မင်္ဂလာပါခင်ဗျား …….ကျွန်တော့် ဆိုက်ဒ်ကို ယောင်ရမ်းပြီးဝင်ရောက်ကြည့်ရှုမိသော သူများအတွက် ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာပြီး လိုရာဆန္ဒပြည့်စုံနိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။ ဤဆိုက်ဒ်တွင် ပအိုဝ်းလူမျိုးအကြောင်းကိုစိတ်ဝင်စားသူများ၊ပအိုဝ်းလူမျိုးကိုချစ်မြတ်နိုးသောသူများအတွက် ပအိုဝ်းလူမျိုး၏ သမိုင်းကြောင်း၊ ယဉ်ကျေးမှုထုံးစံ၊ ဘာသာစကားပြောဆိုမှု၊ ပွဲတော်များ၊ အစားအစာများနှင့် အခြားဗဟုတုတများကို တတ်နို်င်သရွေ့တင်ပြပေးသွားမည်ဖြစ်ပါတယ်။
Blogger Tips and TricksLatest Tips And TricksBlogger Tricks

Wednesday, January 1, 2014

ပရဟိတစိတ်ဓာတ် (၂)

တနေ့က ဆွမ်းဒကာ ကိုအပုလေးတစ်ယောက် ဘုန်းကြီးကျောင်းကို ရောက်လာပြီး “ ဘုန်းဘုန်းဘုရား တပည့်တော် မြန်မာနိုင်ငံက ကလေငယ်များ ကျန်းမာရေးနဲ့ပညာရေး ရံပုံငွေရှာပွဲအတွက် ဖိတ်စာ ရိုက်ချင်လို့” ဟု လာရောက်လျှောက်ထားလာပါတယ်။

"မြန်မာနိုင်ငံ ကလေးငယ်များ ပညာရေး၊ ကျန်းမာရေး ရံပုံငွေ" ဟု အသံကြားလိုက်ကတည်းက စားရေးနှလုံးသားမှာ ဝမ်းသာကြည်နူးစိတ်တွေ၊ ခွန်အားတွေ တဖွားဖွားတိုးပွားလာပါတယ်။


ယနေ့ ပြည်တွင်းကော ၊ ပြည်ပမှာပါ ‘ပရဟိတအဖွဲ့’၊ ‘မိဘမဲ့ကလေးမျာ စောင့်ရှောက်ရေးအဖွဲ့’၊ ‘နိုင်ငံရေးအဖွဲ့’၊ ‘ဘာသာရေးအဖွဲ့’ ၊’လူမျိုးရေးအဖွဲ့’၊ စသောအဖွဲ့အစည်းတွေ ရွှန်းရွှန်းဝေအောင် ပြောတတ်ကြသူတွေ မနည်းမနော ရှိတတ်ကြပါတယ်။

ကိုအပုလေးကား စကားအရာမှာ ရွှန်းရွှန်းဝေအောင် ပြောတတ်သူမဟုတ်သော်လည်း တကယ့်စေတနာတွေ  ရွှန်းရွှန်းဝေနေတာကို တွေမြင့်လိုက်ရတော့ စာရေးသူ အထူးပင် ခင်မင်လေးစားသွားပါတယ်။

ကိုအပုလေးတစ်ယောက်  ဗုဒ္ဓရံသီဘုန်းတော်ကြီးကျောင်းဖွင့်ကတည်းက ယနေ့ထက်တိုင် ဆွမ်းဝတ်မပျက်သော ဆွမ်းဒကာတစ်ယောက်ဖြစ်ပါတယ်။ ဟော ! ယခု မြန်မာပြည်မှ ကလေးများ ပညာရေး၊ကျန်းမာရေးအတွက် ရံပုံငွေ လှူဒါန်း ဦးမည်ဟု  ကြားသိရသောအခါ ဒကာတစ်ယောက်အဖြစ် အသိအမှတ်ပြုရုံမျှမက လေးစားမှုပါ  စာရေးသူရဲ့ နှလုံးသားမှာ စိမ့်ဝင်လာပါတယ်။

ကျနော်တို့အားလုံး သိတတ်စအရွယ်မှ ယနေ့ထက်တိုင် ကမ္ဘာမြေကြီးးမှာ နေရာတိုင်းလိုလို စစ်ပွဲတွေက ဖြစ်နေဆဲ၊ တော်လှန်ရေးဟူသော အသံကလည်း ပြည်တွင်းကော၊ပြည်ပမှာပါ  ကျနော်တို့လို အရွယ်ကောင်း သော လူငယ်များ  နှလုံးသားတွင် စိမ့်ဝင်နေဆဲ..။

ကိုအပုလေးတို့ကိုယ်တိုင်းလည်း တိုင်းပြည်ရဲ့အုပ်ချုပ်ပုံစနစ်ကို မကြိုက်လို့ တော်လှန်ကာ နပ်စပ်မှ တဆင့် တတိယနိုင်ငံကိုရောက်လာသူဖြစ်ပါတယ်။

ယနေ့ လူငယ်များထဲတွင် တိုင်ပြည်နှင့်လူမျိုးအတွက် ယုံကြည်ချက်တွေဖြင့် အသက်စွန့်ခဲ့ကြသော ရဲဘော်ရဲဘက်များလည်း မနည်းလှ၊ ပြည်ပရောက် တော်လှန်ရေးသမားများက နှစ်တိုင်းလိုလို့  အမှတ်တရ   နေ့များကျင်းပကြပါတယ်။

သူ့ခေတ်နှင့် သူ့ခါတော့ သူရဲ့ကောင်းများကလည်း ပေါ်ထွက်နေဆဲ။

ကျနော်တို့တတွေ ပြည်ပရောက်ပြီး နိုင်ငံရေး၊ လူမှုရေး ဗဟုသုတရှိလာတာနဲ့အမျှ ယုံကြည်ချက်တစ်ခု အတွက် အသက်စွန့်သွားသော လူငယ်များသတင်းကို ကြားရတိုင်း သူတို့ မိဘ၊ဆွေမျိုး၊ ညီအစ်ကို မောင်နှမတွေကိုယ်စား 'သူရဲကောင်း' ဟု တံဆိပ်မတပ်လိုတော့ပဲ ဝမ်းနည်းစိတ်များ၊ ယူကြုံးမရစိတ်များက အစားထိုးဝင်လာပါတယ်။

မိမိအသက်ကော၊ သူတစ်ပါးအသက်ကိုပါ တန်ဖိုးထားရကောင်းမှန် မသိသော အသေခံ ဖောက်ခွဲရေးသမား လူငယ်များ သတင်းကိုကြားရသောအခါ ပိုပြီးတုန်လှုပ်ခြောက်ခြားလာရပါတယ်။

မြန်မာနိုင်ငံရဲ့  အနာဂတ်တွင် ဤကဲ့သို့ ဖောက်ခွဲရေးသမားများ မပေါ်ပေါက်ဖူးဟု မည်သူ ပြောနိုင်ပါမည်နည်း။

ကျနော်တို့ရဲ့ ညီးငယ်၊ညီမငယ်ကလေးများရဲ့လှပတဲ့ ဘဝကို အမုန်းတွေ၊ အာဃာတတွေ၊ အငြိုးအတေးတွေဖြင့် ဆက်လက်ကာ မလောင်မြိုက်စေချင်တော့။

အာဏာ၊ပါဝါ၊ နေရာအတွက် တိုက်ပွဲဝင်နေသူများထက်   နောင်အနာဂတ် လူငယ်မျိုးဆက်သစ်များအတွက်  သူရဲကောင်းများ လိုအပ်နေပါပြီ။

သို့အတွက် ယနေ့မြန်မာနိုင်ငံ လူငယ်များအတွင် အထူးလိုအပ်နေတဲ့ ပညာရေး၊ကျန်းမားရေးကို  အုပ်တစ်ချပ်၊သဲတစ်ပွင့် တဒေါင့်တနေရာက ကူညီတဲ့အနေနဲ့ ကနေဒါရောက်
 မြန်မာများစုပေါင်းကာဖြင့်  ကိုအပုလေးဦးဆောင်တဲ့ ပညာရေ၊ ကျန်းမားရေး ရန်ပုံငွေရှာပွဲကို စုပေါင်းအားပေးကြပါဦးဟု တိုက်တွန်းလိုက်ရပါစေ။

ဗုဒ္ဓရံသီဆရာတော်၊ကနေဒါ
ဆိုဒ်တစ်ခုမှ ကူးယူဖော်ပြပါသည်

No comments:

Post a Comment