မင်္ဂလာပါခင်ဗျား …….ကျွန်တော့် ဆိုက်ဒ်ကို ယောင်ရမ်းပြီးဝင်ရောက်ကြည့်ရှုမိသော သူများအတွက် ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာပြီး လိုရာဆန္ဒပြည့်စုံနိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။ ဤဆိုက်ဒ်တွင် ပအိုဝ်းလူမျိုးအကြောင်းကိုစိတ်ဝင်စားသူများ၊ပအိုဝ်းလူမျိုးကိုချစ်မြတ်နိုးသောသူများအတွက် ပအိုဝ်းလူမျိုး၏ သမိုင်းကြောင်း၊ ယဉ်ကျေးမှုထုံးစံ၊ ဘာသာစကားပြောဆိုမှု၊ ပွဲတော်များ၊ အစားအစာများနှင့် အခြားဗဟုတုတများကို တတ်နို်င်သရွေ့တင်ပြပေးသွားမည်ဖြစ်ပါတယ်။
Blogger Tips and TricksLatest Tips And TricksBlogger Tricks

Monday, May 12, 2014

ဘယ်ဒေသက ပအိုဝ်းလဲ


=================
၁၉၀၀ ခုနှစ်က ရိုက်ထားတဲ့ ရှေးဟောင်း ပအိုဝ်းဓါတ်ပုံပါ။ ပုံထဲမှာ ရှေးခေတ် ပအိုဝ်းတွေရဲ့ ၀တ်စားဆင်ယင်မှုပုံစံနဲ့ အခမ်းအနားပွဲ တခုပုံစံပါပဲ။ ဘယ်နေရာ၊ ဘယ်ဒေသက ပအိုဝ်းလဲဆိုတာ ရှင်းရှင်းလင်းလင်း မရေးထားပါဘူး။

တောင်ပေါ်ရှမ်းပြည်ဘက်ကလား၊ အောက်ပြည် မြေပြန့်ဒေသကလားဆိုတာ ဓါတ်ပုံကို သေသေချာချာ ကြည့်လိုက်ရင် ဒေသနှစ်ခုထဲ တခုခု ဖြစ်နိုင်ပါတယ်။
ရှေးခေတ် ရှမ်းပြည် ပဒေသရာဇ်ခေတ်တုန်းက ဆီဆိုင်(သထုံ) ပအိုဝ်းနယ်ထဲမှာ စော်ဘွားများနှင့်ဆိုင်တဲ့ အခမ်းအနားပွဲတွေ တွေ့ရလေ့ရှိပါတယ်။ စော်ဘွားပွဲလည်း ဖြစ်နိုင်ပါတယ်။ အမျိုးသားနှင့်ဆိုင်တဲ့ ယဉ်ကျေးမှု၊ အလှူပွဲ၊ ဘာသာရေးပွဲလည်း ဖြစ်နိုင်ပါတယ်။ သမိုင်းထဲမှာ ဆီဆိုင်နယ်ဟာ ထင်ရှားတဲ့ ပအိုဝ်းစော်ဘွားများ အုပ်ချုပ်ခဲ့ဖူးတဲ့ မှတ်တမ်းတွေ ရှိပါတယ်။
နောက်တခုက အောက်ပြည်မြေပြန့်ဒေသ သထုံဘက်ကလည်း ဖြစ်နိုင်ပါတယ်။ ပုံထဲမှာ အုန်းပင်တွေ ထူးထူးဆန်းဆန်း တွေ့ရပါတယ်။ အုန်းပင်တွေကို ခြံရဲ့ ပတ်ပတ်လည်းမှာ မြေပြန့်က ပအိုဝ်းတွေ စိုက်လေ့ရှိပါတယ်။ နောက်ပြီး ပုံထဲကအတိုင်း မနိမ့်မမြင့် ညီညာ တောင်တန်းတခုကို သထုံဘက်မှာ တွေ့ရလေ့ရှိပါတယ်။ နောက်ပြီး ရှေးခေတ်လူကြီးတွေဟာ ပအိုဝ်းဝတ်စုံကို တ၀တ်တပျက် ၀တ်တက်တဲ့ အလေ့အထ ရှိပါတယ်။
ဘာပဲဖြစ်ဖြစ် ပုံနှင့်ပတ်သတ်ပြီး သုံးသပ်ချက်တွေ မှားသည်၊ မှန်သည်ဖြစ်ပါစေ၊ ရှားပါးပအိုဝ်းဓါတ်ပုံကို တွေ့လိုက်ရတဲ့အတွက် ၀မ်းသာပါတယ်။ ရှေးအစဉ်အလာတွေ ကို လေ့လာခွင့်လည်း ရပါတယ်။ ဒါဟာ ဓါတ်ပုံက ပြောတဲ့ ရှေးခတ်သမိုင်း တစိတ်ပါ။

Khunnipaoh မှကူးယူသည်

No comments:

Post a Comment