ပြီးခဲ့တဲ့တစ်ပတ်က CV ရေးပြီးသွားပြီဆို တော့ ဒီတစ်ပတ်မှာ အင်တာဗျူးဖြေ
တဲ့ဆီကို ဆက်ကြရအောင်ပါ။ ကုမ္ပဏီတွေအနေနဲ့ ၀န်ထမ်းတွေကို ရွေးချယ်
ကြတဲ့နေရာမှာ ယေဘုယျအား ဖြင့် အောက်ပါအဆင့် ၃ ဆင့်နဲ့ ရွေးချယ်ကြ ပါတယ်။
(၁) ကနဦးရွေးချယ်မှုအဆင့် (Initial Selection)
ဒီအဆင့်မှာတော့ CV တွေထဲမှာ ဖော်ပြထားတဲ့ အချက်အလက်တွေ ကိုကြည့်ပြီး သက်ဆိုင် ရာလိုအပ်ချက်တွေနဲ့ တိုက်ဆိုင်စစ်ဆေးရွေးချယ် ပါတယ်။ အဲသလို ရွေးချယ်လိုက်တဲ့ သူတွေ ကိုတော့ ပထမအဆင့် အင်တာ ဗျူးဖြေဆိုဖို့ အကြောင်းကြားပါတယ်။
(၂) စစ်ဆေးခြင်းအဆင့် (Testing)
ဒီအဆင့်မှာတော့ များသောအားဖြင့် လူတွေ့ အင်တာဗျူး မေးမြန်းလေ့ ရှိကြပြီး အခြားလိုအပ်တဲ့စစ်ဆေးမှု၊ ဥပမာ လက်တွေ့စစ်ဆေးမှု စတာ တွေ ကို စစ်ဆေးကြလေ့ရှိပါတယ်။
(၃) အတည်ပြုရွေးချယ်ခြင်း (Final Selection)
ဒီအဆင့်မှာတော့ ၀န်ထမ်းအဖြစ် ခန့်ထားဖို့ အတွက် အတည်ပြုရွေး ချယ်တာ ဖြစ်ပါတယ်။
ဝန်ထမ်းလောင်းတွေရဲ့ အရည်အသွေး ကို စစ်ဆေး အကဲဖြတ်ဖို့ ဘာနည်းလမ်းတွေ သုံးကြလဲ
ဒုတိယအဆင့် စစ်ဆေးခြင်းအဆင့်မှာ ၀န် ထမ်းလောင်းတွေရဲ့ အရည်အသွေးကို စစ်ဆေး အကဲဖြတ်ဖို့ ကုမ္ပဏီတွေ သုံးစွဲလေ့ရှိတဲ့ နည်း လမ်းတွေကတော့ ..
(၁) လူတွေ့မေးမြန်းခြင်း (Interviewing)
ဒါကတော့ ကမ္ဘာပေါ်မှာ လူသုံးအများဆုံး နည်းလမ်းပါ။
(၂) စိတ်ပိုင်းဆိုင်ရာ စစ်ဆေးခြင်း (Psychometric Testing)
တချို့လိုအပ်တဲ့ အလုပ်အကိုင်တွေအတွက် စိတ်ပိုင်းဆိုင်ရာ စစ်ဆေး မှုတွေ လုပ်လေ့ရှိပါ တယ်။ ဥပမာ၊ တပ်မတော်နဲ့ ပတ်သက်တဲ့ အလုပ် အကိုင်များ၊ လူတွေနဲ့ထိတွေ့ဆက်ဆံရတဲ့ အလုပ်အကိုင်များ စသည်ဖြင့်ပါ။
(၃) အဖွဲ့လိုက်လုပ်ဆောင်မှုများ (Group Activities)
တချို့အသင်းအဖွဲ့ (Teamwork) နဲ့လုပ်ကိုင် တဲ့ အလုပ်အကိုင်တွေ အတွက် အုပ်စုလိုက် စစ်ဆေးမှုတွေ စစ်ဆေးလေ့ရှိပါတယ်။ ဥပမာ အဖွဲ့ လိုက်ပြဿ နာ ဖြေရှင်းခိုင်းတာမျိုး၊ တစ်ခုခုကို ဖန်တီးခိုင်းတာမျိုး စသည်ဖြင့်ပါ။
(၄) လက်တွေ့စစ်ဆေးခြင်း (Practical Tests)
ကျောင်းဆရာကဲ့သို့ အလုပ်အကိုင်မျိုးခေါ် ယူခြင်းအတွက် လက်တွေ့ စာသင်ခိုင်းပြီးစစ်ဆေးတာမျိုးပါ။
(၅) နေရာတစ်ခုခုကို ၀င်ရောက်သရုပ်ဆောင်ခိုင်းပြီးစစ်ဆေးခြင်း(Role Play)
ဥပမာ- လေယာဉ်မယ်အလုပ်အကိုင်ကို လျှောက်ထားသူတစ်ယောက်ကို ယခုလေယာဉ် မယ်ဖြစ်နေပြီဟု ယူဆခိုင်းပြီး ပြဿ နာတစ်ခုခုကို ဖြေရှင်း ခိုင်းတာမျိုးပါ။
အင်တာဗျူး အမျိုးအစားများ
ယေဘုယျအားဖြင့် ဆိုရင်တော့ အင်တာဗျူး ဆိုတာဟာ မျက်နှာချင်း ဆိုင်တွေ့ဆုံပြီး အပြန် အလှန်သတင်းအချက်အလက်တွေ ဖလှယ်ကြ တာ ဖြစ်ပါတယ်။ အင်တာဗျူးပြုလုပ်ရတဲ့ ရည် ရွယ်ချက် ၃ ခု ရှိပါတယ်။ အဲဒါတွေကတော့-
(၁) CV တွင် ရေးသားထားသော အရေးကြီး သည့် သတင်းအချက်အလက် များကို အတည်ပြုရန်၊
(၂) လိုအပ်နေသော၊ ကျန်ခဲ့သော သတင်း အချက်အလက်များကို ဖြည့် စွက်မေးမြန်းရန်၊
(၃) အင်တာဗျူးဖြေဆိုသူအား သက်ဆိုင်ရာ အလုပ်ရာထူးတာဝန်နှင့် ကိုက် ညီမှုရှိ၊ မရှိ စစ်ဆေးအကဲဖြတ်ရန် တို့ဖြစ်ပါတယ်။
အခြေခံအားဖြင့် အင်တာဗျူးအမျိုးအစား ၄ မျိုးရှိပါတယ်။ အဲ့ဒါတွေ ကတော့ ..
(၁) တစ်ဦးချင်းအင်တာဗျူး (One-to-one interviews)
ဒါကတော့ လူသုံးအများဆုံးပါ။ အင်တာ ဗျူးမေးမြန်းတဲ့သူရော၊ ဖြေဆို တဲ့သူရော one-to-one တစ်ဦးချင်းမေးမြန်းတဲ့ ပုံစံပါ။
(၂) အတွဲလိုက်အင်တာဗျူး (Paired Interviews)
ဒါကတော့ မေးမြန်းတဲ့သူက နှစ်ယောက်၊ ဖြေဆိုတဲ့သူကတစ်ယောက် ပုံစံပါ။ များသော အားဖြင့် အလုပ်ခေါ်တဲ့ဌာန (Department) မှ တာဝန်ရှိသူ တစ်ယောက်ရယ်၊ HR ဌာနမှ တာဝန်ရှိသူတစ်ယောက်ရယ်မှ မေးမြန်းလေ့ရှိ ပါတယ်။
(၃) အဖွဲ့လိုက်အင်တာဗျူး (Appointments boards and panel interviews)
ဒါကလည်း တော်တော်များများ မေးမြန်းလေ့ရှိတဲ့ ပုံစံပါ။ မေးမြန်းတဲ့ သူ လေးငါးယောက် နဲ့ ဘုတ်အဖွဲ့ပုံစံ စုဝေးမေးမြန်းတာ ဖြစ်တဲ့ အတွက် တရားမျှတမှန်ကန်မှုအတွက် ပိုမိုအာမခံချက် ပေးနိုင်ပါတယ်။
(၄) အဆင့်ဆင့် အင်တာဗျူး (Sequential Interviews)
ဒီလိုပုံစံ အင်တာဗျူးမျိုးကတော့ တွေ့ရတာ နည်းပါတယ်။ ဖြေဆိုတဲ့ သူက တစ်ခန်းဝင် တစ်ခန်းထွက်နဲ့ အဆင့်ဆင့် ဖြေဆိုသွားရတဲ့ ပုံစံပါ။ အချိန် ကုန်သက်သာလိုတဲ့ အခါမျိုးမှာ အသုံးပြုပါတယ်။
ကုမ္ပဏီအဖွဲ့အစည်းများအနေနဲ့ အင်တာဗျူး စီစဉ်မေးမြန်းကြတဲ့နေ ရာမှာ ၎င်းင်းတို့ရဲ့လိုအပ်ချက်လုပ်ငန်းသဘောသဘာဝအရ ..
(၁) ပထမအဆင့်အင်တာဗျူး
(First Interview)
(၂) ဒုတိယအဆင့်အင်တာဗျူး
(Second Interview)
(၃) တတိယအဆင့်အင်တာဗျူး
(Third Interview)
(Final Interview)
စသည်ဖြင့် မေးမြန်းကြလေ့ရှိပါတယ်။ ။
(နောက်တစ်ပတ် ဆက်ပါမည်။)
See you at the top!
လင်းသိုက်ညွန့် (မြန်မာ့မြေ)

No comments:
Post a Comment