ဖက်ဒရယ်ဆိုတာဘာလဲ-ငြိမ်းချမ်းစွာ အတူ(တန်းတူ)ယှဉ်တွဲနေထိုင်ရေးပါပဲ-ဒါပေမဲ့ နှစ်၅၀ လောက် တိုက်ထားတဲ့ မှိုင်းကြောင့် ခွဲရေးလိုလို တွဲရေးလိုလိုဖြစ်ခဲ့ တာ- တကယ်ဆိုနယ်မြေဒေသကြီး ကျယ်တဲ့ မေရိကတိုက်ကြီးတစ်ခုလုံးကိုပိုင်ဆိုင်ထားတဲ့ အမေရိကန်တွေတောင်ခွဲဖို့ လုံးဝမစဉ်းစားကြဘူး-အံ့ ရောပဲ--
တကယ်တော့ အမေရိကန်နိုင်ငံဟာ ဖွဲ့ စည်းပုံနဲ့ Rule and Law စိုးမိုးမှု ရှိလို့ သာဒီလိုတည်တံ့ တာလို့ ထင်တယ်။
ဒီနိုင်ငံအကြောင်းပြောရတာက မိမိတို့ နဲ့ ဝေးပါတယ်-ဗမာပြည်တွင်းမှာပဲရှိတယ်၊မြို့ လေးတစ်မြို့ နဲ့ ပဲ ဥပမာပေး ပြောပြမယ်-
ဒီမြို့ က အများသိတဲ့ တိုင်းရှမ်းမြို့ တော် တောင်ကြီး--ဒီမြို့ ကို ရောက်ဖူးသူတိုင်းက အံ့ သြတသသနဲ့ ပြောသွားကြတယ်-
ခေတ်မှီတယ်၊သန့်ရှင်းတယ်ပေါ့-
ဒီထက် မကတဲ့ အကြောင်းအရာတွေနဲ့ လေးနက်တဲ့ မြို့ တစ်မြို့ လို့ ပြောလို့ ရပါတယ်။
လူဦးရေ ၅သိန်းကျော် ရှိတဲ့ (အခုတော့ ဒီထက်မကလောက်ဘူး)ဒီမြို့ လေးဟာ ၊
တိုင်းရင်းသားလူမျိုးပေါင်းစုံ၊ ဘာသာယဉ်ကျးမှုပေါင်းစုံ၊ အဖွဲ့ အစည်းပေါင်းစုံ၊ ပါတီပေါင်းစုံ၊
လူမှုအခြေအပြုအဖွဲ့ ပေါင်းစုံ၊လူတန်းစားအနိမ့်အမြင့်ပေါင်းစုံ စီးမျောပါဝင်လှုပ်ရှားနေတဲ့ မြို့ လေးတစ်မြို့ ပါ၊
တောင်ပေါ်မြို့ ရဲ့ သဘာဝအရ အေးချမ်းမှုရှိသလောက်၊သန့်ရှင်းမှုလဲ ရှိပြီး ၊ဈေးလဲနည်းနည်းကြီးတဲ့ မြို့ လေးပေါ့-
အဓိက ဆိုလိုချင်တာက -ဒီမြို့ မှာနေထိုင်တဲ့ တိုင်းရင်းသားအားလုံး(ကချင်၊ကယား၊ကရင် ၊ချင်းမွန်ဗမာ ၊ရခိုင်၊ရှမ်း) အပြင် -တရုတ်၊ကုလား လူမျိုးများပေါင်းစုံဟာ
ငြိမ်းချမ်းစွာ အတူလက်တွဲ နေထိုင်ကြတယ်၊
ဒီမြို့ မှာ-ရှမ်း၊ ပအိုးဝ်၊ဓနု၊အင်းသားဆိုပြီး၊ဈေးဆိုင်တွေက ခွဲခြားပြီးမရောင်းဘူး၊တစ်ဈေးထဲပဲ၊
ဘာသာရေးထုံးတမ်းစဉ်လာတွေမှာလဲ (ဥပမာ-သင်္ကြန် )လိုအခါမျိုး (တန်ဆောင်တိုင် မီးပုံပျံလွှတ်တဲ့ အခါမျိုး) နှစ်သစ်ကူး-ခရစ်စမတ်လိုအခါမျိုး၊အစ်လ်နေ့ လို အခါမျိုးတွေတောင် ခွဲ ခြားဆက်ဆံမှုမရှိပဲ -အားလုံး တန်းတူ -သွားသွားလာလာ-စားစားသောက် သောက် ၊ပျော်ပျော်ရွင်ရွင် တန်းတူနေထိုင်ကြတဲ့ မြို့ လေးပေါ့--
ပြောရရင် ဖက်ဒရယ် ရနေတဲ့ မြို့ လေးပါပဲ။
ရှမ်းဖြစ်လို့ လဲ ခွဲခြားမဆက်ဆံဘူး၊ဗမာဖြစ်လို့ လဲ မနှိမ်ချဘူး-တောင်ကြီးဆိုတဲ့ မြို့ သားဂုဏ်နဲ့ အားလုံးဟာတန်းတူပါပဲ--
ပျော်ပွဲရွှင်ပွဲ၊သာရေးနာရေး၊ဘာသာရေး၊လူမှုရေး ဘယ်အရေးမှာဖြစ်ဖြစ် တက်တက်ကြွကြွ တန်းတူပါဝင်ကြတယ်၊ဘယ်တောင်ကြီးသား/သူတစ်ယောက်မှ ငါ ရှမ်းလူမျိုးကြီး၊ငါ ဗမာလူမျိုးကြီး၊ငါ့ပအိုဝ်း၊ဓနု ဆိုပြီး လူမျိုးကြီးဝါဒလဲ ဘယ်သူမှ မကိုင်ဆွဲထားကြဘူး၊
ကူစရာရှိကူလိုက်မယ်၊ပျော်စရာရှိပျော်လိုက်မယ်၊သွားစရာရှိသွားလိုက်မယ်၊ဆိုတဲ့ စိတ်နဲ့ 
ပဲနေထိုင်ကြတယ်၊
ပြောကြမယ်၊ ဒါ စီးပွားရေးတောင့်တင်းလို့ လို့ံရေမြေဥတုကောင်းလို့  လို့ ပြောရင် အခြေခံ ခေါင်းရွက်ဗျတ်ထိုးနေ့ စား၊တွန်းလှည်းတွန်းအမှိုက်ကောက်တဲ့ သူက အစ
ဒီမြို့ မှာ တောင်ကြီးသားဆိုတဲ့ စိတ်နဲ့ နေကြတယ်၊
အချင်းချင်းနားလည်မှုနဲ့ နေကြတယ်၊
ဆင်းရဲနေတဲ့ လူတန်းစားကလဲသိမ်ငယ် အားရွ့ံ နေတာမဟုတ်သလို ၊ချမ်းသာနေတဲ့ လူတွေကလဲ မောက်ကြွားမဝင့်ဝါနေကြဘူး၊
ဆိုလိုတာက တောင်ကြီးဆိုတဲ့ ချစ်မြတ်နိုးဂုဏ်ယူတဲ့ စိတ်ကလေးနဲ့ အားလုံးအပေါ်
နားလည်စာနာနိုင်ကြတယ်။
ဒီမြို့ မှာ-မတရားမှုတွေ၊ ပြစ်မှုတွေမရှိဘူးလားဆိုတော့ရှိပါတယ်၊လူတွေနေတဲ့ နေရာမှာ ဖြစ်မှုပျက်မှု ၊အပြစ်၊မတရားမှုတွေကတော့ ရှိတာပါပဲ-ဒါပေမဲ့  ဒါတွေဟာ မြို့ ရဲ့ ဂုဏ်ကို ဆိုးဆိုးရွားရွားထိခိုက်အောင် တော့ မလုပ်နိုင်ဘူး၊
ဘိန်းမှုတွေ၊လယ်သိမ်းမှုတွေ၊ လက်နက်နဲ့ ခြိမ်းခြောက်မှုတွေ ၊ကြီးနိုင်ငယ်ညှင်းမှုတွေ ရှိပါတယ်၊
ဒါပေမဲ့ ဒီဖက်ပွင့်လင်းလာတဲ့ ခေတ်မှာ ဒါတွေကို လိုက်လုပ်ပေးနေတဲ့ ၊ပါတီတွေ၊ လူမှုအဖွဲ့ အစည်းတွေ ၊အင်အားကောင်းကောင်းနဲ့ ချိတ်ဆက်လုပ်ဆောင် နေကြပါပြီ။
တကယ်လို့ တရားဥပဒေသာဒီထက်စိုးမိုးမှုပိုရလာမယ်ဆိုရင် ဒါတွေဟာ တစ်နေ့ လုံးဝ ချုပ်ငြိမ်းသွားနိုင်ပါတယ်။
ဒီလိုနေပျော်တဲ့ မြို့ လေးဟာ ၊အထူးသလဲ ဖက်ဒရယ်ဆိုပြီး ၊မတောင်းဆိုပေမဲ့ ၊ဖက်ဒရယ်ရနေသလို ပါပဲ-တကယ်တမ်းတော့ ငြိမ်းချမ်းမှုကိုလိုလားတဲ့ မြို့ သူ/သားတွေရဲ့ စိတ်ဓါတ်သာ အခရာကျပါတယ်၊
ဗမာပြည်က မြို့ တိုင်းဟာလဲ ဒီမြို့ လို စံနာမှုနာပြ တည်ဆောက်ပြီး၊ကိုယ့်မြို့ ကို ချစ်တတ်ရင် ၊
ဖက်ဒရယ်မတောင်းဆိုပဲ ဖက်ဒရယ် ရလာခဲ့ မှာပါပဲ--
ဆိုလိုတာက မိမိမြို့ ရဲ့ သာရေး၊နာရေး၊လူမှုရေး၊ယဉ်ကျေးမှုဓလေ့ထုံးတမ်းစဉ်လာကို မိမိတို့ မြို့ သားတွေကိုယ်တိုင်ပဲ သိပြီး ကိုယ်တိုင်ပဲထိန်းသိမ်းစောင့်ရှောက်ပြုပြင်ရမှာဖြစ်သလို ၊
မိမိတို့ မြို့ ရဲ ပုံရိပ် ကို မိမိတို့ ကိုယ်တိုင်ပဲဖန်တီးရမှာဖြစ်တယ်၊
ဘယ်သူတွေကတော့ ငါတို့ အတွက် လုပ်ပေးမျာပဲဆိုတဲ့ မျှော်လင့်ချက် ထက် ၊ငါတို့ မြို့ ကို ၊
ငါတို့ ပိုင်တယ်ဆိုတဲ့ စိတ်မျိုးတွေမွေးပြီး လုပ်ဆောင်မယ်ဆိုရင် ၊ကျနော် ထင်တယ်၊ဗမာတစ်ပြည်လုံးဟာ တောင်ကြီးမြို့ လို -သာယာဝပြောပြီး၊သန့်ရှင်းလှပ ခေတ်မှီတဲ့ ဒီမိုကရေစီ မြို့ လေးတွေ ဖြစ်လာမှာ မလွဲဘူးလို့ မြင်ယောင် မိပါတယ်။
ပြည်သူတွေအားလုံး ကိုယ်မြို့ ကို ကိုယ်ပိုင်ကြပါစေ။
မျိုးဆက်တာရာ

like...လုပ်ပြီး member ...ဝင်ပေးခြင်းဖြင့် ဆက်လက်အားပေးပါဦး။
No comments:
Post a Comment