မင်္ဂလာပါခင်ဗျား …….ကျွန်တော့် ဆိုက်ဒ်ကို ယောင်ရမ်းပြီးဝင်ရောက်ကြည့်ရှုမိသော သူများအတွက် ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာပြီး လိုရာဆန္ဒပြည့်စုံနိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။ ဤဆိုက်ဒ်တွင် ပအိုဝ်းလူမျိုးအကြောင်းကိုစိတ်ဝင်စားသူများ၊ပအိုဝ်းလူမျိုးကိုချစ်မြတ်နိုးသောသူများအတွက် ပအိုဝ်းလူမျိုး၏ သမိုင်းကြောင်း၊ ယဉ်ကျေးမှုထုံးစံ၊ ဘာသာစကားပြောဆိုမှု၊ ပွဲတော်များ၊ အစားအစာများနှင့် အခြားဗဟုတုတများကို တတ်နို်င်သရွေ့တင်ပြပေးသွားမည်ဖြစ်ပါတယ်။
Blogger Tips and TricksLatest Tips And TricksBlogger Tricks

Thursday, April 17, 2014

နောင်ခမ်းအောင်ဆုပန် ပရဟိတ

1525139_1402537229989843_295506314_n
ဒေသလိုအပ်ချက်အရ နောင်တောင်းပရဟိတ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း၏ ကျောင်းခွဲ တစ်ခု အဖြစ် “နောင်ခမ်း အောင်ဆုပန်” ဟူသည့် ပရဟိတ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း တစ်ကျောင်းကို ရှမ်းပြည်နယ် အရှေ့ပိုင်း၊ တာချီလိတ်မြို့၊ ပါလျံရပ်ကွက်တွင် တည်ထောင်ထားရှိသည်။
ကနဦးအနေဖြင့် တောင်ကြီးမြို့၊ မင်းကွန်း ဥတ္တရာရုံ ဆရာတော်ကြီး ဦးပညာသီရိနှင့် တောင်ကြီးမြို့နယ် ပုံဆွေပင် ဆရာတော် ၊ နောင်ခမ်းဆရာတော်
ဦးစန္ဒောဘာသ၊ နောင်တောင်းကျောင်းဆရာတော်နှင့် ကျောင်းတကာများ ဖြစ်ကြသည့် ဦးခွန်အောင်သိန်း၊ ဦးခွန်ဟိန်း၊ ဦးခွန်ဆန်းလွင်၊ ဦးခွန်ဖြူ (ဟိုပုံး)၊ ဦးခွန်ဖြူ (ပွင့်ပန်း သင်္ကန်းပရိက္ခရာဆိုင်)၊ ဦးခွန်လုံးတို့က တာချီလိတ်တွင် နေထိုင်သော ပအိုဝ်းတိုင်းရင်းသားတို့အတွက် ကိုးကွယ်ရာ ဘုန်းတော်ကြီးကျောင်း တစ်ကျောင်းအဖြစ် ရည်ရွယ်၍ တည်ထောင်ခဲ့ပါသည်။
၁၃၇၂ – ခုနှစ်၊ ဝါဆိုလ (၂၀၁၀ ခုနှစ်၊ ဇွန်လ) တွင် ကျောင်းတိုက် ဖြစ်ပေါ်လာရေးအတွက် တောင်ကြီးမြို့ မင်းကွန်းဥတ္တရာရုံဆရာတော်မှ နောင်တောင်း ပရဟိတ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ဆရာတော်ကို တာဝန်ပေးအပ်ခဲ့သည်။ ထိုအခါ တောင်ကြီးမြို့၊ မြို့မရပ်မှ ကျောင်းဒကာ ဦးခွန်အောင်သိန်း၊ ဦးခွန်ဟိန်းနှင့် ဦးခွန်ဆန်းလွင်တို့ တွဲလက်ညီညီဖြစ် ကျောင်းတိုက်ကို စတင်တည်ထောင်ခဲ့လေသည်။
၁၃၇၂ ခုနှစ်၊ ပထမဝါဆို လဆန်း ၁၄ ရက် (၂၀၁၀ ခုနှစ်၊ ဇွန်လ (၂၅) ရက်) တွင် လက်ရှိကျောင်းထိုင်ဆရာတော်ကြီးဖြစ်သည့် ဦးကောသလ္လ၊ ဦးဝိလာသဂ္ဂ၊ ဦးသီဟနန္ဒ၊ ရှင်သောဘန၊ ရှင်နိမ္မလနှင့် ကပ္ပိယကြီး ခွန်ထွန်းမောင်တို့ စတင်သီတင်းသုံး နေထိုင်ခဲ့သည်။ စတင်ခဲ့စဉ်က ဒကာ ဒကာမများ ဘုရားသွား ကျောင်းတက် ဥပုသ်သီးတင်များ တည်ဆောက်ရန်သာ ရည်ရွယ်ခဲ့သော်လည်း ဒေသလိုအပ်ချက်အရ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း အဖြစ် တည်ထောင်ခဲ့သည်။ ၁၃၇၃ ခုနှစ်၊ (၂၀၁၁/၂၀၁၂ ပညာသင်နှစ်) တွင် ရဟန်း (၈) ပါး၊ ရှင်သာမဏေ (၃၂) ပါး၊ ဆရာတစ်ဦးနှင့်  ပရဟိတ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းအဖြစ် ဖွင့်လှစ်နိုင်ခဲ့သည်။ ပညာသင်နှစ်အစဖြစ်သည့်အလျှောက် ဤခုနှစ်များတွင် နောင်တောင်းပရဟိတ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းနှင့် တွဲဖက်၍ ဖွင့်လှစ်ခဲ့သည်။ ၁၃၇၄ ခုနှစ် ဒုတိယဝါဆိုလဆန်း (၆) ရက်၊ (၂၀၁၂/၁၃ ပညာသင်နှစ်) တွင် နိုင်ငံတော် သံဃမဟာနာယက အဖွဲ့မှ တရားဝင် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း အဖြစ် ခွင့်ပြုခဲ့သည်။ ဤနှစ်တွင် စာသင်ပေးသည့် ရဟန်းပေါင်း (၈) ပါး၊ ဆရာ (၁) ဦး၊ ဆရာမ (၁) ဦးနှင့် သာမဏေပေါင်း (၅၅) ပါး ရှိခဲ့သည်။ ၁၃၇၅ ခုနှစ်၊ (၂၀၁၃/၁၄ ပညာသင်နှစ်) တွင် သူငယ်တန်းမှ သတ္တမတန်းအထိ ဖွင့်လှစ် နိုင်ခဲ့ပြီး သာမဏေပေါင်း (၇၆) ပါး၊ ကျောင်းသား (၄) ယောက်နှင့် ကျောင်းသူ (၅) ယောက် တက်ရောက်ခဲ့သည်။ ဤနှစ်တွင် ကျောင်းဆရာ ရဟန်း (၁၀) ပါး၊ ဆရာ (၄) ဦးနှင့် ဆရာမ (၂) ဦးက သင်ကြားပေးခဲ့သည်။
1482926_1402546966655536_1703802681_n1234694_595490583822727_1345358704_n
လက်ရှိတွင် သူငယ်တန်းမှ (၆) တန်းအထိ မူလွန်အဆင့်ကို ဖွင့်လှစ်နိုင်ပြီ ဖြစ်သည်။ နွေရာသီ ကျောင်းပိတ်ကာလများတွင်လည်း ယဉ်ကျေးလိမ္မာ ဖြစ်သည့် ဗုဒ္ဓဘာသာ သင်ခန်းစာများကို သင်ကြားပို့ချပေးနိုင်ခဲ့သည်။ ၎င်းသင်တန်းတွင် ဗုဒ္ဓဘာသာ သင်ခန်းစာ အပြင် ကွန်ပျူတာသင်တန်း၊ အင်္ဂလိပ်စာ သင်တန်းများကိုလည်း တွဲလျှက် ဖွင့်လှစ်ပေးနိုင်ခဲသည်။ ၁၃၇၅ ခုနှစ် (၂၀၁၃ ခုနှစ်) တွင် သင်တန်းသားပေါင်း (၁၈၀) ရှိခဲ့ရာ ၎င်းတို့ထဲတွင် ခရိယာန် ဘာသာဝင်ပေါင်း (၆၀) ဦးနှင့် မွစ်စလင်ဘာသာဝင်ပေါင်း (၁၀) ဦးခန့် ပါဝင် တက်ရောက်ခဲ့ကြပါသည်။ လက်ရှိ နွေရာသီတွင်လည်း ယဉ်ကျေးလိမ္မာ သင်တန်းကို ဖွင့်လှစ်လျှက် ရှိသည်။

REF: Naung Taung.org ဆက်လက်ဖတ်ရန် (ဒီမှာ) နှိပ်ပါ။

No comments:

Post a Comment