မင်္ဂလာပါခင်ဗျား …….ကျွန်တော့် ဆိုက်ဒ်ကို ယောင်ရမ်းပြီးဝင်ရောက်ကြည့်ရှုမိသော သူများအတွက် ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာပြီး လိုရာဆန္ဒပြည့်စုံနိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။ ဤဆိုက်ဒ်တွင် ပအိုဝ်းလူမျိုးအကြောင်းကိုစိတ်ဝင်စားသူများ၊ပအိုဝ်းလူမျိုးကိုချစ်မြတ်နိုးသောသူများအတွက် ပအိုဝ်းလူမျိုး၏ သမိုင်းကြောင်း၊ ယဉ်ကျေးမှုထုံးစံ၊ ဘာသာစကားပြောဆိုမှု၊ ပွဲတော်များ၊ အစားအစာများနှင့် အခြားဗဟုတုတများကို တတ်နို်င်သရွေ့တင်ပြပေးသွားမည်ဖြစ်ပါတယ်။
Blogger Tips and TricksLatest Tips And TricksBlogger Tricks

Wednesday, January 1, 2014

ြ့ကုံရဆုံရ ပရဟိတ

ဆိုဒ်တစ်ခုမှာဖတ်လိုက်ရတာပါ…စာသားလေးတွေကကောင်းလွန်းလို့ ကျွန်တော်ပြန်ပြီး Share လုပ်ပေးထားတာပါဗျာ…
ရေရှည်စိတ်ချမ်းသာပျော်ရွှင်မှုအတွက် မိမိရည်မှန်းချက်ထမြောက်အောင်မြင်ရေးကို အလေးပေးဆောင်ရွက်ရမည်ဆိုသော်လည်း
အတ္တအကျိုးစီးပွားကိုချည်း အမြဲဦးစားပေးမနေမိအောင်ကား သတိပြုရန်လိုပါသည်။ မြန်မာ့ရိုးရာတွင် အများကျိုးဆောင်
ကိုယ့်ကျိုးအောင်ဟူသောစကားတစ်ခွန်းရှိသည်။ အတ္တအကျိုးနှင့်ပရအကျိုးဆက်စပ်ပတ်သက်နေသည်ဆိုသောသဘော။ သည်သဘောကိုပင်တရုတ်ပညာရှိကြီးကွန်ဖြူးရှပ်စ်က " အများကောင်းကျိုး သယ်ပိုးမည့်သူ့၌ မိမိအကျိုးပါ သေချာပြီးဖြစ်သည်" ဟူ၍ဆိုခဲ့သည်။ ကောင်းသောအလုပ် လုပ်သူသည်

ထိုလုပ်ရပ်က ပေးသည့် ဆုလာဘ်ကို ခံစားရမြဲဖြစ်သည်။ ဘယ်သူတွေကို သူကူညီနိုင်မလဲ၊ ဘာတွေ သင်ကူညီနိုင်မည်လဲ၊ ပတ်ဝန်းကျင်မှာကြည့်မှာ။ သင့်မြို့သင့်ရွာ၊ ပြီးတော့ သင့်မိသားစု၊
သင့်ဆွေမျိုး၊ သင့်မိတ်ဆွေ၊ သင့်လုပ်ဖော်ကိုင်ဖက်၊အကြောင်းအားလျော်စွာတွေ့ကြုံသိကျွမ်း မျက်မှန်းတမ်းမိသူများ၊
သူတို့အကျိုးအတွက် သင်ဘာတွေ ဘယ်လောက် သယ်ပိုးပေးနိုင်သနည်း။သင်ဆောင်ရွက်သည့်အတိုင်းအတာနှင့် တူညီသော
အကျိုးကို သင်ခံစားရမည်ဖြစ်သည်။ဥပမာ သူတစ်ပါးထံမှ လေးစားချစ်ခင်မူကို လိုသည်ဆိုပါစို့။ ဦးစွာပထမ မိမိက လေးစားကြောင်းပြရလိမ့်မည်။

ကိုယ်လေးစားလျှင် သူလေးစားလာလိမ့်မည်။ မယုံမရှိနှင့်။ တစ်လလောက်စမ်းကြည့်ပါ။ လမ်းမှာ၊ အိမ်မှာ၊ ရုံးမှာ၊ တစ်ဦးချင်းတွေ့ရသူ အသီးသီးကိုတကယ်အရေးပါသော ပုဂ္ဂိုလ်များသဖွယ် သဘောထားပြီး ဆက်ဆံကြည့်ပါ။ လူဆိုသည်က အရေးပါချင်သူချည်းဖြစ်သည်။ အရေးတယူပြုခံချင်သူချည်းဖြစ်သည်။ပြီး လူအများအပြားပင်မိမိကို တခြားလူတွေ အရေးတယူပြုသလောက် မပြုဟု ထင်မှတ်ခံစားနေတတ်ကြသည်။ သူတို့ကို သင်က အရေးတယူပြုလိုက်သည့်အခါသူတို့အလိုဆန္ဒတွေ ပြည့်ဝကြသည်။ သင်နှင့်
တွေ့သဖြင့်သူတို့စိတ်ချမ်းသာကြသည်။ သည်အတွက်သင့်အား ကျေးဇူးတင်သည်။ ခင်မင်သည်၊ လေးစားသည်။ သင့်မှာ အကြောင်းကြီးငယ်ရှိလျှင်စေတနာဗရပွနှင့် သင့်အား ကူညီကြမည်။ တဖန် တစ်ဖက်သားကို လေးစားစွာဆက်ဆံနိုင်ရန်အတွက်
ထိုသူ၏ အရေးကိစ္စများ၊ ၎င်း၏ အယူအဆနှင့် ခံစားချက်များအပေါ် စိတ်ဝင်စားမှုရှိရန်လို၏ စင်စစ် ထိုစိတ်ဝင်စားမှုမှလည်း ကြီးမားသော အကျိုးကျေးဇူးရနိုင်သေး၏။ လောကလူသားတိုင်းမှာပင် သူများနှင့်မတူသော အတွေ့အကြုံနှင့် အတွေးအမြင်များရှိတတ်ကြသည်ဖြစ်ရာ လူအများကို စိတ်ဝင်စားသူသည် လောကအကြောင်း လူ့အကြောင်းကို သူတကာထက် နှံ့စပ်သိမြင်သူဖြစ်လာနိုင်ပေသည်။

No comments:

Post a Comment