မင်္ဂလာပါခင်ဗျား …….ကျွန်တော့် ဆိုက်ဒ်ကို ယောင်ရမ်းပြီးဝင်ရောက်ကြည့်ရှုမိသော သူများအတွက် ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာပြီး လိုရာဆန္ဒပြည့်စုံနိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။ ဤဆိုက်ဒ်တွင် ပအိုဝ်းလူမျိုးအကြောင်းကိုစိတ်ဝင်စားသူများ၊ပအိုဝ်းလူမျိုးကိုချစ်မြတ်နိုးသောသူများအတွက် ပအိုဝ်းလူမျိုး၏ သမိုင်းကြောင်း၊ ယဉ်ကျေးမှုထုံးစံ၊ ဘာသာစကားပြောဆိုမှု၊ ပွဲတော်များ၊ အစားအစာများနှင့် အခြားဗဟုတုတများကို တတ်နို်င်သရွေ့တင်ပြပေးသွားမည်ဖြစ်ပါတယ်။
Blogger Tips and TricksLatest Tips And TricksBlogger Tricks

Wednesday, January 1, 2014

အလံပါကြယ်နှင့် အရောင်များ၏ ဖွင့်ဆိုချက်များ

(က) ကြယ်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

နိုင်ငံတိုင်း၊ လူမျိုးတိုင်း၏ အများစုသည် ကြယ်သင်္ကေတကို အများဆုံး အသုံးပြုလေ့ရှိကြောင်း တွ့ရှိရပါသည်။ မြန်မာအ ဘိဓာန်ကျမ်းစာအုပ်တွင် ကြယ်ကိုအဓိပ္ပာယ် ဖွင့်ဆို ထားသည်မှာ ညအခါ၌ ကောင်းကင်တွင် အလင်းရောင် အပွင်းကလေးများသဖွယ် မြင်ရသော ကောင်းကင်ဗိမာန် နက္ခတ်တာရာဟု  
                   ဖော်ပြထားသည်။ ကြယ်တို့သည် အေးမြသော အလင်းရောင်ကို ပေးသည်ဟု လူသားတို့ထင်မှတ်ကြသည်။ အမှန်မှာ ကြယ်များသည်လည်း နေကဲ့သို့ အလင်းရော အပူပါ လွှတ်ပေးလျှက် ရှိသည်။ နေတွင်ရှိသော ဓာတ်သဘာဝအားလုံး ကြယ်တွင်ရှိသည်။ အချို့သော ကြယ်များသည် နေထက် အဆပေါင်းများစွာ ပိုမို၍ တောက်ပကြသည်။ အားကောင်းသော မှန်ပြောင်းများဖြင့် ကြည့်လျှင် ကြယ်ပေါင်း သိန်းတစ်ထောင်ခန့်ကို မြင်နိုင်သည်။ ကိုယ်ပိုင်အလင်းရောင်ရှိသော ကြယ်ပေါင်းများစွာ ရှိသကဲ့သို့ ကိုယ်ပိုင်အလင်းရောင်မရှိသော ကြယ်ပေါင်းများစွာလည်း ရှိသည်။
အလံများတွင် ကြယ်ဖြင့် အမှတ်အသားပြု၍ ဖော်ပြရခြင်းမှာ ကြယ်တို့မည်သည် လမ်းခရီးတွင် ရပ်တံ့ခြင်းမရှိ၊ သွားမြဲခရီးကို အစွန့်ပစ် ခရီးစဉ်အတိုင်း နောက်တွန့်သည်မရှိဘဲ ရှေ့သို့သာဆက်၍ဆက်၍ ခရီးနှင်လေ့ရှိခြင်း၊ ကမ္ဘာဖြစ်တည်ခဲ့သည့် အချိန်မှစ၍ လွတ်လွတ်လပ်လပ် ကိုယ်ပိုင်သီးသန့် အလင်းရောင်ဖြင့် တည်ရှိခဲ့ခြင်း စသော ဂုဏ်၊ အရည်အသွေးများရှိခြင်း ကြောင့်ပင်ဖြစ်သည်။
(ခ) အဖြူရောင် အဓိပ္ပာယ်ဖွင့်ဆိုချက်
အဖြူရောင်သည် လမင်း၏ အရောင်ဖြစ်၍ အေးချမ်းမှုကို ဖြစ်စေသည်။ ဖြူစင်သန့်ရှင်းခြင်း၊ ကျစ်လစ်သိပ်သည်းခြင်း၊ သိမ်မွေ့နူးညံ့ခြင်း စသည့် အေးချမ်းသာယာ တည်ငြိမ်သော သဘောကို ဆောင်သည်။ စည်းကမ်းရှိသော၊ စည်းစနစ်ရှိသော အစွမ်းသတ္တိရှိသည်။ ကျန်းမာရေးကို အထောက်အကူပြုသော သဘောကို ဆောင်သည်။ ဆေးရုံများတွင် လူနာကုတင်၊ အိပ်ယာခင်း၊ ခေါင်းအုံးစွပ်၊ ခန်းစည်းနှင့် ဆရာဝန်ဝတ်စုံများသည် အဖြူရောင်ကိုသာ အသုံးပြုကြသည်။ အဖြူရောင်ကို မကျန်းမာသူ လူမမာ တွေ့လိုက်ရရုံဖြင့် စိတ်ချမ်းသာပြီး ရောဂါသက်သာစေ၍ သောက၊ ဒုက္ခများ ပြေပျောက်စေသည်။ ခေါင်းအုံးစွပ်ဖြူဖြူဖြင့် အိပ်စက်လျှင် အိပ်မက်လိုလို မက်တတ်သည်။ အရောင်တောက်ပသော ခေါင်းအုံးစွပ်များနှင့် အိပ်စက်လျှင် အိပ်မက်ဆိုးများ မက်တတ်သည်။
(ဂ) အနီရောင် အဓိပ္ပာယ်ဖွင့်ဆိုချက်
အနီရောင်၏ အဓိပ္ပာယ်သည် ရဲရင့်ခြင်း၊ သွက်လက်ဖျတ်လတ်ခြင်း၊ ခြေမြန်လက်မြန်ရှိခြင်း၊ ပြိုင်ဘက်အပေါ် အနိုင်ရလိုမှုစိတ်ဓာတ် ပြင်းထန်ခြင်း၊ သူရဲကောင်းဆန်ခြင်း၊ စိတ်ဓာတ်ကို တက်ကြွအောင် လှုံ့ဆော်ပေးခြင်း၊ စိတ်ဓာတ်ပျော့ညံ့သူကို စိတ်ဓာတ်တက်ကြွစေခြင်း စသောသဘောများ ဆောင်သည်။ အားကစားသမားများ အနီရောင်ဝတ်စုံ ၀တ်ကစားလိုက်လျှင် စွမ်းအင်များ အလိုလိုပြည့်ဝ တိုးတက်ပြီး အနိုင်ရလိုစိတ် ပြင်းထန်တတ်ကြသည်။ အနီရောင်ကို ကြိုက်နှစ်သက်သော လူများသည် ရဲစွမ်းသတ္တိရှိသူ၊ နိုးကြွားတက်ကြွ လှုပ်ရှားလိုသူ၊ အတိုက်အခိုက် ၀ါသနာပါသူ၊ ဆွဲဆောင်စည်းရုံးတတ်သူများ ဖြစ်တတ်ကြသည်။
(ဃ) အပြာရောင် အဓိပ္ပာယ်ဖွင့်ဆိုချက်
အပြာရောင်၏ အဓိပ္ပာယ်သည် အိနြေ္ဒရှိခြင်း၊ သိက္ခာရှိခြင်း၊ ယုံကြည်စိတ်ချရခြင်း စသော အရည်အချင်းများ ရှိသည်။ ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေမှုကို ဖြစ်စေပြီး စိတ်ပြေပျောက်မှု အသွင်ကို ဖန်တီးပေးနိုင်သည်။
အသက်ရှင်သန်မှုကို အားပေးနိုင်စွမ်းရှိသည်။ အောင်မြင်မှုရလိုလျှင် အပြာရောင်ကို အသုံးပြုလေ့ရှိကြသည်။ တစ်နည်းအားဖြင့် အပြာရောင်သည် ခံစားထိခိုက်လွယ်သော၊ အေးချမ်းစွာနေလိုသော၊ ပျော်ရွှင်မှုကို မက်မောတတ်သော၊ ခံစားမှုများကို ထိန်းချုပ်နိုင်သော သဘောလည်း ရှိသည်။ ထို့ကြောင့် အပြာရောင်ကို ကြိုက်နှစ်သက်သူများသည် နူးညံ့ပျော့ပြောင်းသော နှလုံးသားရှိသူ၊ သူတစ်ပါး၏ မေတ္တာကို ခံယူလိုသူ၊ မေတ္တာထားတတ်သူ ဖြစ်သကဲ့သို့ မိခင်စိတ်ရှိသူ၊ အပြစ်ကင်းကင်း နေလိုသူများလည်း ဖြစ်တတ်ကြသည်။
(င) အစိမ်းရောင် အဓိပ္ပာယ်ဖွင့်ဆိုချက်
အစိမ်းရောင်၏ အဓိပ္ပာယ်သည် နုပျိုလန်းဆန်းခြင်း၊ ပေါ့ပါးသွက်လက်ခြင်း၊ ရွှင်ရွှင်လန်းလန်း ဖြစ်စေခြင်း၊ အိုမင်းရင့်ရော်ခြင်းကို တိုက်ဖျက်ခြင်း သဘောရှိသည့် အပြင် သစ္စာရှိသော၊ ကတိတည်သော၊ ကြင်နာဂရုဏာတရား ကြီးမားသော၊ သူတစ်ပါးကို ကူညီတတ်သော၊ ချိုသာရည်မွန်သော သဘောများကို ဆောင်ပါသည်။ အစိမ်းရောင်သည် ကြည်လင်အေးချမ်းသော သဘောရှိသဖြင့် လယ်ကွင်းပြင်စိမ်းကို ကြည့်ရှု ရခြင်းသည် ခြောက်သွေ့နေသော ကန္တာရကို ကြည့်ရှုရခြင်းထက် စိတ်ချမ်းသာမှု၊ အေးချမ်းသာယာပျော်ရွှင်မှုကို ပို၍ဖြစ်စေသည်။ နိုင်ငံတကာ ဆေးရုံများ၏ လူနာခြုံစောင်များ၏ အရောင်မှာ အစိမ်းရောင်ကို အသုံးပြုလေ့ ရှိကြသည်။ လေအေးပေးစက် တပ်ဆင်ထားသော အခန်းကို အနီရောင်ဆေး သုတ်ပေးခြင်းထက် အစိမ်းရောင်ဆေး သုတ်ပေးခြင်းက အအေးဓာတ် ပိုစေနိုင်ပါသည်။ အစိမ်းရောင်ကို ကြိုက်နှစ်သက်တတ်သူသည် အပူအပင်မရှိ၊ စိတ်ကူးယဉ်တတ်သူ ဖြစ်လေ့ရှိကြသည်။

No comments:

Post a Comment