်မှုအောက်မှ အမြန်ဖယ်ရှားပေးရန် တို့ဖြစ်သည်။ 5. တောင်တန်းပအိုဝ်းသံဃာအဖွဲ့ချုပ်အနေဖြင့် ထုတ်ပြန်သောကြောညာချက်ထဲတွင်- ယနေ့ ပအိုဝ်းတိုင်းရင်းသားတို့သည် အရင်တစ်ချိန်တွင်ရာဇဝင်တွင်ခဲ့သော လူမျိုးတစ်မျိုးဖြစ်သည့် အကြောင်း တစ်ခြားတိုင်းရင်းသားများနှင့် နှိုင်းဆလျှင်အလွန်နိမ့်ကျကြောင်း နေရာတိုင်းတွင်နိမ့်ကျမှုရှိ သော ပအိုဝ်းတိုင်းရင်းသားတို့၏ လူမှုရေး၊ ပညာရေးများတိုးတက်မြှင့်မားရေးအတွက် ပအိုဝ်းအမျိုးသားများ နှင့် သံဃာတော်များအားလုံး၏ တာဝန်ဖြစ်ပြီးအထက်ပါရည်ရွယ်ချက်များအတိုင်း လုပ်ဆောင်သွားမည့် အကြောင်း ထုတ်ပြန်ကြေငြာခဲ့လေသည်။ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ “ ပအလဖ” ‘ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့’ သည် (၁၉၄၉)ခုနှစ်၊ ဒီဇင်ဘာလ (၁၁)ရက်နေ့တွင် ဆရာတော်ဘုရားဦးနေမိ၊ ဖြားတန်ကျောင်တိယုံ(ကောင်ခယ်း)၊ ဖြားတန်ကျော်ဝါးရ(ကောင်ပြဲုင်)၊ ဖြားတန်ကျောင်ဘုတ်(နာစစ်သောက်)၊ ဖြားတန်နမ်းသြ၊ ဖြားဗွာလှဖေ၊ ဗိုလ်တုံ၊ ဟိန်သျင်းငွေ၊ အမတ်အောင်သာ၊ ဗိုလ်ဟိန်မောင် စသောပုဂ္ဂိုလ်ကြီးများဦးဆောင်၍ အောက်ပါလုပ်ငန်းစဉ်များကိုချမှတ် ခဲ့လေသည်။ ၁။ ပဒေသရာဇ်စနစ် တိုက်ဖျက်ရေး ၂။ ဒေသန္တရအုပ်ချုပ်ရေး ရရှိရေး(ယာယီ) ၃။ အခြားတိုင်းရင်းသားများနှင့်အတူ တန်းတူသောအခွင့်အရေးရရှိရေး ၄။ ပအိုဝ်းအမျိုးသားတို့၏ လူနေမှုဘဝတိုးတက်မြှင့်မားပေးရေး စသည့်အချက်များဖြစ်သည်။ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် ပဒေသရာဇ်စနစ်တိုက်ထုတ်မှုကြောင့် ရရှိခဲ့သောအကျိုးဆက်များ - (၁၉၅၉)ခုနှစ်၊ ဧပြီလတွင် ပဒေသရာဇ်စော်ဘွားများအာဏာစွန့်လွှတ်ရခြင်း - ပအိုဝ်းအမျိုးသားတို့ နိုင်ငံရေးအသိအမြင်ကြွယ်ဝလာခြင်း၊ - မျိုးချစ်စိတ်ဓါတ်ရှင်သန်ထက်မြက်လာခြင်း၊ - တောင်ပေါ်ပအိုဝ်းနှင့် အောက်ပြည်ပအိုဝ်းတို့ သွေးစည်းညီညွှတ်လာကြခြင်း၊ - ပညာရေး၊ ကျန်းမာရေးတိုးတက်မြှင့်မားလာပြီး လမ်းပန်းဆက်သွယ်ရေးများ ကောင်းမွန်လာခြင်း၊ - ပြည်တွင်းသို့ ပအိုဝ်းများတိုးဝင်လာနိုင်ခြင်း စသည်များတို့ဖြစ်သည်။ ပြည်ထောင်စုပအိုဝ်းအမျိုးသားအဖွဲ့ချုပ် “ ပအမဖ” တောင်တန်းဒေသတွင်ရှိသော ‘ပအိုဝ်းလှိုင်းဗူး’ အဖွဲ့ကိုဖျက်သိမ်းပြီး (၁၉၅၀)ခုနှစ်၊ သြဂုတ်လ(၂) ရက်နေ့တွင် ပြည်ထောင်စုပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ကို ပြန်လည်၍ဖွဲ့စည်းခဲ့သည်။ (၁၉၅၁)ခုနှစ်၊ မတ်လ (၁)ရက်နေ့တွင် ပထမအကြိမ်ညီလာခံကို ကျင်ပပြီးဖွဲ့စည်းပုံဥပဒေများကို ရေးဆွဲချမှတ်ခဲ့ကြသည်။ ဦးဆောင်သူများမှာ- ဖြားဘိုးခင် - ဥက္ကဌ ဖြားတန်ဦးဖြူ - အတွင်းရေးမှူး အထက်ပါ ဦးဆောင်သူနှစ်ဦးသည် ရှမ်းပြည်ပြည်နယ်ကောင်စီအဖွဲ့ဝင်များ ဖြစ်ကြသည်။ “ ပအမဖ” ရည်ရွယ်ချက်များမှာ 1. ပြည်ထောင်စုတွင်ရှိသော ပအိုဝ်းအမျိုးသားတို့သည် စည်းလုံးညီညွှတ်ရေးကိုတည်ဆောက်ပြီး ပအိုဝ်းတို့၏အမျိုးသားရေးကို ပအိုဝ်းတို့ကိုယ်တိုင်ပင် စီစဉ်ဆောင်ရွက်ရေး၊ 2. ပအိုဝ်းအမျိုးသားတို့၏ ဘာသာသာသနာရေး စာပေယဉ်ကျေးမှု၊ လူမှုရေး၊ စီးပွားရေးများကို တိုးတက်မြှင့်တင်ဆောင်ရွက်သွားရန်၊ 3. လူမျိုးပေါင်းစုံတို့နှင့် သွေးစည်းညီညွှတ်ရေးနှင့် ဒီမိုကရေစီရှင်သန်ရေး 4. ခေတ္တနောက်ပြန်ဆွဲသောစနစ်နှင့် စနစ်ဟောင်းများတိုက်ဖျက်ရေးတွင် ပအိုဝ်းအမျိုးသားတို့၏ လုပ်ဆောင်ချက်များပါဝင်စေခြင်း၊ 5. ငြိမ်းချမ်းသာယာဝပြောရေး ဆက်ဆံရေးများတိုးတက်မြှင့်မားစေရန် ပြည်သူတို့၏ဆန္ဒကိုယူ၍ လုပ်ဆောင်သွားရန်တို့ဖြစ်သည်။ “ ပအမဖ” ၏လုပ်ဆောင်ချက်များ မထမ, ဒုတိယ, တတိယညီလာခံများတွင် ပဒေသရာဇ်စနစ် ပျက်သုဉ်းချုပ်ငြိမ်းရေးအတွက် အစဉ်တဆက်မှတ်တမ်းများ လုပ်ဆောင်နိုင်ခဲ့သည်။ ပြည်နယ်အစိုးရဝန်ကြီးများတွင် ဦးဘိုးခင်၊ ဖြားတန်ဦးဖြူ၊ ဖြားဗွာလှဖေတို့ ပါဝင်လုပ်ဆောင်နိုင်ခြင်း ပါလီမန်လွှတ်တော်ထဲတွင်လည်း ဖြားတန်ဘိုးခင်၊ ဖြားတန်ဦးဖြူ၊ ဖြားဗွာလှဖေ၊ ဖြားထွေးလုံ၊ ဦးကျော်စိန်၊ ဦးစံအောင်၊ အမတ်အောင်သာ စသောမျိုးချစ်ပုဂ္ဂိုလ် များသည် ပအိုဝ်းတိုင်းရင်းသားကိုယ်စားလှယ် အဖြစ်ပါဝင်လာနိုင်ခြင်း၊ ပဒေသရာဇ်အာဏာစွန့်လွှတ်ရေး အတွက် နိုင်ငံတော်အစိုးရနှင့်ပူးတွဲလုပ်ဆောင်နိုင်ခြင်း၊ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး အမျိုးသားစာပေယဉ်ကျေးမှုများနှင့် စီးပွားရေးများတိုးတက်မြှင့်မားရန် လုပ်ဆောင်နိုင်ခြင်း၊ ဖက်ဒရယ်မူရေး ဆွဲရေး တိုင်းရင်းသားကော်မီတီ စသောတိုင်းပြည်ရေးများတွင်လည်းလုပ်ဆောင်နိုင်ခဲ့ကြသည်။ ပြည်ထောင်မြန်မာနိုင်ငံတော် ပအိုဝ်းလူငယ်များအစည်းအရုံး “ပအမဖ” ကို ဖွဲ့စည်းပြီးနောက်တွင် ပြည်ထောင်စုမြန်မာနိုင်ငံတော် ပအိုဝ်းလူငယ်များအစည်းအရုံး ကိုတောင်ကြီးမြို့တွင် ပြန်လည်ဖွဲ့စည်းခဲ့သည်။ 1. ပအိုဝ်းလူငယ်တို့၏ ဘဝအဆင့်အတန်းတိုးတက်မြှင့်မားစေရေး၊ 2. ပအိုဝ်းလူငယ်များသည် ရှေ့ဆောင်ကောင်းသောအမျိုးသားခေါင်းဆောင်များ ဖြစ်စေရေး၊ 3. ပြည်ထောင်စုတွင်းတွင်ရှိသော အခြားလူငယ်တိုင်းရင်းသားများနှင့် ပအိုဝ်းလူငယ်တို့ချစ်ခင်ရင်းနှီး မှုများတည်ဆောက်သွားရေး။ 4. ကမ္ဘာပေါ်တွင်ရှိသော အဓမ္မစနစ်ဆိုးကြီးများကိုတိုက်ဖျက်ရာတွင် ပအိုဝ်းလူငယ်အင်အားတစ်ရပ် လည်းပါဝင်နိုင်ရေး။ 5. သဘာဝလောကဓါတ်နှင့် လူမှုရေးရာအရတိုးတက်မြှင့်မားသောအသိပညာများသည် ပို၍တိုးတက် မြှင့်မားပြီးပညာတတ်များ တိုးပွားလာနိုင်စေရေးတို့ဖြစ်သည်။
ဦးခွန်ပန်စိန်(နမ့်ဆန်)တောင်ပိုင်းမဟုတ်။တောင်ပိုင်စော်ဘွားကြီး
ReplyDelete