မင်္ဂလာပါခင်ဗျား …….ကျွန်တော့် ဆိုက်ဒ်ကို ယောင်ရမ်းပြီးဝင်ရောက်ကြည့်ရှုမိသော သူများအတွက် ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာပြီး လိုရာဆန္ဒပြည့်စုံနိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။ ဤဆိုက်ဒ်တွင် ပအိုဝ်းလူမျိုးအကြောင်းကိုစိတ်ဝင်စားသူများ၊ပအိုဝ်းလူမျိုးကိုချစ်မြတ်နိုးသောသူများအတွက် ပအိုဝ်းလူမျိုး၏ သမိုင်းကြောင်း၊ ယဉ်ကျေးမှုထုံးစံ၊ ဘာသာစကားပြောဆိုမှု၊ ပွဲတော်များ၊ အစားအစာများနှင့် အခြားဗဟုတုတများကို တတ်နို်င်သရွေ့တင်ပြပေးသွားမည်ဖြစ်ပါတယ်။
Blogger Tips and TricksLatest Tips And TricksBlogger Tricks

Saturday, December 14, 2013

နောင်တောင်းပရဟိတတပ်ဦးကျောင်းတိုက်သမိုင်းအကျဉ်း


  1. နောင်တောင်းပရဟိတရဲ့သမိုင်းအကျဉ်း
    နောင်တောင်းပရဟိ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း သမိုင်းအကျဉ်းချုပ်
    ၂၀၀၁-ခုနှစ်၊ ဖေဖော်ဝါရီလ၊ ၁၉ ရက် ၊ (ကောဇာ-၁၃၆၂-ခု၊ တပို့တွဲလပြည့်ကျော် ၁၂ ရက်) တနင်္လာနေ့ည ၂း၀၀ နာရီအချိန်တွင် နောင်တောင်းကျောင်းဒကာများ ကိုးကွယ်အားထားသည့် ဘုန်းတော်ကြီးကျောင်းကို မီးခခဲ့ပါသည်။ ကျောင်းတိုက်သစ်ကို ပြန်လည်တည်ထောင်ရာတွင် ဒေသလိုအပ်ချက်အရ ဘုန်းတော်ကြီးသင် ပညာရေး ပရဟိတ ကျောင်းဖွင့်လှစ်နိုင်မည့်နေရာ အထူးလိုအပ်လျှက် ရှိရာ နေ...ာင်တောင်းရွာဦးစေတီရှိသော တောင်ခြေရင်းသို့ ပြောင်းရွှေ့ တည်ထောင်ရန် ဆုံးဖြတ်ခဲ့သည်။ ထိုမြေနေရာသည် ယခင် ၁၃၄၈ ခုနှစ် (ခရစ် ၁၉၈၆) ခုနှစ်က နောင်တောင်းဆရာတော် ဘုရားကြီး ဘဒ္ဒန္တနန္ဒဝံသမှ “နေရာသည် သာသနာ့အောင်မြေ ဘူမိနက်သန် ဖြစ်သည်” ဟုတပည့်များအား မကြာခဏ မိန့်ကြားတော်မူလေ့ရှိပြီး သာသနာ့အာဇာနည်ကောင်းများ ပေါ်ထွက်လာစေရန် တပည့်များအား စာသင်တိုက်ကြီးများသို့ ပို့ဆောင်လျှက် ကိုယ်တိုင်သာသနာပြု သီတင်းသုံးခဲ့သည်။ သို့နှင့် နဂိုမူလကျောင်းကို မီးလောင်သွားသောအခါ ယခု ကျောင်းထိုင်နေသော ဆရာတော် အရှင်ရာဇိန္ဒသိရီမှ ၂၀၀၁ - ခု၊ ဧပြီလ (၆) ရက် သောကြာနေ့ နေ့လည် (၁၂း၀၀) နာရီတွင် ဤနေရာသစ်၌ နောင်တောင်းပရဟိတ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းကို စတင် တည်ထောင်ခဲ့သည်။ ၂၀၀၁ -ခုနှစ်၊ ဇူလိုင်လ ၄ ရက်၊ ဗုဒ္ဓဟူးနေ့တွင် ရဟန်းသုံးပါး၊ သာမဏေ (၂၇) ပါးဖြင့် ဝါဆိုသည်။ ၂၀၀၃/၂၀၀၄ ပညာသင်နှစ်တွင် ကိုရင် အပါး (၅၀) ဖြင့်

    ဘ/က ပညာရေး ကျောင်းကို မူလတန်းအဆင့်ဖြင့် စတင်သည်။ ၂၀၀၅/၂၀၀၆ ပညာသင်နှစ်တွင် မူကြိုအဆင့်နှင့် “ဦးနန္တာဟိန်” စာကြည့်တိုက်ကိုပါ ပူးတွဲ ဖွင့်လှစ်နိုင်ခဲ့သည်။ ၂၀၀၆/၂၀၀၇ ပညာသင်နှစ်တွင် မူလွန်အဆင့်နှင့် အခြေခံကွန် ပျူတာ သင်တန်းကိုပါ ဆက်လက်ဖွင့်လှစ်နိုင်ခဲ့သည်။ ၂၀၁၀/၂၀၁၁ ပညာသင်နှစ်တွင် အလယ်တန်းအဆင့်နှင့် အထက်တန်းအဆင့် ပြင်ပဖြေကျောင်းသားများကို လက်ခံခဲ့သည်။ ၎င်းနှစ်တွင်ပင် သီးသန့်ဥယျာဉ်ခြံမြေ၌ အဆောင်ဆောက်လုပ်ကာ အမျိုးသမီးငယ်များကို စတင်လက်ခံခဲ့သည်။ ၂၀၁၁/၂၀၁၂ ပညာသင်နှစ်တွင် တက္ကသိုလ်တက်ဆဲနှင့် ဘွဲ့ရ ကျောင်းသား/ကျောင်းသူများကို လက်ခံ၍ အင်္ဂလိပ်စာ၊ ကွန်ပျူတာနှင့် ဖွံ့ဖြိုးရေး ဆိုင်ရာ ဘာသာရပ်များကို သင်ကြားပေးနိုင်ခဲ့သည်။ ယခုဆိုလျှင် နောင်တောင်းပရဟိတကျောင်းတိုက်တွင် ကျောင်းသား/ကျောင်းသူပေါင်း (၁၁၅၉) ဦးရှိပြီဖြစ်သည်။ ထိုတွင် ကျောင်းအိပ် ကျောင်းစား ကျောင်းသား/သူပေါင်း (၉၄၃) ဦးရှိသည်။ ကြီးကြပ်ရေးမှူး ဆရာတော် (၇) ပါး၊ အမျိုးသမီးအုပ်ချုပ်ရေးမှူး ဆရာမ (၇) ဦးနှင့် ဆရာ ဆရာမဦးရေပေါင်း (၉၂) ဦးဖြင့်၊ မူကြိုအဆင့်မှ ဒသမတန်းအထိ ပညာသင်ကြားပေးနေသည့်အပြင် ၊ ဘာသာရေး၊ လူမှုရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းများထည့်သွင်းလုပ်ဆောင်လျှက် အင်္ဂလိပ်စာ၊ ကွန်ပျူတာနှင့် ဖွံ့ဖြိုးရေးဘာသာရပ်များကိုလည်း ပူးတွဲ သင်ကြားပေးလျှက် ရှိသည်

No comments:

Post a Comment