မင်္ဂလာပါခင်ဗျား …….ကျွန်တော့် ဆိုက်ဒ်ကို ယောင်ရမ်းပြီးဝင်ရောက်ကြည့်ရှုမိသော သူများအတွက် ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာပြီး လိုရာဆန္ဒပြည့်စုံနိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။ ဤဆိုက်ဒ်တွင် ပအိုဝ်းလူမျိုးအကြောင်းကိုစိတ်ဝင်စားသူများ၊ပအိုဝ်းလူမျိုးကိုချစ်မြတ်နိုးသောသူများအတွက် ပအိုဝ်းလူမျိုး၏ သမိုင်းကြောင်း၊ ယဉ်ကျေးမှုထုံးစံ၊ ဘာသာစကားပြောဆိုမှု၊ ပွဲတော်များ၊ အစားအစာများနှင့် အခြားဗဟုတုတများကို တတ်နို်င်သရွေ့တင်ပြပေးသွားမည်ဖြစ်ပါတယ်။
Blogger Tips and TricksLatest Tips And TricksBlogger Tricks

Friday, January 3, 2014

သင့်ကို လူတွေသဘောတွေ့လာစေမယ့်နည်း ( ၆ )နည်း

 ၁ ) တစ်ဖက်လူအပေါ်မှာ ရိုးသားစွာ စိတ်ဝင်စားပါ ၊ တစ်ဖက်လူရဲ့ ပြဿနာကို စိတ်ဝင်စားပါ ။ ကိုယ်ကျိုးမကြည့်ရပါ ၊ သူမွေးသက္ကရာဇ်ကို မှတ်ထားပြီး သူ့မွေးနေ့မရောက်မီ တစ်ရက်အလိုမှာ အသိပေးလိုက်ပါ ။ အံ့သြ၀မ်းသာနေပါလိမ့်မည် ။
 ၂ ) ပြုံးပါ ။ အပြုံးဟာ နုံးခွေနေသူကို အားရှိစေပါတယ် ။ သောကကိုပြေပျောက်စေပါတယ်။ အပြုံးဟာ ငွေပေးဝယ်လို့ မရသလို ချေးငှားယူလို့လည်း မရပါ ။ ပေးတတ်ရင် အသုံးကျတဲ့ ပစ္စည်းတစ်မျိုးပါ ။

 ၃ ) သူ့နာမည်ကို မှတ်ထားပါ ။ လူဆိုတာ တခြားသူတွေရဲ့ နာမည်ထက် ကိုယ်နာမည်ကို ပိုစိတ်ဝင်စားသူတွေပါ ။ လွယ်လင့်တကူ သူ့နာမည်ကို ပြုံးပြီး ခေါ်လိုက်ပါ ၊ သူ သင့်ကို စိတ်ဝင်စားသွားပါလိမ့်မယ် ။ 
၎ ) သူပြောတာ စိတ်ဝင်တစား နားထောင်ပါ ၊ ပြောနေသူ ဆက်ပြောနိုင်အောင် တွန်းအားပေးပါ ။ 
 ၅ ) တစ်ဖက်လူ အကျိုးရှိမယ့်ဘက်က စပြောပါ ၊ သူစိတ်ဝင်စားတဲ့ သူတန်ဖိုးထား တဲ့ အကြောင်းအရာကို စပြောပါ ။
 ၆ ) တစ်ဖက်လူ အရေးပါတယ်ဆိုတာ သူသိအောင် ရိုးသားဖြူစင်စွာ ပြုပါ ။ ပြောပါ ။ တစ်ဖက်လူရဲ့ ကောင်းကွက်ကိုရှာပြီး အားတက်သရော ချိုးကျုးပြောဆိုပါ ၊ မြှောက်ပြောခြင်းမဟုတ်ဘဲ ရိုးသားဖြူစင်သော စိတ်ဖြင့်ထုတ်ပြောပါ ။

No comments:

Post a Comment