လန်ဒန်ရှိ တက္ကသိုလ်တစ်ခုမှ
စိတ်ပညာ ပါမောက္ခ ဦးစီးလို့ ပြုလုပ်ခဲ့တဲ့ စစ်တမ်း တစ်ခုအရ ဖြစ်ပါတယ်။
Relation တစ်ခု ပြီးစုံ သွားတဲ့ အခါတိုင်း ချစ်သူနဲ့ ပြတ်ဆဲ သွားတဲ့
အခါတိုင်း အမှန်တကယ် အခံစားရဆုံးက အမျိုးသားဘက်က ဖြစ်ကြောင်း သိရ ပါတယ်။
အပေါ်ယံမှာ အမျိုးသမီးများက ပိုမို ခံစားရတယ်လို့ ထင်ရပေမယ့် အမှန်တော့
အမျိုးသမီးများက မိသားစု၊ မိတ်ဆွေ၊ သူငယ်ချင်းများနဲ့ ပြန်လည် ဖြေသိမ့်
နိုင် ပါတယ်။ အချို့ ဆိုရင် နောက်ထပ် Relation တစ်ခုကို အချိန်သိပ်မကြာပဲ
နဲ့တောင် ထပ်မံ စတင်နိုင်ကြောင်း
တွေ့ရှိခဲ့ ပါတယ်။ အမျိုးသား အများစု အနေနဲ့ ကတော့ ချစ်သူနဲ့ ပြတ်ဆဲတိုင်း
စိတ်ဝေဒနာ ခံစားရပြီး ရင်ကွဲနာ ကျတဲ့ အချိန်က ပိုမို ကြာမြင့်တတ် ပါတယ်။
ယင်းကာလ အတွင်း အခြား လုပ်ဆောင်ချက်တွေပါ အမျိုးသမီးနဲ့ သာမန်လူများထက်
လျော့ကျ တတ်ပါတယ်။
အချို့
အမျိုးသားဆိုရင် အပေါင်းအသင်း မိတ်ဆွေများနဲ့ ဆက်ဆံရေး ရော့ရဲ တဲ့ အထိ
ဖြစ်တတ် ပါတယ်။ ဒါကြောင့်မို့ အမျိုးသား များအဟာ အသဲကွဲရင်
အမျိုးသမီးများထက် ပိုမို ထိရှ ခံစားလွယ်ကြောင်း အသိအမှတ် ပြုခဲ့ကြ ပါတယ်။
အောင်ခမ်း (ရိုးရာလေး)မှကူးယူဖော်ပြပါသည်
like...လုပ်ပြီး member ...ဝင်ပေးခြင်းဖြင့် ဆက်လက်အားပေးပါဦး။
No comments:
Post a Comment