ပရဟိတစိတ်ဓာတ်ဆိုတာ ဘုရားလောင်းစိတ်ဓာတ်ပါပဲ။ ခုယူရင် ခုရနိုင်တဲ့
နိဗ္ဗာန်ချမ်းသာကို စွန့်ပြီး လေးအသင်္ချေနဲ့ ကမ္ဘာတစ်သိန်းကာလပတ်လုံး
ပါရမီတော်တွေကို အပင်ပန်း အဆင်းရဲခံပြီး ဖြည့်ကျင့်ခဲ့တာဟာ သတ္တဝါတွေရဲ့
အကျိုးစီးပွားကို လိုလားတဲ့ ပရဟိတစိတ်ဓာတ်ကြောင့်ပါ။
ဘုရားဖြစ်ရခြင်းရဲ့ အဓိကအကြောင်းရင်းကို ပြောပါဆိုရင်

ပရဟိတစိတ်ဓာတ်ကိုပဲ ပြောရပါလိမ့်မယ်။ ပရဟိတစိတ်ဓာတ်သာ မရှိရင်
ပါရမီတော်တွေ မဖြည့်ကျင့်ဖြစ်ပါဘူး။ ပါရမီတော်တွေမှ မဖြည့်ကျင့်ရင်လည်း
ဘုရားမဖြစ်နိုင်ပါဘူး။ ပါရမီတော်တွေ ဖြည့်ကျင့်တယ် ဆိုတာကလည်း
အဓိကအားဖြင့် ပရဟိတ အလုပ်တွေ လုပ်တာပါပဲ။ လူမှုရေးပရဟိတလည်းပါသလို
သာသနာရေးပရဟိတတွေလည်းပါပါတယ်။ လောကီကောင်းကျိုး ပရဟိတတွေလည်းပါသလို
လောကုတ္တရာကောင်းကျိုး ပရဟိတတွေ လည်း ပါပါတယ်။
ဘုရားရှင်တိုင်းဟာ ဘုရားမဖြစ်ခင်မှာလည်း ပရဟိတ
စိတ်ဓာတ်နဲ့ပဲပါရမီဖြည့်ခဲ့
ပရဟိတစိတ်ဓာတ်နဲ့ပဲ လောကကို ကောင်းကျိုးပြုသွားခဲ့ကြပါတယ်။ ဘုရားဆိုတာ
ပရဟိတရဲ့ အမှတ်သင်္ကေတပါ။ တစ်လောကလုံးမှာ ပရစိတစိတ်ဓာတ်အရှိဆုံးနဲ့
ပရဟိတအလုပ် အလုပ်ဆုံးပုဂ္ဂိုလ်ဟာ သမ္မာသမ္ဗုဒ္ဓဘုရားပါပဲ။
ဘုရားလောင်းတွေ၊ ဘုရားရှင်တွေမှာသာ ပရဟိတ စိတ်ဓာတ်
ရှိတာလားဆိုတော့ မဟုတ်ပါဘူး။ စိတ်နေစိတ်ထား မြင့်မားကြီးမြတ်တဲ့
ပုဂ္ဂိုလ်တိုင်းမှာ ပရဟိတစိတ်ဓာတ် ရှိပါတယ်။အရှင်ဆန္ဒာဓိက၏ "နှလုံးသားမိတ္တူ" စာအုပ်မှ ပရဟိတစိတ်ဓာတ်
No comments:
Post a Comment