Saturday, January 11, 2014
အိပ်ရေးပျက်ခြင်းကြောင့် ဦးနှောက်ကို ကြီးမားသော ထိခိုက်မှုများ ဖြစ်ပေါ်စေနိုင်
အိပ်ရေးပျက်ခြင်း၊ အိပ်စက်ချိန် မလုံလောက်ခြင်းတို့သည် ဦးခေါင်းကို မာကျောသော အရာတစ်ခုခုနှင့် ဆောင့်မိသကဲ့သို့ပင် ဦးနှောက်ထိခိုက်မှု ဖြစ်ပေါ်နိုင်ကြောင်း သုတေသီများက သတိပေး ပြောကြားလိုက်သည်။ အိပ်ချိန် နည်းပါးခြင်းသည် အယ်လ်ဇိုင်းမား၊ ပါကင်ဆန်ကဲ့သို့ ရောဂါများ ဖြစ်နိုင်ခြေနှင့် ဆက်နွယ်နေကြောင်း ပညာရှင်များက ဆိုသည်။ တစ်ညတာမျှ အိပ်စက်မှု မရှိဘဲ ဖြတ်သန်းခဲ့ရုံမျှဖြင့် ဦးခေါင်းတွင် ကြီးမားသော အတွင်းလှိုက် ထိုးနှက်ချက်မျိုး ဖြစ်ပေါ်တတ်ကြောင်း သိရသည်။ ဆွီဒင်နိုင်ငံ၊
အပ္ပါဆာလာ တက္ကသိုလ်မှ ပရော်ဖက်ဆာ ခရစ္စတီယန် ဘန်နဒစ် ဦးဆောင်သည့် သုတေသီ အဖွဲ့တစ်ခုက NSEနှင့် S-100Bကဲ့သို့ ဇီဝဖန်တီးမှု ဓာတုပစ္စည်းများသည် အိပ်စက်ချိန် နည်းပါးသည့်အခါ ပိုမို၍ အားကောင်းလာတတ်ကြောင်း တွေ့ရှိခဲ့သည်။ depressed teacherဦးနှောက်အတွင်း၌ အဆိုပါ ဓာတုပစ္စည်းများက ထိခိုက်မှုများ ဖြစ်ပေါ်စေပြီး ခေါင်းထိခိုက်မိ၍ မေ့မြောသွားသည့် အခါများတွင် ကြုံရသည့် အခြေအနေများနှင့် အလားတူ သက်ရောက်တတ်ကြောင်း ပရော်ဖက်ဆာ ဘန်နဒစ်က ရှင်းပြခဲ့သည်။ "သွေးထဲက အဲဒီဓာတု ပစ္စည်းတွေရဲ့ အဆင့်သတ်မှတ်ချက် စံနှုန်းဟာ ဦးခေါင်းထိခိုက်မှု တစ်ခုခု ကြုံပြီးချိန်မှာ မြင့်တက်သွားလေ့ရှိတယ်။ ရုတ်ချည်း ထိုးတက်သွားတာမျိုးပေါ့။ ခဏပဲကြာတယ်။ ဒါပေမဲ့ သိသိသာသာ ထင်ထင်ရှားရှား ဖြစ်နေတယ်။ အိပ်စက်ချိန်တွေမှာ ဦးနှောက်ဟာ အဆိပ်အတောက် ဖြစ်စေတဲ့ ပစ္စည်းတွေကို ဖယ်ရှားပစ်တယ်။ NSEနဲ့ S-100Bတို့ဟာ အဲဒီလို အဆိပ်အတောက်တွေ ဖြစ်တည်လာဖို့ အားပေးနိုင်ပါတယ်"ဟု ၎င်းက ပြောကြားသွားသည်။ သုတေသီများသည် ယခင်က အိပ်စက်ချိန်တွင် ဦးနှောက်က အတွင်းပိုင်း သန့်ရှင်းမှု ဇီဝဖြစ်စဉ်ကို အလိုအလျောက် လုပ်ဆောင်ကြောင်း ဖော်ထုတ် တွေ့ရှိထားပြီး ဖြစ်သည်။ အကယ်၍ အိပ်စက်ချိန် မလုံလောက်ပါက အဆိပ်အတောက်များ ချေဖျက်မှု ကဏ္ဍတွင် အားနည်းပြီး အယ်လ်ဇိုင်းမားနှင့် ပါကင်ဆန်ကဲ့သို့ ရောဂါများ ဖြစ်ပေါ်လာနိုင်ကြောင်း ပရော်ဖက်ဆာ ဘင်နဒစ်က ဆိုသည်။ ယင်းရောဂါများသည် ဦးခေါင်းကို ပြင်းထန်စွာ ထိုးနှက်ထိခိုက်မိပြီး နောက်ဆက်တွဲ ဂယက်အဖြစ် ပေါ်ပေါက်လာတတ်သည်။ "ကျွန်တော်တို့ရဲ့ သုတေသန ရလဒ်တွေက အိပ်စက်ခြင်းဟာ ကျန်းမာပြည့်စုံတဲ့ ဦးနှောက်တစ်ခု ဖြစ်တည်ဖို့ အကောင်းဆုံး သဘာဝ ဆေးနည်းတစ်ခုလို့ သက်သေပြဖို့ပဲ အဓိက ရည်ရွယ်တာပါ" ဟုလည်း ၎င်းက ရှင်းလင်းပြောဆိုသွားသည်။
Planet Myanmar Network
Subscribe to:
Post Comments (Atom)

No comments:
Post a Comment