မင်္ဂလာပါခင်ဗျား …….ကျွန်တော့် ဆိုက်ဒ်ကို ယောင်ရမ်းပြီးဝင်ရောက်ကြည့်ရှုမိသော သူများအတွက် ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာပြီး လိုရာဆန္ဒပြည့်စုံနိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။ ဤဆိုက်ဒ်တွင် ပအိုဝ်းလူမျိုးအကြောင်းကိုစိတ်ဝင်စားသူများ၊ပအိုဝ်းလူမျိုးကိုချစ်မြတ်နိုးသောသူများအတွက် ပအိုဝ်းလူမျိုး၏ သမိုင်းကြောင်း၊ ယဉ်ကျေးမှုထုံးစံ၊ ဘာသာစကားပြောဆိုမှု၊ ပွဲတော်များ၊ အစားအစာများနှင့် အခြားဗဟုတုတများကို တတ်နို်င်သရွေ့တင်ပြပေးသွားမည်ဖြစ်ပါတယ်။
Blogger Tips and TricksLatest Tips And TricksBlogger Tricks

Saturday, December 14, 2013

ဟိုပုံးမြို့ကနောင်တောင်းပရဟိတတပ်ဦးကျောင်းတိုက်

အိမ့်သံစဉ် ရေးသားသည်)






ပညာအလင်းရောင်ပေးခြင်းဟာ လောကမှာ အကောင်းဆုံး အမွန်မြတ်ဆုံး အလှူတမျိုးလည်းဖြစ်ပါတယ်။

တချို့က အလင်းအားကောင်းနေတဲ့နေရာများတွင်သာ အလင်းရောင်ကို လှူလိုကြတယ်။
တချို့က တကယ့် အလင်းလိုအပ်နေတဲ့နေရာများမှာ သွားရောက်လှူဒါန်းကြတယ်။
လှူခြင်းဆိုတာကလည်း တနည်း သံသရာအတွက် ရင်းနှီးမြုပ်နှံမှုလည်းဖြစ်ပါတယ်။

အခုတော့ ဟိုးအဝေး ရှမ်းပြည်နယ်တောင်ပိုင်း ဟိုပုံးမြို့က
နောင်တောင်း ပရဟိတ တပ်ဦးကျောင်းတိုက်မှာ ပညာအလင်းရောင်များနဲ့ ထွန်းလင်းနေပါတယ်။

အခုနှစ်နွေရာသီမှာ အင်္ဂလိပ်စာ၊ ကွန်ပျူတာနဲ့ ယဉ်ကျေးလိမ္မာသင်တန်းများကို ဒေသခံ ကျောင်းသား/သူ တွေ ကို ပို့ချပေးနေပါတယ်တဲ့။

ဒီလိုပို့ချပေးတဲ့ သင်တန်းတွေထဲမှာ RWCT လို့ခေါ်တဲ့ ဝေဖန်ပိုင်းခြား စဉ်စားနည်းတွေကိုလည်း သင်ကြားပို့ချ ပေးနေတယ်လို့ သိရပါတယ်။
တပ်ဦးကျောင်း ဆရာတော်နဲ့ သံဃာတော်များရယ်၊ တခြား စေတနာ ဆရာ၊ ဆရာမများက သူတို့ရဲ့ အချိန်တွေ ကို နယ်စွန်က ကျေးရွာလေးမှာ အလင်းအားကောင်းဖို့ ပေးဆပ်နေကြတာ ဂုဏ်ယူစရာပါ။

ကျေးရွာပေါင်း ၁၉ ရွာက ကျောင်းသူကျောင်းသားပေါင်း ၃၈၀ ကို ကွန်ပျူတာ အလုံးပေါင်း ၃၅ လုံးဖြင့် နောင်တောင်းကျောင်းတွင် ၁၀.၃.၂၀၁၂ မှစတင် လက်ခံသင်ကြားပေးနေပြီဖြစ်ကြောင်း သူတို့ရဲ့ အင်တာနက်  ဒီမှာ မှာ ဖော်ပြပါတယ်။

No comments:

Post a Comment