မင်္ဂလာပါခင်ဗျား …….ကျွန်တော့် ဆိုက်ဒ်ကို ယောင်ရမ်းပြီးဝင်ရောက်ကြည့်ရှုမိသော သူများအတွက် ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာပြီး လိုရာဆန္ဒပြည့်စုံနိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။ ဤဆိုက်ဒ်တွင် ပအိုဝ်းလူမျိုးအကြောင်းကိုစိတ်ဝင်စားသူများ၊ပအိုဝ်းလူမျိုးကိုချစ်မြတ်နိုးသောသူများအတွက် ပအိုဝ်းလူမျိုး၏ သမိုင်းကြောင်း၊ ယဉ်ကျေးမှုထုံးစံ၊ ဘာသာစကားပြောဆိုမှု၊ ပွဲတော်များ၊ အစားအစာများနှင့် အခြားဗဟုတုတများကို တတ်နို်င်သရွေ့တင်ပြပေးသွားမည်ဖြစ်ပါတယ်။
Blogger Tips and TricksLatest Tips And TricksBlogger Tricks

Saturday, April 19, 2014

ကိုယ်ပိုင်စွမ်းအားကို သုံးပါ

သား

အကူအညီ နဲ့ အကြံဉာဏ်ဆိုတာ တောင်းလို့ရတိုင်း

မကောင်းသလို တောင်းတိုင်းလည်း မကောင်းပါဘူး ။

အတောင်းခံရတဲ့သူရဲ့ ရိုးသားမှု နဲ့ သမာဓိ ကလည်း

တောင်းခံသူ သားအပေါ် မှာ ကောင်းကျိုး ဆိုးကျိုးကို

သက်ရောက်နေမှာမို့ ဂရုပြုသင့်ပါတယ်။

နောက်ပြီး

အကူအညီတောင်းလို့ရတာပဲ ဆိုပြီး ကိုယ့်ရဲ့ ခွန်အား

ဝါယမ တို့ကို မစိုက်ထုတ် အသုံးမပြုတော့ဘဲ

ရေသာခိုချင်စိတ်တွေဖြစ်လာလိမ့်မယ်။

ဒါကြောင့် သားအနေနဲ့ ဘာပဲလုပ်လုပ် မှန်ကန်တဲ့

သမ္မာဝါယမ စိုက်ထုတ်ပြီး လုပ်ကြည့်ပါ လုပ်လို့

လုံးဝ မဖြစ်တော့မှအကူအညီတောင်းပါ။ ဒါတောင်မှ

ကိုယ့်ရဲ့ အကူအညီတောင်းခံမှုဟာ တစ်ဖက်လူနဲ့

အပ်စပ်ရဲ့ လား သူရော ပုံဖော်ပေးနိုင်ပါ့မလားဆိုတာ

ကိုလည်းသုံးသပ်ရပါမယ်။ သို့မဟုတ်ရင် ကိုယ့်ရဲ့

တောင်းခံမှုဟာ အချည်းနှီး ဖြစ်ရပါမယ်။

နောက်ပြီး သူငါတောင်းရင် လုပ်ကိုလုပ်ပေးရမယ်

ဆိုတဲ့ ကျေးဇူးခံကျေးဇူးစား ကိစ္စတွေနဲ့ ကိုင်ပြီးတစ်

ဘက်လူဘေးကျပ်နံကျပ် ဖြစ်မယ့် အကူညီတောင်း

ခြင်းမျိုးကိုတော့ ဘယ်တော့မှမပြုရဘူး ။

အကြံဉာဏ်တောင်းရာမှာလည်း အထက်ကအတိုင်း

ပဲ ကိုယ်လုံးဝ မစဉ်းစားတတ်တော့တာ ဒါမှမဟုတ်

ကိုယ့်ဉာဏ်နဲ့ မလိုက်နိုင်တဲ့အရာမျိုးဆိုရင်တော့

ကိုယ့်ထက်တတ်ကျွမ်း နားလည် ရင့်ကျက် သူတွေ

ဆီမှာ အကြံဉာဏ်တောင်းခံသင့်ပါတယ်။

အလွယ်လိုက် သူများဦးနှောက်ဖောက်စားဖို့ကိုလည်း

ရှောင်ရပါမယ်။ ဒါမှသာ ကိုယ်လည်း တွေးခေါ်စဉ်းစား

တတ်လာမှာပါ။

အလားတူပဲ သားကို သူတစ်ပါးက အကူညီတောင်း

လာမယ် အကြံဉာဏ်တောင်းလာမယ်ဆိုရင်

အကောင်းဆုံးပြန်လည် ပေးဆပ်ပေးပါ။ မတတ်နိုင်

ရင်တောင်နှုတ်၏စောင်မခြင်းနဲ့ ကူညီနိုင်မယ့်သူကို

ညွှန်းပေးပါ။ ဒါမှသာ သားအတွက် အဆင်ပြေပါ

လိမ့်မယ်။

သားလေး ကျန်းမာချမ်းသာဝမ်းသာပါစေ။

....

ကိုယ်ပိုင်အတွေး မျှသာပါ။

...

မာင်တင်မောင် (တောင်ကြီး)




ပအိုဝ်းခမ်းတန်မှ တင်ထားသော ပို့စ်များကို အားပေးမှုအတွက် ကျေးဇူးတင်ပါတယ်။ like...လုပ်ပြီး member ...ဝင်ပေးခြင်းဖြင့် ဆက်လက်အားပေးပါဦး။ ပအိုဝ်းခမ်းတန် ..............ကျေးဇူးတင်ပါသည်.................

1 comment:

  1. စာသားကတော်တော်ကောင်းတယ်နော် နောက်တပ်တင်ပေးပါဦးငယ်ခင်ျး

    ReplyDelete