Monday, May 19, 2014
ငွေ ဘယ်လိုရှာကြသလဲ ?
လောကမှာ လူတိုင်းလိုလို ငွေရှာနေကြရတာပဲ…
အကြောင်း အမျိုးမျိုးကြောင့် ဒီငွေကို နည်းအမျိုးမျိုးသုံးပြီး ရှာနေကြရတယ်…
ကောင်းမွန်ဖြောင့် မတ်တဲ့ နည်းလမ်းတွေ ကိုပဲ သုံးလိုကြပြီဆိုရင်တော့
ဒီစာကို ပြီးအောင် ဖတ်လိုက်ပါ …
သင့်အတွက် ထူးခြားတဲ့ အမြင်တစ်ခုကို ရရှိနိုင်ပါလိမမယ်…
( နိုင်ငံတကာ အသိအမှတ်ပြု စီးပွါးရေး ပညာရှင်
စာရေးသူ Robert Kiyosaki ရဲ့ အယူအဆများ ဖြစ်ပါတယ်…)
ကျွန်တော်တို့တွေ ငွေကို နည်းအမျိုးမျိုးနဲ့ ရှာနေကြတယ်ဆိုပေမယ့်
တကယ်တမ်းတော့ ဒီ ၄ မျိုး ( ESBI ) ကနေ ထွက်မသွားပါဘူး…
( 1 ) ဝန်ထမ်းအဖြစ် (Employee)
( 2 ) လွတ်လပ် ဝန်ထမ်း/ပညာရှင် (Self-employee)
OR အသေးစား လုပ်ငန်းရှင်တစ်ယောက် အဖြစ် ( Small business)
( 3 ) စီးပွားရေး လုပ်ငန်းရှင်တစ်ယောက် အဖြစ် ( Business Owner )
( 4 ) ရင်းနှီးမြှုပ်နှံသူ တစ်ယောက် အဖြစ် ( Investor )
( 1 ) ဝန်ထမ်းအဖြစ် (Employee)
ဝန်ထမ်းတွေဆိုတော့ သူတို့ မှာ အလုပ်ရှိတာပေါ့…
သူတို့က ငွေအတွက် သူတို့ ကိုယ်တိုင် အလုပ်လုပ် ကြရပြီ…
ဒါပေမဲ့ သူတို့ အလုပ်လုပ်နေရတာဟာ
သူတို့ ဘဝ ချမ်းသာမြင့်မား ဖို့ ထက် …
သူတို့ကို အလုပ်ပေးထားတဲ့ အလုပ်ရှင်တွေ ပိုပို ပြီး ချမ်းသာလာအောင်
လုပ်ပေးနေကြရတယ်…
သူတို့ ကိုယ်တိုင်အတွက် တော့ စားလောက်ရုံ …
ရပ်တည်နိုင်ရုံလောက်ပဲ ရကြတာများတယ်…
ဒါကြောင့် JOB ကို အဓိပ္ပယ် ဖွင့်ဆိုချက်တစ်ခု ရှိတယ် …
JOB = Just Over Broke တဲ့ ….မမွဲရုံ တမယ်ပေါ့….
( 2 ) လွတ်လပ် ဝန်ထမ်း/ပညာရှင် (Self-employee)
OR အသေးစား လုပ်ငန်းရှင်တစ်ယောက် အဖြစ် ( Small business)
သူတို့ က အလုပ်တစ်ခုကို ပိုင်ဆိုင်သူတွေပေါ့…
ဘယ်သူ့ ဆီကမှ အလုပ်တစ်ခုကို ခခယယ တောင်းနေစရာမလိုဘဲ…
ကိုယ်တိုင် အလုပ် တစ်ခုကို တည်ထောင် လုပ်ကိုင်ကြတယ်…
ကိုယ် ကြိုးစားရင် ကြိုးစား သလောက် ရကြတာပေါ့…
ဒါပေမဲ့ ငွေရှာဖို့ … ကိုယ်တိုင် အလုပ် လုပ်ကြရတယ်…
အလုပ်တစ်ခု အသေးစား စီးပွားရေးလုပ်ငန်းတစ်ခုမှာတွယ်ငြိ နစ်မြုပ်သွားတတ်တယ်…
ဝင်ငွေအနည်းငယ် ကောင်းပေမဲ့ ဒါကို တွယ်ငြိသွားတာနဲ့
ဒီထက်ပို မတတ်နိုင်တော့တော့ပဲ တန့်သွားတာမျိုး ဖြစ်သွားတတ်တယ်…..
***
E နဲ့ S တွေဟာ ငွေကြေးလွတ်လပ်မှု့ အချိန်လွတ်လပ်မှု့ တွေကို
ရရှိ ပိုင်ဆိုင်နိုင်ပါ့မလား…?
ရေရှည် ဘဝအတွက်ရော လုံခြုံစိတ်ချနိုင်ရပါ့မလား…?
( 3 ) စီးပွားရေး လုပ်ငန်းရှင်တစ်ယောက် အဖြစ် ( Business Owner )
သူကတော့ စနစ် တစ်ခုကို ပိုင်ဆိုင်တယ်…( System )
ပြီးတော့ သူ့ရဲ့ စနစ်ကို သူ့ အစားအလုပ်တွေ အများကြီးလုပ်ခိုင်းတယ်…
သူကတော့ သေချာ စောင့်ကြည့်ရင်း သူ့စနစ်ကို
ကောင်းသထက်ကောင်းအောင် ပြင်နေတယ်…
သူ့စနစ်ကပဲ သူ့ကို ငွေတွေ ရှာပေးနေတယ်လေ…
စနစ် တိုးတက် ကောင်းမွန်လာတာနဲ့ အမျှ
ဝင်ငွေတွေ တိုးလာ… အချိန်လွတ်လပ်မှူတွေ ပိုရလာတာပေါ့…
( 4 ) ရင်းနှီးမြှုပ်နှံ သူ တစ်ယောက် အဖြစ် ( Investor )
သူကတော့ အရမ်းရိုးရှင်းပါတယ် …
သူ့ငွေတွေကို လွှတ်ပြီး နောက်ထပ် ငွေတွေ ရှာခိုင်းနေတယ်လေ..- .
ဒီလို ရှာနိုင်လောက်အောင်လည်း သူ့မှာ ငွေ ကြေး အလျှံပယ်
အတွေ့အကြုံ နဲ့ ပညာတွေ ရှိနေပြီလေ….
ငွေကြေးလွတ်လပ်မှု့ , အချိန်လွတ်လပ်မှု့ ကို အဆုံးစွန် ပိုင်ဆိုင်နေပြီပေါ့…
ကဲ မိတ်ဆွေ သင် ဘယ်လို ဘဝမျိုးကို လိုချင်လဲ … ?
ယခု လက်ရှိ ဘယ်လို ဘဝ မျိုးမှာ ရောက်နေလဲ … ?
ပြောင်းလဲ ချင်ပြီလား …?
ဘယ်လို ပြောင်းလဲမယ် ဆိုတာ ကိုရော စဉ်းစားပြီးပြီလာ- … ?
မပြောင်းလဲနိုင်တော့ပါဘူး ဆိုပြီး ဆင်ခြေအမျိုးမျိုး နဲ့
ဘဝကို တကယ်ပဲ အရှုံးပေးချင်နေပြီလား … ?
ကျွန်တော်တို့က တော့ ကြိုးစားနေပါတယ် …
B နဲ့ I ကို ရောက်ဖို့ပေါ့ …
( လက်ရှိ ရှင်သန်နေထိုင်နိုင်ဖို့ E နဲ့ S ကို လုပ်ရင်း
B သမား တစ်ယောက်ဖြစ်အောင်
ကြိုးစား နိုင်ဖို့ … ကြိုးစားနေဖို့ ….
ကျွန်တော် ဝေမျှပေးတာပါ…. )
မိတ်ဆွေလည်း တကယ် ကြိုးစားချင်တယ် ဆိုရင်
ကျွန်တော်တို့နဲ့ လက်တွဲနိုင်ပါတယ်..- .
အတူတကွ ကြိုးစားကြတာပေါ့..-
Today's Technology မှကူးယူသည်
Subscribe to:
Post Comments (Atom)

No comments:
Post a Comment